- အဖွဲ့ဝင်တိုင်းသည် အဖွဲ့မှထွက်ရန် ရွေးချယ်နိုင်သည်။
- စီမံသူများသည် အဖွဲ့ပုံစံသစ်၏ အင်္ဂါရပ်တစ်ခု ဖြစ်သည်။ အဖွဲ့စီမံသူတစ်ဦးသည် အခြားအဖွဲ့ဝင်တစ်ဦးကို ဖယ်ရှားနိုင်သည် သို့မဟုတ် စီမံသူအသစ်များ ဖန်တီးနိုင်သည်။ စီမံသူတစ်ဦးသည် အဖွဲ့မှထွက်၍မရမီ စီမံသူအသစ်တစ်ဦး တာဝန်ပေးရန် လိုအပ်နိုင်သည်။
အဖွဲ့ချက်(တ်)တစ်ခုမှ ထွက်နည်းမှာ ဖော်ပြပါအတိုင်းဖြစ်သည်-
ဖော်ပြတို့ကိုလည်း ကြည့်နိုင်သည်-
Android
Signal Android သုံးစွဲသူများတွင် အဖွဲ့အမျိုးအစား သုံးခုရှိသည်။ သင့်အဖွဲ့အမျိုးအစားအတွက် လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ-
 |
Signal အဖွဲ့ပုံစံသစ်
- စီမံသူများသာလျှင် အခြားအဖွဲ့ဝင်များကို ဖယ်ရှားနိုင်သည်။
- အဖွဲ့ဝင်တိုင်းသည် အဖွဲ့မှထွက်ရန် ရွေးချယ်နိုင်သည်။
- အဖွဲ့ချက်(တ်)ကို ဖွင့်ပြီး အဖွဲ့အမည်ကို နှိပ်ပါ။
- အဖွဲ့ဝင်စာရင်းကို ကြည့်ရှုပြီး သင်၏ဘေးတွင် စီမံသူ ဟု ဖော်ပြထားကြောင်း အတည်ပြုပါ။ စီမံသူမဟုတ်သူများသည် အဖွဲ့ဝင်များကို မဖယ်ရှားနိုင်ပါ။
- သင်သည် စီမံသူတစ်ဦးဖြစ်ပါက အဖွဲ့ဝင်အမည်ကို နှိပ်ပါ။
- ရွှေ့သွားပြီး အဖွဲ့မှဖယ်ရှားခြင်း ကို ရွေးချယ်ကာ ဖယ်ရှားမည်ကို ရွေးချယ်ပါ။
- မိမိကိုယ်ကို အဖွဲ့ထဲမှဖယ်ရှားရန် အဖွဲ့မှထွက်မည် ကို သင် ရွေးချယ်နိုင်သည်။
|
 |
Signal ဗားရှင်းအဟောင်းသုံးသူများအဖွဲ့
အဖွဲ့ဝင်တစ်ဦးကို ထည့်သွင်းလိုက်ပြီးသောအခါ အဖွဲ့မှထွက်ရန် သူတို့ကိုယ်တိုင်သာ ရွေးချယ်နိုင်သည်။
- သင်၏ဖုန်းတွင် အဖွဲ့ ချက်(တ်)ကို ကြည့်ရှုပါ။
- ချက်(တ်)ဆက်တင်ကို ကြည့်ရှုရန် အဖွဲ့အမည် သို့မဟုတ် ခေါင်းစီးကို နှိပ်ပါ။
- အဖွဲ့မှထွက်ခြင်းကို ရွေးချယ်ပါ။
- အဖွဲ့မှထွက်ခြင်းကို အတည်ပြုရန် ထွက်မည်ကို ရွေးပါ။
|
 |
မလုံခြုံသော SMS အဖွဲ့
- အဖွဲ့များမှထွက်ခြင်းကို မပံ့ပိုးပေးပါ။
- အဖွဲ့ဝင်များထည့်သွင်းခြင်းကို မပံ့ပိုးပေးပါ။
- ၎င်းသည် MMS နည်းပညာက ချမှတ်ထားသော ကန့်သတ်ချက်တစ်ခုဖြစ်ပြီး သင် အသုံးပြုနေသော မည်သည့်အက်ပ်တွင်မဆို ဖြစ်ပေါ်ပါမည်။
- ထိုအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးကို သင်မပါဘဲ နှင့်/သို့မဟုတ် အခြားသူများနှင့် MMS အဖွဲ့သစ်တစ်ဖွဲ့ ဖွဲ့စည်းရန် ပြောဆိုပါ။
|
iOS
Signal iOS သုံးစွဲသူများတွင် အဖွဲ့အမျိုးအစား နှစ်ခုရှိသည်။ သင့်အဖွဲ့အမျိုးအစားအတွက် လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ-
 |
အဖွဲ့သစ်
- အဖွဲ့ချက်(တ်)ကို ဖွင့်ပြီး အဖွဲ့အမည်ကို နှိပ်ပါ။
- အဖွဲ့ဝင်စာရင်းကို ကြည့်ရှုပြီး သင်၏ဘေးတွင် စီမံသူ ဟု ဖော်ပြထားကြောင်း အတည်ပြုပါ။ စီမံသူမဟုတ်သူများသည် အဖွဲ့ဝင်များကို မဖယ်ရှားနိုင်ပါ။
- သင်သည် စီမံသူတစ်ဦးဖြစ်ပါက အဖွဲ့ဝင်အမည်ကို နှိပ်ပါ။
- ရွှေ့သွားပြီး အဖွဲ့မှဖယ်ရှားခြင်း ကို ရွေးချယ်ကာ ဖယ်ရှားမည်ကို ရွေးချယ်ပါ။
- မိမိကိုယ်ကို အဖွဲ့ထဲမှဖယ်ရှားရန် အဖွဲ့မှထွက်မည် ကို သင် ရွေးချယ်နိုင်သည်။
|
 |
အမွေအဖွဲ့
- သင်၏ဖုန်းတွင် အဖွဲ့ ချက်(တ်)ကို ကြည့်ရှုပါ။
- ချက်(တ်)ဆက်တင်ကို ကြည့်ရှုရန် အဖွဲ့အမည် သို့မဟုတ် ခေါင်းစီးကို နှိပ်ပါ။
အဖွဲ့မှထွက်ခြင်းကို ရွေးချယ်ပါ။
- အဖွဲ့မှထွက်ခြင်းကို အတည်ပြုရန် ထွက်မည်ကို နှိပ်ပါ။
|
Desktop
Signal Desktop သုံးစွဲသူများတွင် အဖွဲ့အမျိုးအစား နှစ်ခုရှိသည်။ သင့်အဖွဲ့အမျိုးအစားအတွက် လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ
 |
အဖွဲ့သစ်
- အဖွဲ့ချက်(တ်)ကို ဖွင့်ပြီး ချက်(တ်)ဆက်တင် > အဖွဲ့ဆက်တင်သို့ သွားပါ
- အဖွဲ့ဝင်စာရင်းကို ကြည့်ရှုပြီး သင်၏ဘေးတွင် စီမံသူ ဟု ဖော်ပြထားကြောင်း အတည်ပြုပါ။ စီမံသူမဟုတ်သူများသည် အဖွဲ့ဝင်များကို မဖယ်ရှားနိုင်ပါ။
- သင်သည် စီမံသူတစ်ဦးဖြစ်ပါက အဖွဲ့ဝင်တစ်ဦး၏အမည်ကို ရွေးပါ။
- အဖွဲ့မှဖယ်ရှားမည်ကို ရွေးပါ။
- မိမိကိုယ်ကို အဖွဲ့ထဲမှဖယ်ရှားရန် အဖွဲ့မှထွက်မည် ကို သင် ရွေးချယ်နိုင်သည်။
|
 |
အမွေအဖွဲ့
- အထက်တွင်ဖော်ပြထားသည့်အတိုင်း သင့်ဖုန်းအတွက် အဆင့်များကို လိုက်နာပါ
|