သင်၏ Signal PIN သည် သင် စက်ပျောက်ဆုံးသွားပါက သို့မဟုတ် စက်ပြောင်းလိုက်ပါက သင့်ပရိုဖိုင်၊ ဆက်တင်များ၊ အဆက်အသွယ်များနှင့် ဘလော့ခ်ထားသည့် စာရင်းကို ပြန်လည်ရယူရာတွင် ကူညီရန် အသုံးပြုသော ကိန်းဂဏန်းသာပါဝင်သည့် သို့မဟုတ် ကိန်းဂဏန်းရော အက္ခရာရော ပါဝင်သည့် ကုဒ်တစ်ခု ဖြစ်ပါသည်။ ၎င်းသည် ဖုန်းနံပါတ်ကိုအခြေမပြုသည့် အမှတ်သင်္ကေတများကဲ့သို့သော အင်္ဂါရပ်များကိုလည်း ပံ့ပိုးပေးပါသည်။ PIN သည် စာရင်းသွင်းမှုဆိုင်ရာ လော့ခ်အဖြစ်လည်း ဆောင်ရွက်နိုင်သည်။
PIN များကို ဖွင့်ရန် Signal သည် သင်၏ လူမှုဆက်ဆံရေးဂရပ်ကို Signal ဆာဗာများ မသိရှိစေရန် ထိန်းသိမ်းပေးထားသည့် လုံခြုံသောတန်ဖိုး ပြန်လည်ရယူခြင်းကို ဖန်တီးထားသည်။ ဤသည်မှာ ထိုသို့သောဒေတာအမျိုးအစားကို ၎င်းတို့၏ဆာဗာများတွင် ရိုးရိုးစာသားဖြင့် သိမ်းဆည်းထားသည့် အခြားအက်ပ်များ၊ ပလက်ဖောင်းများနှင့် မတူညီပါ။
အရေးကြီး-
- PIN တစ်ခုမှာ ချက်(တ်) အရန်သိမ်းဆည်းမှုတစ်ခု မဟုတ်ပါ။ သင်၏မက်ဆေ့ချ်မှတ်တမ်းကို PIN နှင့် ချိတ်မထားဘဲ ဆုံးရှုံးသွားသော ချက်(တ်)မှတ်တမ်းကို ပြန်လည်ရယူရန် PIN ကို သုံး၍မရပါ။
- သင်၏ PIN ကို ကျွန်ုပ်တို့ မသိရှိသလို ၎င်းကို သင့်အတွက် ပြန်လည်သတ်မှတ်ရန် သို့မဟုတ် ပြန်လည်ရယူရန် ပြုလုပ်မပေးနိုင်ပါ။
- PIN ကို သင် မေ့လျော့သွားပြီး စာရင်းသွင်းမှုလော့ခ်ကိုလည်း ဖွင့်ထားပါက အကောင့်ကို 7 ရက်အထိ အသုံးပြု၍မရဘဲ ဖြစ်နိုင်ပါသည်။
အောက်ပါတို့အပါအဝင် FAQ များကို အောက်တွင်ဆက်လက်ဖတ်ရှုပါ-
- စာရင်းသွင်းမှုလော့ခ်ကို စီမံခြင်း
- ကျွန်ုပ်၏ Signal PIN ကို မေ့သွားခြင်း
- PIN သတိပေးချက်များကို ပိတ်ထားခြင်း
- ပင်နံပါတ်ပိတ်ပါ
PIN တစ်ခုထက်ပိုပြီး ဘာကြောင့်မြင်တွေ့နေရသနည်း။
သင်၏ Signal PIN သည်
- စာရင်းသွင်းမှုလုပ်ငန်းစဉ်အတွင်း အသုံးပြုသော SMS အတည်ပြုကုဒ် မဟုတ်ပါ။
- မျက်နှာပြင်လော့ခ်မဟုတ်သလို မျက်နှာပြင်လော့ခ်ကို ဖွင့်ထားပါက ရိုက်ထည့်ပေးရန် သင့်ကို တောင်းဆိုနိုင်သော စက်၏စကားဝှက်နှင့် မပတ်သက်ပါ။
- Android ဖုန်းများအတွက် ချက်(တ်)အရန်သိမ်းဆည်းမှုတစ်ခုကို ပြန်လည်ရယူရန် အသုံးပြုသော ဂဏန်း အလုံး 30 ပါ စကားဝှက်နှင့် မတူညီပါ။
PIN ကို မည်သို့ စီမံ သို့မဟုတ် ပြောင်းလဲရမည်နည်း။
- သင့်ဖုန်းတွင် Signal ဆက်တင် > အကောင့် > သင်၏ PIN ကို ပြောင်းလဲခြင်းသို့ သွားပါ
ကျွန်ုပ်၏ လက်ဗွေ၊ မျက်နှာ သို့မဟုတ် ဖုန်း၏မျက်နှာပြင်လော့ခ်ကို အစားထိုးသုံး၍ရပါသလား။
သင်၏ Signal PIN သည် စက်၏စကားဝှက်နှင့် မပတ်သက်ပါ။ သင့် စက်၏စကားဝှက်မန်နေဂျာသည် သင်၏ PIN ကို သိမ်းထားပေးနိုင်ပြီး ၎င်းကို ကူးယူကာ Signal တွင် ကူးထည့်နိုင်ပါသည်။
စာရင်းသွင်းမှု လော့ခ် ရွေးချယ်စရာကို မည်သို့စီမံ သို့မဟုတ် ပြောင်းလဲရမည်နည်း။
- စာရင်းသွင်းမှု လော့ခ်ကို ဖွင့်ထားပါက သင့်နံပါတ်ကို အခြားစက်တစ်လုံးတွင် စာရင်းသွင်းလိုက်သည့်အခါ 7 ရက်ကြာ သက်ဝင်လုပ်ဆောင်မှုမရှိသည့် ကာလကို စတင်စေပါသည်။
- သင့်ဖုန်းတွင် စာရင်းသွင်းထားပြီး လက်ရှိအသုံးပြုနေသော Signal ဗားရှင်း၌ ပိတ်ရန် သို့မဟုတ် ဖွင့်ရန် Signal ဆက်တင် > အကောင့်> သို့သွားပါ။
စာရင်းသွင်းမှုလော့ခ် မည်သည့်အချိန်တွင် သက်တမ်းကုန်သနည်း။
- 7 ရက်ကြာ သက်ဝင်လုပ်ဆောင်မှုမရှိသည့်ကာလ ကုန်ဆုံးပြီးနောက် စာရင်းသွင်းမှုလော့ခ် သက်တမ်းကုန်ပါမည်။
- 7 ရက်ကြာ သက်ဝင်လုပ်ဆောင်မှုမရှိသည့် နောက်ပိုင်းတွင် PIN အသစ်တစ်ခု သတ်မှတ်နိုင်သည်။ PIN အဟောင်းနှင့် ၎င်းနှင့်ဆက်စပ်သော အချက်အလက်များကို ရရှိတော့မည်မဟုတ်ပါ။
ကျွန်ုပ်၏ PIN မှာ မည်မျှရှည်လျား၍ရသနည်း။
အကန့်အသတ်မရှိပါ။ သင် အလိုရှိသည့် စာလုံးအရေအတွက်အတိုင်း လွတ်လပ်စွာထည့်သွင်းပါ။
PIN သတိပေးချက်များကို အဘယ်ကြောင့်တွေ့မြင်နေရသနည်း။
သင့်အတွက် PIN ကို ကျွန်ုပ်တို့ ပြန်လည်ရယူပေးခြင်း သို့မဟုတ် ပြန်၍သတ်မှတ်ခြင်း မပြုနိုင်သောကြောင့် PIN ကို အတည်ပြုရန် ကျွန်ုပ်တို့ အခါအားလျော်စွာတောင်းဆိုပါသည်။
ထိုသတိပေးချက်များကို ပိတ်၍ရပါသလား။
- သင်၏ PIN ကို မှတ်မိရန် အရေးကြီးပါသည်။ PIN ကို သင် မေ့သွားပါက ကျွန်ုပ်တို့ ပြန်လည်ရယူမပေးနိုင်ပါ။
- သင်၏ PIN ကို သင် မှန်ကန်စွာ တသမတ်တည်းရိုက်ထည့်နိုင်ပါက သတိပေးချက်များကို မြင်တွေ့ရသည့်အကြိမ်ရေ လျော့သွားပါမည်။ ထပ်တလဲလဲကြိုးစားနေရပါက သတိပေးချက်များ ပို၍စိပ်လာပါမည်။
- ပိတ်ထားရန် သင့်ဖုန်းတွင် Signal ဆက်တင် > အကောင့် > PIN သတိပေးချက်များ > သင်၏ PIN ကို ရိုက်ထည့်ပါ > ပိတ်မည် သို့မဟုတ် သတိပေးချက်များကို ပိတ်မည် သို့သွားပါ။
ကျွန်ုပ်၏ PIN ကို မေ့သွားပါက မည်သို့ဖြစ်မည်နည်း။
- PIN ကို သင့်အတွက် ကျွန်ုပ်တို့ ပြန်၍သတ်မှတ်မပေးနိုင်ပါ။
- စာရင်းသွင်းမှုလော့ခ်ကို သင် ဖွင့်ထားပါက သက်ဝင်လုပ်ဆောင်မှုမရှိသည့် အချိန်မှတ်နာရီ ပြည့်သွားသည်အထိ စောင့်ရန်လိုပါမည်။
- စာရင်းသွင်းမှုလော့ခ်ကို သင် မဖွင့်ထားပါက Signal ကို သင် စတင်အသုံးပြု၍ရသေးသည်။ သင့်ပရိုဖိုင်အချက်အလက်များကဲ့သို့သော သိမ်းထားသည့် ဆက်တင်အချို့ကို ဆုံးရှုံးရပါမည်။
- Android တွင် ကျော်မည် > PIN အသစ်ဖန်တီးခြင်းကို နှိပ်ပါ
- iOS တွင် အကူအညီလိုပါသလား။ > PIN အသစ်ဖန်တီးခြင်း ကို နှိပ်ပါ
ကျွန်ုပ်၏ PIN ကို ကျွန်ုပ်သိရှိပါသည်။ အဘယ်ကြောင့် ၎င်းကို လက်မခံသနည်း။
- သင့်ဖုန်း၏ ရက်စွဲနှင့် အချိန် ဆက်တင်များကို သင်၏ အချိန်ဇုန်အတွက် မှန်ကန်စွာသတ်မှတ်ထားခြင်းရှိမရှိ စစ်ဆေးပါ။
- PIN ခန့်မှန်းခွင့်အကြိမ်ရေ ပြည့်သွားပါက ဝန်ဆောင်မှုနှင့်ချိတ်ဆက်ရာတွင် ချို့ယွင်းချက် ရှိသည် သို့မဟုတ် ၎င်းနှင့်ပတ်သက်သော အချက်အလက်ကို မျက်နှာပြင်ပေါ်တွင် တွေ့မြင်ရနိုင်သည်။
- မည်သို့ဖြစ်နေကြောင်း ကျွန်ုပ်တို့ကို ပြောပြရန် အကူအညီလိုပါသလား > ပံ့ပိုးမှုသို့ ဆက်သွယ်မည်ကို နှိပ်ပါ။ PIN တစ်ခုကို အကြိမ်အနည်းငယ် ကြိုးစားကြည့်ပြီးမှသာ ထိုရွေးချယ်စရာ ပေါ်လာပါမည်။
စာရင်းသွင်းစဉ်အတွင်း ကျွန်ုပ်၏ ကိန်းဂဏန်းနှင့် အက္ခရာ ပါဝင်သော PIN အတွက် ကိန်းဂဏန်းရိုက်ထည့်ရန် ကီးဘုတ်ကိုသာ တွေ့မြင်ရပါက မည်သို့ဖြစ်မည်နည်း။
- ကိန်းဂဏန်းနှင့် အက္ခရာ ပါဝင်သော PIN ကို ရိုက်ထည့်မည်ကို နှိပ်ပြီး သင်၏ PIN ကို ရိုက်ထည့်ပါ။
- အချို့ iOS သုံးစွဲသူများသည် ၎င်းတို့၏ PIN ကို ကူးယူပြီးနောက် ကူးထည့်နိုင်ပြီး ၎င်းကို လက်ခံပါလိမ့်မည်။
PIN ကို အဘယ်ကြောင့်ထားရှိသနည်း။
သင်၏ Signal အဆက်အသွယ်များ ရှိနေသော ဖုန်းနံပါတ်ကိုအခြေမပြုသည့် အမှတ်သင်္ကေတများကဲ့သို့ အင်္ဂါရပ်များကို ပံ့ပိုးပေးရန် Signal အတွင်းတွင်သာ Signal PIN များကို အသုံးပြုသည်။ PIN များကို ဖွင့်ရန် Signal သည် သင်၏ လူမှုဆက်ဆံရေးဂရပ်ကို Signal ဆာဗာများ မသိရှိစေရန် ထိန်းသိမ်းပေးထားသည့် လုံခြုံသောတန်ဖိုး ပြန်လည်ရယူခြင်း ကို ဖန်တီးထားသည်။ ဤသည်မှာ ထိုသို့သောဒေတာအမျိုးအစားကို ၎င်းတို့၏ဆာဗာများတွင် ရိုးရိုးစာသားဖြင့် သိမ်းဆည်းထားသည့် အခြားအက်ပ်များ၊ ပလက်ဖောင်းများနှင့် မတူညီပါ။
PIN တစ်ခုကို မည်သို့ပိတ်နိုင်သနည်း။
- PIN မရှိပါက အက်ပ်ကို စက်တစ်လုံးတည်းတွင် ပြန်လည်ထည့်သွင်းလိုက်လျှင် သင်၏ Signal အဆက်အသွယ်များအားလုံး ပျောက်သွားပါမည်။
- PIN များကို ပိတ်ခြင်းဖြင့် လုံခြုံသောတန်ဖိုး ပြန်လည်ရယူခြင်းကို သင် ပိတ်လိုက်ပါသည်။
- ပိတ်ရန်အတွက် PIN ဖန်တီးမှု မျက်နှာပြင်တွင် နောက်ထပ် သို့မဟုတ် > PIN ကို ပိတ်မည်ကို ရွေးပါ
PIN တစ်ခုကို ကျွန်ုပ် သတ်မှတ်ထားပြီးဖြစ်ပါက မည်သို့ဖယ်ရှားနိုင်သနည်း။
ရွေးချယ်နိုင်သော စာရင်းသွင်းမှုလော့ခ် မရှိသည့် သုံးစွဲသူများသည် PIN များကို ပိတ်နိုင်သည်။
- Signal ဆက်တင် > အကောင့် > စာရင်းသွင်းမှုလော့ခ် > ၎င်းကိုပိတ်ထားကြောင်း အတည်ပြုပါ။
- Signal ဆက်တင် > အကောင့် > အဆင့်မြင့် PIN ဆက်တင် > PIN ကို ပိတ်ခြင်း > အတည်ပြုရန် PIN ကို ပိတ်မည်။