သင့်အဖွဲ့ချက်(တ်)၏ အမှန်တကယ် ထင်မြင်ချက်နှင့် ခံစားချက်များအား သိမြင်ရန် ပိုမိုလွယ်ကူသောနည်းလမ်းဖြစ်သည်။
စစ်တမ်းတစ်ခု ဤသို့စတင်နိုင်သည်
- Signal တွင် စစ်တမ်းတစ်ခုဖန်တီးလိုလျှင် အဖွဲ့ ချက်(တ်)ကိုဖွင့်ပါ။
- ပူးတွဲပါအိုင်ကွန်ကို နှိပ်ပါ
သို့မဟုတ်
မီနူးမှ စစ်တမ်းကို ရွေးချယ်ပါ။
- သင့်မေးခွန်းကို ထည့်သွင်းပြီးနောက် အဖြေရွေးချယ်စရာ 10 ခုအထိ ဖန်တီးပါ။
- ရွေးချယ်စရာများကို သင်နှစ်သက်ရာ အစီအစဉ်အတိုင်း စီစဉ်ပါ။
- ဆန္ဒမဲများစွာ ပေးခွင့်ပြုမပြု ရွေးချယ်သတ်မှတ်ပါ။
- ချက်(တ်)တွင် စစ်တမ်းကိုစတင်ရန် ပို့ရန်ကို နှိပ်ပါ။
နောက်ထပ်အချက်အလက်များ
- စစ်တမ်းဖန်တီးသူအနေဖြင့် စစ်တမ်းအဆုံးသတ်ရန် ကို ကြာရှည်စွာနှိပ်ခြင်းဖြင့် ၎င်းကို အချိန်မရွေး အဆုံးသတ်နိုင်ပါသည်။
- ကျွန်ုပ်အတွက် ဖျက်ရန် သို့မဟုတ် လူတိုင်းအတွက် ဖျက်ရန်ကို သင်ရွေးချယ်နိုင်သည်။ သတိပြုရန်- "လူတိုင်းအတွက် ဖျက်မည်" ကို မက်ဆေ့ချ်ပို့ပြီးနောက် 24 နာရီအတွင်းသာ ပြုလုပ်နိုင်ပါသည်။
- စစ်တမ်းတစ်ခုကို ဖျက်လိုက်လျှင် ၎င်းအား အဆုံးသတ်ခွင့်မရှိတော့ပါ။
- စစ်တမ်းတစ်ခုပေးပို့ပြီးနောက် ပြင်ဆင်၍မရပါ။
ပြဿနာ ရှိနေပါသလား။ ဤ ပြဿနာဖြေရှင်းနည်း အဆင့်များအတိုင်း လုပ်ဆောင်ပါ။