Signal ဖုန်းခေါ်ဆိုမှုစစ်တမ်းကို သင့်ခေါ်ဆိုမှုအတွေ့အကြုံအပေါ် တိုက်ရိုက်တုံ့ပြန်ချက်ရရှိရန် အသုံးပြုပါသည်။ ဖုန်းခေါ်ဆိုခြင်းတွင် အင်္ဂါရပ်များကို ဆက်လက်ထည့်သွင်းနေသည်ဖြစ်ရာ Signal ကို တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ရာတွင် သင့် အားပါဝင်ရန် တောင်းဆိုပါသည်။
သိထားသင့်သောအချက်များ-
- အမြဲပင် Signal ခေါ်ဆိုမှုအားလုံးကို ဟိုဘက်သည်ဘက် ကုဒ်ပြောင်းဝှက်ထားပါသည်။
- ဖုန်းခေါ်ဆိုမှု အချို့ အပြီးတွင် စစ်တမ်းမေးခွန်းများ ပေါ်လာပါသည်။
- Signal သည် သင်နှင့်ပတ်သက်သော ဒေတာကို အလိုအလျောက် မစုဆောင်းပါ ။
- စစ်တမ်းမေးခွန်းများ၊ အဆင့်သတ်မှတ်ချက်များနှင့် ပြစ်ချက်မှတ်တမ်း များသည် ဆန္ဒရှိမှသာပြုလုပ်နိုင်သည်။ ဒိုင်ယာလော့ဘောက်စ်၏ ညာဘက်အပေါ်ထောင့်ရှိ x ကို နှိပ်ခြင်းဖြင့် စစ်တမ်းကို ပယ်ဖျက်နိုင်သည်။
- ပြစ်ချက်မှတ်တမ်းတွင် အက်ပ်နှင့်ပတ်သက်သော အချက်အလက်များသာပါဝင်ပြီး မက်ဆေ့ချ်မှတ်တမ်း၊ အဆက်အသွယ်များ၊ ပရိုဖိုင်၊ ဖုန်းနံပါတ်များ၊ အဖွဲ့အမည်များ စသည်တို့ကို မဖော်ပြပါ။
- စစ်တမ်းတွင် မက်ဆေ့ချ်မှတ်တမ်း၊ အဆက်အသွယ်များ၊ ပရိုဖိုင်၊ ဖုန်းနံပါတ်များ၊ အဖွဲ့အမည်များ စသည်တို့ကို ဖော်ပြမထားပါ။
- စစ်တမ်းတွင် အဆင့်သတ်မှတ်ချက်တစ်ခု၊ ရွေးချယ်မှုအနည်းငယ်နှင့် တင်သွင်းရန် ရွေးချယ်ခွင့်ကို တောင်းဆိုပါမည်။
| ဖုန်းခေါ်ဆိုမှု အဆင့်သတ်မှတ်ချက် ဥပမာ | |
| တင်သွင်းခြင်းမပြုမီ စခရင် နမူနာ |