Signal မက်ဆေ့ချ်များ၊ ပုံများ၊ ဖိုင်များနှင့် အခြားအကြောင်းအရာများကို သင်၏စက်ထဲတွင် သိမ်းဆည်းပါသည်။
- သင့်ထံတွင် သင့်စက်အဟောင်းရှိပါက မက်ဆေ့ချ်များလွှဲပြောင်းပေးရန် ပလက်ဖောင်းရွေးပါ-
-
သင့်အနေဖြင့် ဤသည်တို့ကို ပြုလုပ်ထားလျှင် မက်ဆေ့ချ်ပြန်လည်ရယူခြင်း သို့မဟုတ် အကောင့်လွှဲပြောင်းမှုများကို လက်ရှိတွင် ပံ့ပိုးပေးမထားပါ-
- စက်အဟောင်းမရှိခြင်း သို့မဟုတ် ဖုန်းပျောက်သွားခြင်း။
- ဖုန်းကို ရှင်းလင်းထားခြင်း။
- iPhone သို့မဟုတ် iPad တွင် Signal ကို ဖြုတ်ထားခြင်း။
- မက်ဆေ့ချ် သို့မဟုတ် ချက်(တ်) တစ်ခုကို မတော်တဆ ဖျက်လိုက်မိခြင်း။
- Android နှင့် iOS အကူးအပြောင်းလုပ်လိုက်ခြင်း။
- ဖုန်းနံပါတ်ပြောင်းထားခြင်း။
- ချိတ်ထားသော iPad သို့မဟုတ် Desktop တစ်လုံး ရှိခြင်း။
Android
သင်၏ စက်တွင်းရှိ Signal ဒေတာကို Android ဖုန်းအသစ်တစ်လုံးသို့ ရွှေ့ပြောင်းရန် ဘက်ခ်အပ်သိမ်းဆည်းမှုတစ်ခုကို အသုံးပြုပါ။
- သင့်တွင် Android ဖုန်းအသစ်တစ်လုံး မရှိဘဲ တူညီသောဖုန်းတွင်သာ Signal ကို ပြန်လည်ထည့်သွင်းထားခြင်းဖြစ်လျှင် ဤနေရာကို နှိပ်ပါ။
- သင့်တွင် Android ဖုန်းအသစ်တစ်လုံး ရှိလျှင် ဤနေရာကို နှိပ်ပါ။
ကျွန်ုပ်တွင် မိမိ၏ Android ဖုန်းအဟောင်း မရှိလျှင်၊ Android ဖုန်းကို စက်ရုံထုတ်ဆက်တင်များအတိုင်း ပြန်သတ်မှတ်လိုက်လျှင် သို့မဟုတ် ဖုန်းပျောက်သွားလျှင် မည်သို့ဖြစ်မည်နည်း။
သင်၏မက်ဆေ့ချ်မှတ်တမ်းကို ဝင်ရောက်ခွင့်မရှိပါက ဤသည်ကို သင် မလုပ်ဆောင်နိုင်ပါ။ Signal သည် သင့်မက်ဆေ့ချ်များ၏ မိတ္တူကို သိမ်းဆည်းမထားပါ။
- သင်၏စက်အသစ်တွင် Signal ကို ထည့်သွင်းပြီး ဖွင့်လိုက်ပါ၊ ဆက်လုပ်မည်ကို ရွေးချယ်ပြီး စာရင်းသွင်းခြင်းကို ပြီးအောင်လုပ်ပါ။
- အကောင့်လွှဲပြောင်းမှု သို့မဟုတ် ပြန်လည်ရယူမှု ရွေးချယ်စရာကို ရွေးထားပါက နောက်သို့ပြန်သွား သို့မဟုတ် ပွတ်ဆွဲပြီးပိတ်ကာ Signal ကို ပြန်ဖွင့်ပြီး ဆက်လုပ်မည်ကို ရွေးချယ်ပါ။
မည်သည့်စက်များမှ ဒေတာကို လွှဲပြောင်းနိုင်သနည်း။
- Android ဖုန်း → Android ဖုန်း
မည်သည့်မက်ဆေ့ချ်များကို လွှဲပြောင်းမည်မဟုတ်သနည်း။
- တစ်ရက် သို့မဟုတ် ထိုထက်နည်းသော အချိန်အတွင်း ပျောက်ဆုံးသွားစေရန် တိုင်မာပေးထားသော မက်ဆေ့ချ်များကို လွှဲပြောင်းပေးမည်မဟုတ်ပါ။
သတ်မှတ်ချက်များ
- စက်နှစ်လုံးစလုံးတွင် ဤသည်တို့ပြုလုပ်ထားကြောင်း သေချာပါစေ
- Signal Android v7.0 နှင့်အထက် နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ထားသည်
- ဝိုင်ဖိုင် ဖွင့်ထားသည်
- ဘလူးတုသ် ဖွင့်ထားသည်
- သင်၏စက်အသစ်သည်
- စာရင်းသွင်းခြင်းကို ပြီးစီးအောင်လုပ်ရန် SMS သို့မဟုတ် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံနိုင်သည်။
- သင်၏ နဂိုမူလ Signal မက်ဆေ့ချ်မှတ်တမ်း ပါရှိသည့် ဖုန်းအဟောင်းနှင့် နီးကပ်စွာထားရှိသည်။
- သင်၏စက်အဟောင်းသည်
- Signal ကို ဖွင့်နိုင်ပြီး သင်၏မက်ဆေ့ချ်မှတ်တမ်းကို ကြည့်ရှုနိုင်သည်။
- ဖုန်းအသစ်နှင့် နီးကပ်စွာထားရှိသည်။
မက်ဆေ့ချ်များရွှေ့ပြောင်းရန် အဆင့်များ
- သင်၏စက်အသစ်တွင် Signal ကို ထည့်သွင်းပြီး ဖွင့်ပါ။
- အကောင့် လွှဲပြောင်းမည် သို့မဟုတ် ပြန်လည်ရယူမည်ကို နှိပ်ပါ။
- မက်ဆေ့ချ်များကို မည်သည့်နည်းဖြင့် ရွှေ့ပြောင်းလိုကြောင်း ရွေးချယ်ပါ။
- သင်၏ဖုန်းအဟောင်း ရှိနေလျှင် Android စက်မှ လွှဲပြောင်းခြင်းကို ရွေးပါ။ ထို့နောက် ဤနေရာရှိ အဆင့်များကို လိုက်နာပါ။
- သင့်စက်အဟောင်း မရှိဘူးလား။ ဘက်ခ်အပ်သိမ်းဆည်းမှုတစ်ခုကို ယခင်ကပြုလုပ်ထားလျှင် ဘက်ခ်အပ်သိမ်းဆည်းမှုမှ ပြန်လည်ရယူခြင်းကို ရွေးပါ။ ထို့နောက် ဤနေရာရှိ အဆင့်များကို လိုက်နာပါ။
- သင်၏ဖုန်းအဟောင်း ရှိနေလျှင် Android စက်မှ လွှဲပြောင်းခြင်းကို ရွေးပါ။ ထို့နောက် ဤနေရာရှိ အဆင့်များကို လိုက်နာပါ။
Android စက်တစ်လုံးမှ မည်သို့လွှဲပြောင်းရမည်နည်း။
- ဖုန်းအသစ်တွင် Signal ကို ထည့်သွင်းပါ > အကောင့် လွှဲပြောင်းမည် သို့မဟုတ် ပြန်လည်ရယူမည် ကို ရွေးပါ > ခွင့်ပြုချက်များကို ဖွင့်ပါ > Android စက်မှ လွှဲပြောင်းမည် ကို ရွေးပါ > ဆက်လုပ်ပါ။
- ဖုန်းအဟောင်းတွင် Signal ဆက်တင်
သို့သွားပါ > အကောင့် > အကောင့်လွှဲပြောင်းခြင်း > ဆက်လုပ်ပါ။
- ဖုန်းအသစ်ကို ဖုန်းအဟောင်းအနီးသို့ ရွှေ့ထားပြီး ဖုန်းအသစ်တွင် သတိပေးချက်ကို လက်ခံပါ။
- ဖုန်းနှစ်လုံးတွင် ဂဏန်း 7 လုံးပါကုဒ်နံပါတ်ချင်း တူညီကြောင်း အတည်ပြုပြီး ဖုန်းတစ်လုံးစီတွင် ဆက်လုပ်မည်ကို ရွေးပါ။
- ဖုန်းအသစ်တွင် ဆက်လက်၍စာရင်းသွင်းမည်ကို နှိပ်ပြီး စက်ကို စာရင်းသွင်းပါ။
- ဖုန်းအဟောင်းတွင် အပြီးသတ်ရန် ပြီးပြီကို နှိပ်ပါ။
- ဖုန်းအဟောင်းတွင် ပုံမှန်အားဖြင့် Android ဖုန်းဆက်တင် > Signal > ဖြုတ်မည်မှတစ်ဆင့် သို့မဟုတ် သင့်ဖုန်းအတွက် သီးခြားအဆင့်များမှတစ်ဆင့် Signal ကို ဖြုတ်ပါ။
အခက်အခဲ ရှိနေဆဲလား။
- ဝိုင်ဖိုင်တိုက်ရိုက်ချိတ်ဆက်မှုများကို အနှောင့်အယှက်ပေးသည့် VPN သို့မဟုတ် ဝိုင်ဖိုင် ဟော့စပေါ့ကို ပိတ်ပါ။
- Signal အတွက် ခွင့်ပြုချက်များ ဖွင့်ပေးပါ-
Android ဖုန်းဆက်တင် > အက်ပ်များ သို့မဟုတ် အက်ပ်များနှင့် အသိပေးချက်များ > Signal > အက်ပ် ခွင့်ပြုချက်များ သို့မဟုတ် ခွင့်ပြုချက်များ > ခွင့်ပြုချက်အားလုံးကို ဖွင့်ပါ။ - ဖုန်းနှစ်ခုလုံးကို ပြန်လည်စတင်ပါ။
ဘက်ခ်အပ်ဖိုင်တစ်ဖိုင်မှ မည်သို့ပြန်လည်ရယူရမည်နည်း။
- ဖုန်းအဟောင်းတွင် သင်၏ Signal မက်ဆေ့ချ်မှတ်တမ်းရှိသော ဖုန်းရှိ Signal အတွင်း၌ ဘက်ခ်အပ်သိမ်းဆည်းမှုတစ်ခုကို ဖွင့်ပါ။
- ဂဏန်း အလုံး 30 ပါ စကားဝှက်ကို မှတ်တမ်းတင်ပါ။
-
ဘက်ခ်အပ်ဖိုင် ပါရှိသည့်
Signal
ဖိုင်တွဲကို ကိုယ်တိုင် ရွှေ့ပြောင်းပါ။- ဖုန်းအတူတူပဲလား။ ဤဖုန်းကို ပြန်လည်မသတ်မှတ်မီ ဘက်ခ်အပ်သိမ်းဆည်းမှုကို ကွန်ပျူတာတစ်လုံးထဲသို့ ကိုယ်တိုင်ရွှေ့ပြောင်းထားပါ။
- ဖုန်းအသစ်လား။ သင့်ဖုန်းအဟောင်းမှ ဘက်ခ်အပ်ဖိုင်ကို သင့်ဖုန်းအသစ်သို့ ကိုယ်တိုင်ရွှေ့ပြောင်းပါ။
- ဖုန်းအသစ်တွင် Signal ကို ထည့်သွင်းကာ အကောင့်ကို လွှဲပြောင်းမည် သို့မဟုတ် ပြန်လည်ရယူမည် ကို ရွေးချယ်ပြီး ဘက်ခ်အပ်သိမ်းဆည်းမှုမှ ပြန်လည်ရယူမည် ကို ရွေးပါ၊ ထို့နောက် သင့်ဖုန်းနံပါတ်ကို စာရင်းသွင်းရန် မပေးပို့မီ ဂဏန်း အလုံး 30 ပါ စကားဝှက်ကို ရိုက်ထည့်ပြီး ပြန်လည်ရယူပါ။
ဘက်ခ်အပ်သိမ်းဆည်းမှုတစ်ခုကို မည်သို့ဖွင့်ရမည်နည်း။
-
Signal ဆက်တင်
> ချက်(တ်) > ချက်(တ်) ဘက်ခ်အပ်သိမ်းဆည်းမှုများ > ဖွင့်မည်သို့ ဝင်ရောက်ရန် ပရိုဖိုင် အိုင်ကွန်ကို နှိပ်ပါ။
- Android OS ဗားရှင်း 9 နှင့် အရှေ့ပိုင်းဗားရှင်းများအတွက် အဆင့် 3 သို့သွားပါ။
Android OS ဗားရှင်း 10 နှင့် နောက်ပိုင်းအတွက် ဖိုင်တွဲရွေးချယ်မှု ကို ရွေးပြီး ဘက်ခ်အပ်ဖိုင်ကို သိမ်းဆည်းမည့်နေရာ ရွေးချယ်ပါ။ - ဂဏန်း အလုံး 30 ပါ စကားဝှက်ကို ဘယ်မှ ညာ၊ အပေါ်မှ အောက် ကူးယူပါ။ ဘက်ခ်အပ်သိမ်းဆည်းမှုတစ်ခုကို ပြန်လည်ရယူရန် ဤစကားဝှက်ကို သင် လိုအပ်ပါမည်။ ၎င်းကို လုံခြုံစိတ်ချရသော နေရာတစ်နေရာတွင် သိမ်းထားပါ။
- စကားဝှက်ကို သင် ချရေးထားပြီးဖြစ်ကြောင်း အတည်ပြုပါ။
- ဘက်ခ်အပ်သိမ်းဆည်းမှုများကို ဖွင့်မည်ကို ရွေးချယ်ပါ။
- ဘက်ခ်အပ်သိမ်းဆည်းမှု ဖန်တီးမည်ကို နှိပ်ပါ။ နောက်ဆုံးဘက်ခ်အပ် ပြုလုပ်ချိန်ကို စစ်ဆေးခြင်းဖြင့် ဘက်ခ်အပ်တစ်ခု အောင်မြင်စွာပြီးစီးခဲ့ခြင်းရှိမရှိ စိစစ်နိုင်သည်။
- Signal သည် ဘက်ခ်အပ် ဖိုင်တွဲ ခေါင်းစဉ်အောက်တွင် ဘက်ခ်အပ်အား ရှာဖွေနိုင်သည့်နေရာကို ပြသထားသည်။ ထိုဖိုင်တွဲသို့ သွားပါ။
- ဘက်ခ်အပ်ကို သင့်ဖုန်းမဟုတ်သော စက်တစ်လုံးသို့ ရွှေ့ပါ သို့မဟုတ် ထိုစက်တွင် မိတ္တူတစ်ခု သိမ်းထားပါ။
- အသုံးများသော နည်းတစ်နည်းမှာ ကေဘယ်ကြိုးတစ်ချောင်းသုံးလျက် သင့်ဖုန်းကို သင့်ကွန်ပျူတာတွင် ပလပ်တပ်ခြင်းဖြစ်သည်။ အချို့ဖုန်းများသည် ဒေတာလွှဲပြောင်းရန်အတွက် ဖုန်းနှင့်အတူပါသော ကေဘယ်ကြိုးကို အသုံးပြုရန်လိုသည်။
မက်ဆေ့ချ်များ ပြန်လည်ရယူရန်အတွက် လုပ်ရမည့်အဆင့်များဆီသို့ ပြန်တက်ရန် ဤနေရာကို နှိပ်ပါ။
ကျွန်ုပ်၏ နောက်ဆုံးဘက်ခ်အပ်တွင် "လုံးဝမလုပ်ခဲ့ပါ" ဟု ပြနေပါက မည်သို့ဖြစ်မည်နည်း။
- ဘက်ခ်အပ် ဖန်တီးမည်ကို နှိပ်ပါ။
- Signal အတွက် ခွင့်ပြုချက်များ ဖွင့်ပေးပါ-
Android ဖုန်းဆက်တင် > အက်ပ်များ သို့မဟုတ် အက်ပ်များနှင့် အသိပေးချက်များ > Signal > အက်ပ် ခွင့်ပြုချက်များ သို့မဟုတ် ခွင့်ပြုချက်များ > ခွင့်ပြုချက်အားလုံးကို ဖွင့်ပါ။ - သင်၏ဖုန်းတွင် နေရာလွတ်ထွက်လာအောင် ရှင်းထုတ်ပါ။
- ဘက်ခ်အပ်သိမ်းဆည်းမှုကို စက်တွင်း မမ်မိုရီတွင် သိမ်းနိုင်စေရန်အတွက် သင်၏ ပြင်ပ SD ကတ်ကို ယာယီ ဖြုတ်ပါ သို့မဟုတ် ပိတ်ထားပါ။
ဘက်ခ်အပ်ဖိုင်ကို မည်သည့်နေရာတွင် ရှာတွေ့နိုင်သနည်း။
- သင်၏ ဘက်ခ်အပ် ဖိုင်တွဲကို Signal ဆက်တင်
> ချက်(တ်) > ချက်(တ်) ဘက်ခ်အပ်များ > ဘက်ခ်အပ် ဖိုင်တွဲအောက်တွင် ဖော်ပြထားပါသည်။ ဖိုင်တွဲသို့ သွားရန် ဖိုင်များ အက်ပ်ကို သုံးပါ သို့မဟုတ် သင့်ဖုန်းကို ကွန်ပျူတာတစ်လုံးတွင် ပလပ်ထိုးလိုက်ပါ။
- Signal ဗားရှင်းအဟောင်းများအတွက် ဘက်ခ်အပ်ဖိုင်ဖြစ်သော
signal-year-month-date-time.backup
ကို/Internal Storage/Signal/Backups
သို့မဟုတ်/sdcard/Signal/Backups
တွင် တွေ့နိုင်ပါသည်
ဘက်ခ်အပ်ဖိုင်ကို မည်သည့်နေရာသို့ ရွှေ့ပြောင်းရမည်နည်း။
ဘက်ခ်အပ်ဖိုင်ဖြစ်သော signal-year-month-date-time.backup
ကို သင့်ဖုန်းမဟုတ်သော စက်တစ်လုံးသို့ ရွှေ့ပြောင်းပါ။
- အသုံးများသော နည်းတစ်နည်းမှာ ကေဘယ်ကြိုးတစ်ချောင်းသုံးလျက် သင့်ဖုန်းကို သင့်ကွန်ပျူတာတွင် ပလပ်တပ်ခြင်းဖြစ်သည်။ အချို့ဖုန်းများသည် ဒေတာလွှဲပြောင်းရန်အတွက် ဖုန်းနှင့်အတူပါသော ကေဘယ်ကြိုးကို အသုံးပြုရန်လိုသည်။
- လတ်တလောထွက်ရှိသော ဖုန်းများတွင် Android ဖုန်းဆက်တင် > သိုလှောင်မှုထဲ၌ ဆောင်ရွက်ရန်အဆင့်များ ပေးထားသည်။
- ဖိုင်လွှဲပြောင်းမှု (MTP) စနစ်သို့ ပြောင်းရန်အတွက် သင့်ဖုန်းတွင်ပေါ်လာသည့် အသိပေးချက်ကို တုံ့ပြန်ရန် လိုအပ်နိုင်သည်။
ဖုန်းအသစ် သို့မဟုတ် ပြန်လည်သတ်မှတ်ထားသော ဖုန်းတစ်လုံးတွင် မည်သည်ကိုလုပ်ဆောင်ရမည်နည်း။
- ဘက်ခ်အပ်ဖိုင်ပါရှိသော
Signal
ဖိုင်တွဲကို သင့်ဖုန်းသို့ ကိုယ်တိုင်ရွှေ့ပြောင်းပါ။ Signal ဗားရှင်းအဟောင်းများအတွက် ထိပ်ဆုံးအဆင့်သို့ ရွှေ့ပြောင်းပါ သို့မဟုတ် သင်၏ပြန်လည်ရယူထားသော ဖုန်း (သို့) ဖုန်းအသစ်ရှိ/Internal Storage/
သို့ ရွှေ့ပြောင်းပါ။- အသုံးများသော နည်းတစ်နည်းမှာ ကေဘယ်ကြိုးတစ်ချောင်းသုံးလျက် သင့်ဖုန်းကို သင့်ကွန်ပျူတာတွင် ပလပ်တပ်ခြင်းဖြစ်သည်။ အချို့ဖုန်းများသည် ဒေတာလွှဲပြောင်းရန်အတွက် ဖုန်းနှင့်အတူပါသော ကေဘယ်ကြိုးကို အသုံးပြုရန်လိုသည်။
- လတ်တလောထွက်ရှိသော ဖုန်းများတွင် Android ဖုန်းဆက်တင် > သိုလှောင်မှုထဲ၌ ဆောင်ရွက်ရန်အဆင့်များ ပေးထားသည်။
- ဖိုင်လွှဲပြောင်းမှု (MTP) စနစ်သို့ ပြောင်းရန်အတွက် သင့်ဖုန်းတွင်ပေါ်လာသည့် အသိပေးချက်ကို တုံ့ပြန်ရန် လိုအပ်နိုင်သည်။
- Signal ကို ထည့်သွင်းပါ။
- ဘက်ခ်အပ်မှ ပြန်လည်ရယူမည်ကို ရွေးပါ။ ၎င်းကို မရရှိနိုင်ပါက ဆက်လုပ်မည်ကို ရွေးပါ။
- အဆင့် 3 တွင် ဆက်လုပ်မည် ကို သင်ရွေးချယ်ခဲ့ပါက
- ခွင့်ပြုချက်များကို လက်ခံပါ။
- Signal သည် သင်၏စက်တွင်းရှိ ဘက်ခ်အပ်ကို အလိုအလျောက်သိရှိပြီး စာရင်းမသွင်းမီ ပြန်လည်ရယူရန် သင့်ကို မေးမြန်းပါမည်။ မဟုတ်ပါက အောက်ပါအဆင့်များကို လုပ်ကြည့်ပါ။
- ဘက်ခ်အပ်မှ ပြန်လည်ရယူမည်ကို ရွေးပါ။
- အဆင့် 3 တွင် ဘက်ခ်အပ်မှ ပြန်လည်ရယူမည်ကို ရွေးခဲ့ပါက ဘက်ခ်အပ် ဖိုင်တွဲနှင့် ဖိုင်ကို ရွေးချယ်ပါ။
- ဂဏန်း အလုံး 30 ပါ စကားဝှက်ကို ရိုက်ထည့်ပါ။
မက်ဆေ့ချ်များ ပြန်လည်ရယူရန်အတွက် လုပ်ရမည့်အဆင့်များဆီသို့ ပြန်တက်ရန် ဤနေရာကို နှိပ်ပါ။
ဂဏန်း အလုံး 30 ပါ စကားဝှက်ကို မေ့လျော့သွားပြီး ဖုန်းအသစ်တွင် မက်ဆေ့ချ်များပြန်လည်ရယူရန် လိုအပ်ပါက မည်သို့လုပ်ရမည်နည်း။
စကားဝှက်မရှိဘဲ ဘက်ခ်အပ်မှ ပြန်လည်ရယူနိုင်မည် မဟုတ်ပါ။ ဂဏန်း အလုံး 30 ပါ စကားဝှက်ကို ပုံတူကူး၍မရသည့် သော့တစ်ချောင်းသဖွယ် ယူဆပါ။ စကားဝှက်အသစ်တစ်လုံး ဖန်တီးရန် ဘက်ခ်အပ်အသစ် ပြုလုပ်နိုင်သည်။
Signal ဆက်တင် > ချက်(တ်)များ > ချက်(တ်) ဘက်ခ်အပ်များ သို့သွားပါ။
- ချက်(တ်) ဘက်ခ်အပ်များကို ပိတ်ပြီး သင့်ဖုန်းရှိ ယခင်ဘက်ခ်အပ်အားလုံးကို ဖျက်ရန် ပိတ်မည် ကို နှိပ်ပါ။
- စကားဝှက်အသစ်တစ်လုံးဖြင့် ဘက်ခ်အပ်အသစ် ပြုလုပ်ရန် ဖွင့်မည် ကို နှိပ်ပါ။
ကျွန်ုပ် နောက်ထပ်အကူအညီများ လိုအပ်ပါသည်။
- ဘက်ခ်အပ်ဖိုင်ကို ဖုန်းအသစ် သို့မဟုတ် ပြန်လည်သတ်မှတ်ထားသော ဖုန်းထဲသို့ ရွှေ့ပြောင်းထားကြောင်း သေချာပါစေ။
- အချို့စက်များတွင် ဘက်ခ်အပ်ဖိုင်ကို တွေ့မြင်ရရန်အတွက် ပါဝါပိတ်ပြီး ပြန်ဖွင့်ရန် လိုအပ်နိုင်သည်။
- ဘက်ခ်အပ်ဖိုင်ကို တွေ့မြင်ရကြောင်း သေချာပါစေ။ သတိပေးချက်တစ်ရပ်အဖြစ် ပြောရလျှင် ဘက်ခ်အပ်ဖိုင်အမည်များမှာ ယခုပုံစံအတိုင်းဖြစ်သည်-
signal-year-month-date-time.backup
- Signal အတွက် ခွင့်ပြုချက်အားလုံးကို ဖွင့်ပေးပါ။
- သင်၏စက်သိုလှောင်မှုအတွင်းမှ ဘက်ခ်အပ်ဖိုင်များကို ရှာဖွေရန် မီဒီယာခွင့်ပြုချက်ကို လိုအပ်သည်။
- သင်၏ ဘက်ခ်အပ်ဖိုင်သည် ဖုန်းအသစ်တွင် မှန်ကန်သောနေရာ၌ ရှိနေကြောင်း သေချာအောင်လုပ်ရန် အခြားနည်းတစ်နည်းမှာ ယခုအတိုင်းဖြစ်သည်။
- ဖုန်းအသစ်တွင် ဘက်ခ်အပ် မရှိဘဲ Signal ကို စာရင်းသွင်းပါ (ဖုန်းအဟောင်းမှာ အော့ဖ်လိုင်းဖြစ်သွားပါမည်)။
- သင်၏ဖုန်းအသစ်တွင် ဘက်ခ်အပ်တစ်ခုကို ဖွင့်ပါ။
- ဖုန်းအသစ်တွင် ဘက်ခ်အပ်အသစ်ကို ရှာဖွေပြီး မည်သည့်နေရာတွင်ရှိကြောင်း ရေးမှတ်ထားပါ။ ဤဘက်ခ်အပ်ကို သင် ယခုလေးတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖိုင်အမည်ကိုကြည့်လျက် အတည်ပြုပါ။
- ဖုန်းအသစ်တွင် Signal ကို ဖြုတ်ပါ။
- သင်၏ ဘက်ခ်အပ်အဟောင်းကို ဂရုတစိုက်ရှာဖွေပါ။ ဖိုင်အမည်ရှိ ရက်စွဲနှင့် အချိန်ကို ကြည့်ပါ။
- ဘက်ခ်အပ်အဟောင်းကို အဆင့် 3 တွင် သင်တွေ့ရှိခဲ့သည့် ဖိုင်တွဲထဲသို့ ရွှေ့ပါ။
- Signal ကို ထည့်သွင်းပါ။
မက်ဆေ့ချ်များ ပြန်လည်ရယူရန်အတွက် လုပ်ရမည့်အဆင့်များဆီသို့ ပြန်တက်ရန် ဤနေရာကို နှိပ်ပါ။
iOS
သင်၏လက်ရှိစက်မှ အချက်အလက်များကို အသုံးပြုလျက် Signal ကို စက်အသစ်တွင် စီစဉ်သတ်မှတ်နိုင်သည်။
- စက်ရုံထုတ်ဆက်တင်များကို ပြန်လည်ရယူခဲ့လျှင်၊ သုံး၍ရသော ကင်မရာ မရှိလျှင် သို့မဟုတ် iPhone အဟောင်း သင့်ထံတွင်မရှိလျှင် ဤနေရာကို နှိပ်ပါ။
- သင့်ထံတွင် ချိတ်ထားသော iPad ရှိသော်လည်း iPhone အဟောင်းမရှိလျှင် ဤနေရာကို နှိပ်ပါ။
- ထပ်ဆောင်းအကူအညီသို့ ကျော်သွားရန် ဤနေရာကို နှိပ်ပါ။
- သင့်ထံတွင် iPhone တစ်လုံးရှိပြီး iPad အသစ်တစ်လုံးကို စီစဉ်သတ်မှတ်နေခြင်းဖြစ်လျှင် ဤနေရာကို နှိပ်ပါ။
မည်သည့်စက်များမှ အကောင့်ကို လွှဲပြောင်းနိုင်သနည်း။
- iPhone → iPhone
- iPhone → သီးခြားစက်တစ်လုံးအဖြစ် iPad
- iPad → iPad
- သီးခြားစက်တစ်လုံးအဖြစ် iPad → iPhone
- မည်သည်တို့ကို ပံ့ပိုးမထားကြောင်း ကြည့်ရန် ဤနေရာကို နှိပ်ပါ။
လွှဲပြောင်းမှုတစ်ခုတွင် မည်သည်တို့ဖြစ်ပေါ်သနည်း။
- စက်အသစ်တွင် အကောင့်အချက်အလက်နှင့် မက်ဆေ့ချ်မှတ်တမ်းအားလုံးရှိသည်။
- စက်အဟောင်းတွင် အကောင့်အချက်အလက်နှင့် မက်ဆေ့ချ်မှတ်တမ်းအားလုံးကို ဖျက်လိုက်သည်။
- မက်ဆေ့ချ်မှတ်တမ်းကို အခြားစက်သို့ ကူးယူခြင်းမပြုပါ။ ၎င်းကို ရွှေ့ပြောင်းလိုက်သည်။
သတ်မှတ်ချက်များ
- စက်နှစ်လုံးစလုံးတွင် ဤသည်တို့ပြုလုပ်ထားကြောင်း သေချာပါစေ
- Signal v7.0 နှင့်အထက် နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ထားသည်
- iOS 15 နှင့် အထက်
- iOS 15 နှင့် အထက် အတွက် ဒေသတွင်းကွန်ရက် သုံးခွင့်ကို
iOS ဆက်တင် > Signal ထဲတွင် ဖွင့်ပါ
- ဝိုင်ဖိုင် ဖွင့်ထားသည်
- ဘလူးတုသ် ဖွင့်ထားသည်
-
iOS ဆက်တင် > ဘက်ထရီထဲတွင် ပါဝါအားနည်း စနစ်ကို ပိတ်ထားသည်
- သင်၏စက်အသစ်သည်
- စက်အဟောင်းနှင့် နီးကပ်စွာ ထားရှိသည်။
- iPhone၊ iPod touch သို့မဟုတ် ချိတ်မထားသော iPad ဖြစ်လျှင် စာရင်းသွင်းခြင်းကို ပြီးအောင်လုပ်ရန်လိုသည်။
- စက်အဟောင်းနှင့် တူညီသောနံပါတ်ဖြင့် စာရင်းသွင်း၍ရသည်။
- သင်၏စက်အဟောင်းသည်
- သုံး၍ရသော ကင်မရာလိုအပ်သည်။
- လွှဲပြောင်းမှုပြီးစီးသောအခါ သင်၏မက်ဆေ့ချ်မှတ်တမ်းကို ဖျက်လိုက်မည်။
ကျွန်ုပ်၏အကောင့်နှင့် မက်ဆေ့ချ်များကို iPhone၊ iPad သို့မဟုတ် iPod touch အသစ်တစ်လုံးသို့ မည်သို့လွှဲပြောင်းရမည်နည်း။
စက်တစ်ခုခုကို မိနစ်အနည်းငယ်အတွင်း အသုံးပြုရန်မရှိသည့် အချိန်တစ်ချိန်ကို ရွေးချယ်ပါ။
- စက်အသစ်တွင် Signal ကို ထည့်သွင်းပြီး ဖွင့်ပါ၊ တိုက်တွန်းလာပါက စာရင်းသွင်းခြင်းကို အပြီးသတ်ပါ။
-
iOS စက်မှ လွှဲပြောင်းမည် ကို ရွေးပြီးနောက် QR ကုဒ်ကို ကြည့်ရန် နောက်သို့ (ချိတ်ထားသော iPad သာ) ကို ရွေးပါ။
-
သင်၏စက်အဟောင်းတွင် နောက်သို့ ကို ရွေးချယ်ပြီး အဆင့် 2 မှ QR ကုဒ်ကို စကန်ဖတ်ရန် စက်ကို နေရာရွှေ့ပါ။
- လွှဲပြောင်းပြီးသွားသောအခါ
- စက်အသစ်မှ မက်ဆေ့ချ်တစ်စောင် ပေးပို့ပါ။
- သင်၏မက်ဆေ့ချ်မှတ်တမ်းကို စက်အဟောင်းမှ ဖျက်လိုက်သည်။
ကျွန်ုပ်၏မက်ဆေ့ချ်မှတ်တမ်းကို ပေါင်းစည်း၍ရပါသလား။
မရပါ။ သင်၏စက်အဟောင်းသည် သတ်သတ်စက်တစ်လုံး ဖြစ်သွားသည်။ ထိုစက်တွင် ပိတ်လိုက်ပါမည်။
ဘက်ခ်အပ်သိမ်းဆည်းမှုတစ်ခုကို မည်သို့ဖွင့်ရမည်နည်း။ iCloud ဘက်ခ်အပ်ကို သုံးနိုင်ပါသလား။
- သင် လက်ရှိသုံးနေသော Signal စက်ပြင်ပတွင် မက်ဆေ့ချ်များသိမ်းဆည်းမှုကို မပံ့ပိုးပေးပါ။
- မက်ဆေ့ချ်များကို စက်အတွင်း၌သာ သိမ်းဆည်းပါသည်။
- iTunes သို့မဟုတ် iCloud ဘက်ခ်အပ်တွင် သင်၏ Signal မက်ဆေ့ချ်မှတ်တမ်းတစ်စုံတစ်ရာ မပါဝင်ပါ။
၎င်းသည် ကျွန်ုပ်၏ Signal PIN ကို အသုံးပြုပါသလား။
ဤရွှေ့ပြောင်းမှုသည် စာရင်းသွင်းခြင်း၊ သင်၏ Signal PIN တို့နှင့် မပတ်သက်သော်လည်း မရွှေ့ပြောင်းမီ နှစ်ခုစလုံးကို အပြီးသတ်ရန် လိုအပ်ပါမည်။
ကျွန်ုပ် နောက်ထပ်အကူအညီများ လိုအပ်ပါသည်။
ဘာပြဿနာလဲ။ |
ဖြေရှင်းရန်အဆင့်များ |
စာရင်းသွင်းမှုအကြိမ်ရေ အလွန်များပြားခြင်း။ |
တစ်နာရီစောင့်ပြီး ထပ်မံစာရင်းသွင်းရန် ကြိုးစားပါ။ |
ဒေသတွင်းကွန်ယက်ခွင့်ပြုချက် ပျောက်ဆုံးနေခြင်း။ |
စက်တစ်လုံးချင်းစီတွင်
|
အကောင့်လွှဲပြောင်းမှု ရွေးချယ်စရာ မပေါ်လာခြင်း သို့မဟုတ် ရပ်နေခြင်း။ |
ဖုန်းအသစ်တွင်
|
QR ကုဒ်ကို စကန် ဖတ်၍ မရခြင်း။ |
|
QR ကုဒ်ကို စကန်ဖတ်ပြီးနောက် စက်မှားနေသည်ဟူသော သတိပေးချက် ပေါ်နေခြင်း။ |
ချိတ်ထားသော iPad မှ သင့်ဖုန်းသို့ ရွှေ့ပြောင်း၍မရပါ။
|
စက်ကို ချိတ်ခြင်းနှင့်ပတ်သက်၍ အချက်အလက်များပေါ်နေခြင်း။
|
ဤသည်မှာ အကောင့်လွှဲပြောင်းမှု ရွေးချယ်စရာ မဟုတ်ပါ။
|
ဖုန်းအဟောင်းတွင် QR ကုဒ်ကို စကန်ဖတ်လိုက်ပြီး ချိတ်ဆက်နေဆဲ...တွင် ရပ်နေခြင်း |
|
လွှဲပြောင်းမှုကို အပြီးသတ်နိုင်ခြင်းမရှိပါဟူသော သတိပေးချက် ပေါ်လာခြင်း။ |
|
လွှဲပြောင်းမှုကို ဖုန်းအဟောင်းမှ ရွှေ့လိုက်ပြီး သင့်ကို ထပ်မံစာရင်းသွင်းရန် တောင်းဆိုနေခြင်း။ |
|
Signal iPad သို့မဟုတ် Signal Desktop မှ ကျွန်ုပ်၏ဖုန်းသို့ ရွှေ့ပြောင်း၍ရပါသလား။ ချိတ်ထားသော iPad သို့မဟုတ် Desktop ပေါ်တွင် မက်ဆေ့ချ်များကို မြင်တွေ့နေရသေးသည်။
မရပါ။ ချိတ်ထားသည့် စက်များသည် သင့်ဖုန်းနှင့် တူညီသောအကောင့်အချက်အလက် မရှိပါ။ ဖုန်းအသစ်တွင် ဆက်လုပ်ရန် လွှဲပြောင်းခြင်းမပြုဘဲ စာရင်းသွင်းမည် ရွေးချယ်စရာကို ရွေးပါ။
ကျွန်ုပ်၏စက်အဟောင်း မရှိလျှင်၊ ဖုန်းကို စက်ရုံထုတ်ဆက်တင်များအတိုင်း ပြန်သတ်မှတ်လိုက်လျှင် သို့မဟုတ် ဖုန်းပျောက်သွားလျှင် ဘာလုပ်ရမည်နည်း။
မက်ဆေ့ချ်များကို သင့်စက်များထဲတွင်သာ သိမ်းဆည်းထားသည်။ သင့်အတွက် ဝင်သုံးနိုင်သော နဂိုမူလ မက်ဆေ့ချ်မှတ်တမ်းမရှိဘဲ အကောင့်လွှဲပြောင်းမှုကို မပံ့ပိုးပေးပါ။
- စက်အသစ်တွင် Signal ကို ထည့်သွင်းပြီး ဖွင့်ပါ၊ တိုက်တွန်းလာပါက စာရင်းသွင်းခြင်းကို အပြီးသတ်ပါ။
-
လွှဲပြောင်းခြင်းမပြုဘဲ စာရင်းသွင်းမှု သို့မဟုတ် စက်အသစ်အဖြစ် ထည့်သွင်းမှု (iPad သာ) ရွေးချယ်စရာကို ရွေးပါ။
- iPhone များ
- iPod touch
- သီးခြားစက်တစ်လုံးအဖြစ် iPad ကို အသုံးပြုခြင်း
Desktop
မည်သည့်စက်များမှ ဒေတာကို လွှဲပြောင်းနိုင်သနည်း။
- Signal Desktop သည် မည်သည့်စက်မှမဆို မက်ဆေ့ချ်မှတ်တမ်းကို အပြန်အလှန်လွှဲပြောင်းရန် မပံ့ပိုးပေးပါ။
- macOS အတွက် Migration Assistant နှင့် Time Machine တို့ကို မပံ့ပိုးပေးပါ။
ကွန်ပျူတာ OS တစ်ခုမှ အခြားတစ်ခုသို့ လွှဲပြောင်းလိုက်ပါက ပြဿနာများကို မည်သို့ဖြေရှင်းရမည်နည်း။
ဖိုင်တွဲများကို ကိုယ်တိုင်လွှဲပြောင်းခြင်းအား ပံ့ပိုးမထားဘဲ ချို့ယွင်းချက်များ ဖြစ်စေနိုင်သည်။ Signal သည် stateful ပရိုတိုကောလ်တစ်ခုကို အသုံးပြုသည်၊ ဆိုလိုသည်မှာ ဖိုင်များကို အခြား Signal တစ်ခုသို့ ရိုးရိုးကူးယူခြင်း သို့မဟုတ် Signal ကို ချိတ်ပြီး အသုံးပြုပြီးနောက်တွင် ဖိုင်များ ကူးယူခြင်း ပြုလုပ်၍မရပါ။
ချက်(တ်)ဆက်ရှင်ကို ပြန်ဖွင့်လိုက်သည် ၊ [contact] ထံမှ မက်ဆေ့ချ်ကို ပေးပို့နိုင်ခြင်း မရှိပါ သို့မဟုတ် လက်ခံရရှိသော မက်ဆေ့ချ်ကို ချိန်ကိုက်ထားခြင်း မရှိပါ ဟူသော ချို့ယွင်းချက်များကို ဖြေရှင်းရန် ဤအဆင့်များကို လုပ်ဆောင်ပါ-
- သင်၏ကွန်ပျူတာအဟောင်းတွင် Signal Desktop ကို ပိတ်ပြီး ထွက်လိုက်ပါ။
- သင်၏မိုဘိုင်းစက်တွင် Signal Desktop ကို ချိတ်ဆက်မှုဖြုတ်ပါ။
- သင်၏ ကွန်ပျူတာအသစ်တွင် Signal Desktop ကို ပြန်လည်စတင်ပါ။
- သင်၏မိုဘိုင်းစက်မှတစ်ဆင့် ကွန်ပျူတာအသစ်ရှိ Signal Desktop ကို ချိတ်ပါ။
- ကွန်ပျူတာအဟောင်းတွင် Signal Desktop ကို ဖြုတ်ပြီး ဒေတာအားလုံးကို ဖျက်ပါ-
-
ဝင်းဒိုး
အောက်ပါအဆင့်များတွင် <YourName> ကို သင်၏ဝင်းဒိုးသုံးစွဲသူနှင့် အစားထိုးပါ-
Uninstall Signal.exe ကို ရွေးပါ
C:\Users\<YourName>\AppData\Local\Programs\signal-desktop
တွင် ရှိသည် -
C:\Users\<YourName>\AppData\Roaming\Signal
ကို ဖျက်ပါ
-
Uninstall Signal.exe ကို ရွေးပါ
-
macOS
-
/Application
သို့မဟုတ်~/Application
ဖိုင်လမ်းကြောင်းတွင် Signal.app ဖိုင်ကို ဖျက်ပါ -
~/Library/Application Support/Signal
တွင် စက်တွင်းဒေတာကို ဖျက်ပါ
-
-
Linux
-
apt-get remove signal-desktop
ကို သုံးပါ -
~/.config/Signal
ကို ဖျက်ပါ
-
-
ဝင်းဒိုး