အားလုံးကိုကြည့်ရှုပြီး မီဒီယာ/ဖိုင်များကို သိမ်းဆည်းရန် ဤအဆင့်များအတိုင်း လုပ်ဆောင်ပါ။
သင်ဆိုလိုသည်မှာ ဖော်ပြပါတို့ကို ကြည့်ရန် ဟုတ်ပါသလား-
Android
ချက်(တ်)တစ်ခုအတွက် ပူးတွဲဖိုင်များကို ကြည့်ရှုရန်-
- ချက်(တ်)ကို ဖွင့်ပါ။
- ချက်(တ်)ဆက်တင်ကို ကြည့်ရှုရန် အဆက်အသွယ်အမည်ကို နှိပ်ပါ။
- မျှဝေထားသော မီဒီယာကို နှိပ်ပါ။
- မီဒီယာ၊ ဖိုင်များ၊ အသံ သို့မဟုတ် အားလုံးကို ရွေးပါ။
- ဖိုင်တစ်ဖိုင်ကို ရွေးပါ သို့မဟုတ် ဖိုင်သို့ ရွေးချယ်ဝင်ရောက်ရန် ပွတ်ဆွဲပါ။
- သိမ်းမည် ကို နှိပ်ပါ။
ချက်(တ်)အားလုံးအတွက် ပူးတွဲဖိုင်များကို ကြည့်ရှုရန်-
- Signal တွင် သင်၏ပရိုဖိုင်
> ဒေတာနှင့်သိုလှောင်မှု > သိုလှောင်မှုကို စီမံခြင်း > သိုလှောင်မှုကို ပြန်သုံးသပ်ခြင်းကို နှိပ်ပါ။
- မီဒီယာ၊ ဖိုင်များ၊ အသံ သို့မဟုတ် အားလုံးကို ရွေးပါ။
- ပူးတွဲဖိုင်တစ်ဖိုင်ကို နှိပ်ပြီး ဖိထားပါ။
- ရွေးချယ်နိုင်သည်- အခြားပူးတွဲဖိုင်များကို ရွေးရန် နှိပ်ပါ သို့မဟုတ် အားလုံးကို ရွေးပါ။
- Signal ပြင်ပတွင် သိမ်းဆည်းရန်အတွက်
သိမ်းဆည်းရန်ကို နှိပ်ပြီး လုပ်မည်ကို ရွေးပါ။
iOS
ချက်(တ်)တစ်ခုအတွက် ပူးတွဲဖိုင်များကို ကြည့်ရှုရန်-
- ချက်(တ်)ကို ဖွင့်ပါ။
- ချက်(တ်)ဆက်တင်ကို ကြည့်ရှုရန် အဆက်အသွယ်အမည်ကို နှိပ်ပါ။
- မီဒီယာအားလုံးကို ရွေးပါ။
- မီဒီယာ သို့မဟုတ် အော်ဒီယို တက်ဘ်ကို ရွေးပါ။
- ရုပ်ပုံ၊ gif၊ ဗီဒီယို၊ အသံမက်ဆေ့(ချ်) သို့မဟုတ် အော်ဒီယိုဖိုင်ကို ရွေးပါ – သို့မဟုတ် တစ်ခုသို့ သွားရန် ပွတ်ဆွဲပါ။
- မျှဝေမှု အိုင်ကွန်
ကို ရွေးပါ။
- ပုံကို သိမ်းဆည်းမည်၊ ဗီဒီယို သိမ်းဆည်းမည်၊ သို့မဟုတ် အော်ဒီယိုကို သိမ်းဆည်းမည်ကို ရွေးပါ။
သို့မဟုတ်
- ချက်(တ်)ကို ဖွင့်ပါ။
- မီဒီယာမက်ဆေ့ချ်ကို နှိပ်ပြီး ဖိထားပါ။
- မျှဝေမှု အိုင်ကွန်
ကို ရွေးပါ။
- Item များကို သိမ်းဆည်းမည် ကို ရွေးပါ။
Desktop
ချက်(တ်)တစ်ခုအတွက် ပူးတွဲဖိုင်များကို ကြည့်ရှုရန်-
- ချက်(တ်)ကို ဖွင့်ပါ။
-
ချက်(တ်)ဆက်တင်
> မီဒီယာအားလုံး ကိုရွေးပါ။
- မီဒီယာ သို့မဟုတ် စာရွက်စာတမ်းများ တက်ဘ်ကို ရွေးချယ်ပါ။
- ပုံတစ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ဖိုင်ကို ရွေးပါ။
-
သိမ်းမည်ကို ရွေးပါ။
- ဖိုင်အမည်နှင့် နေရာကို အတည်ပြုပြီး သိမ်းပါ။