ဖုန်းတစ်လုံးတည်းတွင် အကောင့်အများအပြားဖြင့်သုံးရန် Signal က ခွင့်ပြုပါသလား။
မပြုပါ။ Signal ကို မိုဘိုင်းစက်တစ်လုံးလျှင် ဖုန်းနံပါတ်တစ်ခုဖြင့်သာ စာရင်းသွင်းနိုင်သည်။ SIM နှစ်ကတ်သုံးဖုန်းတွင် Signal ဖြင့် စာရင်းသွင်းရန် နံပါတ်တစ်ခုကို ရွေးချယ်ရပါမည်။
SIM နှစ်ကတ်သုံး ဖုန်းများတွင် Signal မက်ဆေ့ချ်ပို့ခြင်းသည် မည်သို့အလုပ်လုပ်သနည်း။
SIM တစ်ကတ်တည်း ရှိသည့်အတိုင်းပင် Signal ဆက်သွယ်ရေးကို Signal တွင် စာရင်းသွင်းထားသည့် နံပါတ်ဖြင့် အသုံးပြုနိုင်သည်။
- Signal-to-Signal ဆက်သွယ်မှုအားလုံးသည် ကိုယ်ပိုင်သီးသန့်ဖြစ်ပြီး ဟိုဘက်သည်ဘက် ကုဒ်ပြောင်းဝှက်ထားပါသည်။
- Signal သည် သင့်ဖုန်းတွင် ဖွင့်ထားသည့် မည်သည့်အင်တာနက်ချိတ်ဆက်မှုကိုမဆို သုံးနိုင်သည်၊ ဝိုင်ဖိုင် သို့မဟုတ် SIM တစ်ကတ်ကတ်မှ မိုဘိုင်းဒေတာဖြစ်သည်။
SIM နှစ်ကတ်ကို ဖော်ပြပါအတိုင်း စီမံနိုင်သည်-
Android
Signal Android မှတစ်ဆင့် ဆက်သွယ်မှုအားလုံးသည် သီးသန့်ဆန်ပါသည်။ သင်ပြုလုပ်ရန် သို့မဟုတ် ရှာဖွေရန်လိုသော အပိုအရာများ မရှိပါ။ Signal သည် သင်၏ Android စက်တွင် ဖွင့်ထားသော မည်သည့်အင်တာနက်ချိတ်ဆက်မှုကိုမဆို သုံးနိုင်ပါသည်။
iOS
Signal iOS ရှိ ဆက်သွယ်မှုအားလုံးသည် ကိုယ်ပိုင်သီးသန့်ဖြစ်ပါသည်။ သင်ပြုလုပ်ရန် သို့မဟုတ် ရှာဖွေရန်လိုသော အပိုအရာများ မရှိပါ။ Signal သည် သင်၏ iPhone တွင် ဖွင့်ထားသော မည်သည့်အင်တာနက်ချိတ်ဆက်မှုကိုမဆို သုံးနိုင်ပါသည်။