ပိတ်ပင်ခံထားရသော ချက်(တ်)များသည် Signal မှတစ်ဆင့် သင့်ကို ဖုန်းခေါ်ခြင်း သို့မဟုတ် မက်ဆေ့ချ်ပို့ခြင်းများ လုပ်နိုင်မည်မဟုတ်ပါ။
မည်သည့်ချက်(တ်)များကို ဘလော့ခ်ထားကြောင်း ကြည့်ရှုရန် အဆင့်များ-
သင်၏ဖုန်းတွင် Signal ဆက်တင် > ကိုယ်ပိုင်အချက်အလက် > ဘလော့ခ်ထားသည်များ သို့သွားပါ
ချက်(တ်)တစ်ခုကို ဘလော့ခ်ရန် အဆင့်များ
မက်ဆေ့ချ်ပို့ရန် တောင်းဆိုချက်မှတစ်ဆင့်-
- မက်ဆေ့ချ်ပို့ရန် တောင်းဆိုချက်များသည် မျက်နှာပြင်၏အောက်ခြေတွင် ရွေးချယ်စရာ ၃ ခုကို ပြသပါမည် - "ဘလော့ခ်ရန်"၊ "တိုင်ကြားရန်" နှင့် "လက်ခံရန်။"
- အသုံးပြုသူကို ဘလော့ခ်ရန် "ဘလော့ခ်လုပ်မည်" ကို ရွေးချယ်ပါ။
ရှိပြီးသား ချက်(တ်)တစ်ခုမှ-
- သင့်ဖုန်းတွင် Signal ကို ဖွင့်ပါ။
- ထိုအဆက်အသွယ် သို့မဟုတ် ဖုန်းနံပါတ်နှင့် ချက်(တ်)တစ်ခု ဖွင့်ပါ။
- အဖွဲ့အမည် သို့မဟုတ် အဆက်အသွယ်အမည်/နံပါတ် ပါရှိသော ချက်(တ်) ခေါင်းစီးကို နှိပ်ပါ။
- ဘလော့ခ်မည်၊ ဤသုံးစွဲသူကို ဘလော့ခ်မည်၊ ဤအဖွဲ့ကို ဘလော့ခ်မည်တို့ထဲမှ ရွေးချယ်ပါ။
- ဘလော့ခ်မည် ကို ရွေးချယ်ခြင်းဖြင့် အတည်ပြုပါ။
- အိုကေ ကို ရွေးချယ်ပါ။
- ချက်(တ်)သို့ ပြန်သွားပြီး ဤသုံးစွဲသူကို သင် ဘလော့ခ်လိုက်ပြီဖြစ်ကြောင်း ညွှန်ပြသည့် အောက်ဖော်ပြပါ အိုင်ကွန် သို့မဟုတ် သတိပေးချက်ကို ကြည့်ပါ။
ဘလော့ခ်လိုက်သည့်အခါ မည်သို့ ဖြစ်မည်နည်း။
မက်ဆေ့ချ်ပို့ရန် တောင်းဆိုချက်မှတစ်ဆင့်
တစ်စုံတစ်ဦးသည် သင့်ဖုန်းနံပါတ် သို့မဟုတ် သုံးစွဲသူအမည်မှတစ်ဆင့် သင့်ထံ မက်ဆေ့ချ်ပို့ရန် တောင်းဆိုချက် ပေးပို့ပါက သူ၏တောင်းဆိုချက်ကို သင် ဘလော့ခ်လုပ်နိုင်ပြီး သူသည် သင့်ကို ထပ်မံဆက်သွယ်နိုင်တော့မည်မဟုတ်ပါ။
မူလရှိပြီးသား တစ်ဦးချင်းချက်(တ်) သို့မဟုတ် အဖွဲ့ချက်(တ်)တစ်ခုမှတစ်ဆင့်
သင်၏ သို့မဟုတ် သူ၏ ဖုန်းနံပါတ် ကိုယ်ပိုင်အချက်အလက်ဆက်တင်ကို မည်သို့ထားရှိသည်ဖြစ်စေ သင့်အနေဖြင့် တစ်ဦးချင်းချက်(တ်) လုပ်ထားသော သို့မဟုတ် အဖွဲ့ချက်(တ်)တွင် အတူပါဝင်သော တစ်စုံတစ်ဦးကို အမြဲဘလော့ခ်လုပ်နိုင်ပါသည်။
ဘလော့ခ်လုပ်ပြီးနောက် ဖုန်းနံပါတ် မြင်တွေ့ရမှုအခြေအနေ
- Signal တွင် ဘလော့ခ်လုပ်ခြင်း ဟူသည်မှာ သင် ဘလော့ခ်လုပ်လိုက်သူအနေဖြင့် သင့်ဖုန်းနံပါတ်အား မြင်တွေ့ရမှုဆိုင်ရာ ဆက်တင် အပြောင်းအလဲများအပါအဝင် သင်၏ ပရိုဖိုင်အပ်ဒိတ်မှန်သမျှကို မြင်တွေ့ရခြင်းမရှိတော့ဟု အဓိပ္ပာယ်ရပါသည်။
- တစ်စုံတစ်ဦးကို သင် ဘလော့ခ်လုပ်လိုက်ချိန်တွင် သူသည် သင့်ဖုန်းနံပါတ်ကို မြင်တွေ့နိုင်ပါက သူ့အနေဖြင့် သင့်ကို Signal တွင် မက်ဆေ့ချ်မပို့နိုင်တော့သော်လည်း သင့်ဖုန်းနံပါတ်ကို ဆက်၍မြင်တွေ့နေရပါမည်။ ၎င်းကိုပြင်ဆင်ရန် သူ့ကို ဘလော့ခ်မလုပ်မီ သင်၏ ဖုန်းနံပါတ် ကိုယ်ပိုင်အချက်အလက်ဆက်တင်ကို ပြောင်းလဲနိုင်ပါသည်။ ထို့နောက်တွင် ထိုဆက်တင်ကို သင် ပြောင်းလိုပါက ပြန်ပြောင်းနိုင်ပါသည်။
လူတစ်ဦးကို ဘလော့ခ်ပြီးနောက် အဖွဲ့နှင့်ဆိုင်သော ကိစ္စရပ်များ
- သင်သည် မိမိဘလော့ခ်ထားသူ တစ်စုံတစ်ဦးနှင့် အဖွဲ့တစ်ဖွဲ့တည်းတွင် အတူတူပါဝင်ပါက ထိုအဆက်အသွယ်ထံမှ မက်ဆေ့ချ်များ သို့မဟုတ် အဖွဲ့အမည်၊ ရုပ်ပုံ သို့မဟုတ် ဆက်တင် ပြောင်းလဲမှုများကို သင် မြင်တွေ့ရမည်မဟုတ်ပါ။ သူပေးပို့သော မက်ဆေ့ချ်များကို သင် မမြင်တွေ့ရဘဲ အခြားမန်ဘာဝင်များ မြင်တွေ့ရသည့်အခါ စကားဝိုင်းများမှာ ရှုပ်ထွေးဖွယ် ဖြစ်နေနိုင်သည်။
- သူတို့က အဖွဲ့အတွင်း သင်၏မက်ဆေ့ချ်နှင့် ပရိုဖိုင်အပ်ဒိတ်များကို မြင်တွေ့ရနိုင်သည်။ အဖွဲ့မှထွက်ပါ သို့မဟုတ် ထိုအဆက်အသွယ် မပါဝင်သော အဖွဲ့သစ်တစ်ခု ထပ်ဖွဲ့ပါ။
- ထိုအဆက်အသွယ်ကို သင်၏ Signal အဆက်အသွယ်စာရင်းထဲမှ ဖယ်ရှားလိုက်နိုင်သည်။
- သင် ဘလော့ခ်ထားသော အဆက်အသွယ်များက ၎င်းတို့ကို သင် ဘလော့ခ်ထားကြောင်း သိရှိမည်မဟုတ်ပါ။
အဖွဲ့တစ်ဖွဲ့ကို ဘလော့ခ်ပြီးနောက် အဖွဲ့နှင့်ဆိုင်သော ကိစ္စရပ်များ
- သင်သည် အဖွဲ့မှ ထွက်သွားပါမည်။ သင်ထွက်သွားကြောင်း အဖွဲ့ကို အကြောင်းကြားပါမည်။
- တားမြစ်ထားသော အဖွဲ့မှ နောက်ထပ် မည်သည့်မက်ဆေ့ချ် သို့မဟုတ် အပ်ဒိတ်ကိုမျှ လက်ခံရရှိမည် မဟုတ်ပါ။
- အဖွဲ့ထဲသို့ သင့်ကို ပြန်ထည့်၍ မရနိုင်ပါ။
ကျွန်ုပ်ကို ဘလော့ခ်ထားကြောင်း မည်သို့သိနိုင်မည်နည်း။
- အခြားတစ်စုံတစ်ဦးက သင့်ကို ဘလော့ခ်ထားကြောင်း Signal က သင့်ကို မပြောပြပါ။
- တစ်စုံတစ်ဦး၏ ပရိုဖိုင်နှင့်ပတ်သက်သော အပြောင်းအလဲများအကြောင်း မည်သည့်အပ်ဒိတ်ကိုမျှ သင် ရရှိမည်မဟုတ်ပါ။ ပရိုဖိုင်တွင် ဓာတ်ပုံ၊ အမည်၊ ဖုန်းနံပါတ် စသည်တို့ ပါဝင်နိုင်ပါသည်။
- သင့်ကို ဘလော့ခ်ထားသူသည် သင့်ထံမှ မက်ဆေ့ချ်များ သို့မဟုတ် ကောလ်များကို လုံးဝမြင်တွေ့ရမည်မဟုတ်ပါ။
- လူတစ်ဦးက သင့်ကို ဘလော့ခ်ဖြေလိုက်လျှင် မက်ဆေ့ချ်များကို ပြန်၍ပို့မပေးပါ။ သူ သင့်ကို ဘလော့ခ်ထားစဉ်အတွင်း သင် ပေးပို့ခဲ့သော အချက်အလက်များကို သူ လုံးဝမြင်တွေ့ရမည်မဟုတ်ပါ။
နံပါတ်တစ်ခု သို့မဟုတ် အဖွဲ့တစ်ဖွဲ့ကို ဘလော့ခ်ဖြေရန် အဆင့်များ-
-
Signal ဆက်တင်
> ကိုယ်ပိုင်အချက်အလက် > ဘလော့ခ်ထားသည် သို့ သွားပါ။
- ဘလော့ခ်ဖြေရန် အဆက်အသွယ် သို့မဟုတ် အဖွဲ့ကို ရွေးချယ်ပါ။
- ဘလော့ခ်ဖြေမည် ကို ရွေးချယ်ခြင်းဖြင့် အတည်ပြုပါ။
အဆက်အသွယ်တစ်ခုကို ဘလော့ခ်ဖြေလိုက်လျှင် မည်သို့ဖြစ်မည်နည်း။
- သင် ဘလော့ခ်ဖြေပြီးနောက်ပိုင်း ကောလ်များနှင့် ပေးပို့သောမက်ဆေ့ချ်များအတွက် အသိပေးချက်များကို ရရှိပါမည်။
- အဆက်အသွယ် သို့မဟုတ် ချက်(တ်)ကို သင် ဘလော့ခ်ထားစဉ် သင့်ထံသို့ပေးပို့ခဲ့သော မက်ဆေ့ချ်များကို ပြန်ပို့ပေးမည်မဟုတ်ပါ။
- ထိုအဆက်အသွယ်မှာ သင်၏ Signal အဆက်အသွယ်စာရင်းထဲတွင် ပြန်ပေါ်လာနိုင်သည်။