မက်ဆေ့ချ်များတွင် Gradient အရောင်များကို သတ်မှတ်ပါ၊ ချက်(တ်)တစ်ခုချင်းစီအတွက် သီးသန့်နောက်ခံပုံများကို ရွေးချယ်ပါ သို့မဟုတ် ချက်(တ်)အားလုံးတွင် အသုံးပြုရန် ပုံသေနောက်ခံတစ်ခုကို သတ်မှတ်ပါ။
ကျွန်ုပ်ရွေးချယ်ထားသော အရောင်များနှင့် နောက်ခံပုံကို မည်သူတို့တွေ့မြင်နိုင်သနည်း။
သင်သာလျှင်မြင်နိုင်သည်။ ၎င်းကို သင့်မျက်နှာပြင်တွင်သာ ပြသသည်။
အဖွဲ့ချက်(တ်)အတွင်း တစ်စုံတစ်ဦး၏ နာမည်အရောင်သည် ၎င်း၏ရုပ်ပုံအရောင်နှင့် ဘာကြောင့်မကိုက်ညီသနည်း။
အဖွဲ့အတွင်းရှိ သုံးစွဲသူများအကြား ကွဲပြားမှုအရှိဆုံးဖြစ်စေရန် အမည်အတွက် အရောင်ကို ကျပန်းသတ်မှတ်ထားခြင်းဖြစ်သည်။ ၎င်းသည် ဖတ်ရှုရန်လွယ်ကူမှုနှင့် နားလည်ရန်လွယ်ကူမှုကို ပိုမိုမြင့်မားစေသင့်ပါသည်။
အရောင်များနှင့် Theme များကို စီမံရန် ဤအဆင့်များအတိုင်း လုပ်ဆောင်ပါ-
Android
ပေးပို့ပြီးသောမက်ဆေ့ချ် ပူဖောင်းအရောင်များကို ပြောင်းရန်-
- ချက်(တ်)အားလုံးအတွက် ပုံသေသတ်မှတ်ချက်ကို ပြောင်းမလား ချက်(တ်)တစ်ခုခုအတွက် ပြင်ဆင်မလား ဆုံးဖြတ်ပါ
- ပုံသေသတ်မှတ်ရန် Signal ဆက်တင် > ပုံပန်းသွင်ပြင်သို့ သွားပါ
- ချက်(တ်)တစ်ခုခုအတွက် ပြောင်းရန် ချက်(တ်)ဆက်တင်သို့ သွားပါ
- ချက်(တ်)အရောင်နှင့် နောက်ခံပုံ > ချက်(တ်)အရောင်ကို ရွေးပါ
- အရောင်တစ်ရောင်ရွေးပါ သို့မဟုတ် ကိုယ်ပိုင်အရောင်ဖန်တီးပါ
- နောက်ခံပုံနှင့် အရောင်ကို အော်တို ကိုက်ညီမှုလုပ်ရန်
- စိတ်ကြိုက်အရောင်တစ်ခု ဖန်တီးရန် ကို ရွေးပါ
- Solid သို့မဟုတ် Gradient ကို နှိပ်ပါ
- Gradient အတွက် ဦးတည်ချက်ကိုပြောင်းရန် အမှတ်တစ်မှတ်ကိုရွေးပြီး ဖိဆွဲပါ
- ထိုအရောင်ကိုသာ ပြင်ဆင်ရန် အမှတ်တစ်မှတ်ကို နှိပ်ပါ
- အရောင် slider များတစ်လျှောက် ဖိဆွဲပါ
- Solid သို့မဟုတ် Gradient ကို နှိပ်ပါ
- စိတ်ကြိုက်အရောင်တစ်ခုကို ပြင်ဆင်ရန်၊ ပွားယူရန် သို့မဟုတ် ဖျက်ရန် နှိပ်ပြီး ဖိထားပါ
- သတ်မှတ်မည်ကို နှိပ်ပါ
- ပုံသေသတ်မှတ်ချက်အားဖြင့် အရောင်တစ်ခုခု မရှိသေးသည့် ချက်(တ်)များအားလုံးတွင် ထိုအပြောင်းအလဲကို သင့်ဖုန်းအတွက်သာ ပြသပါမည်
- သီးခြားချက်(တ်)တစ်ခုခုအတွက် ဤအပြောင်းအလဲမှာ သင့်ဖုန်းတွင်သာ ဖြစ်ပေါ်သည်
ချက်(တ်)နောက်ခံ သို့မဟုတ် နောက်ခံပုံကို သတ်မှတ်ရန်-
- ချက်(တ်)အားလုံးအတွက် ပုံသေသတ်မှတ်ချက်ကို ပြင်ဆင်မလား ချက်(တ်)တစ်ခုခုအတွက် ပြင်ဆင်မလား ဆုံးဖြတ်ပါ

- ချက်(တ်)အရောင်နှင့် နောက်ခံပုံ > နောက်ခံပုံသတ်မှတ်မည်ကို ရွေးပါ
- ဓာတ်ပုံများထဲမှ ရွေးချယ်ပါ သို့မဟုတ် အရောင်တစ်ရောင်ရွေးပါ
- သတ်မှတ်မည်ကို နှိပ်ပါ
- ပုံသေသတ်မှတ်ချက်အားဖြင့် နောက်ခံပုံတစ်ခုခု မရှိသေးသည့် ချက်(တ်)များအားလုံးတွင် ထိုအပြောင်းအလဲကို သင့်ဖုန်းအတွက်သာ ပြသပါမည်
- သီးခြားချက်(တ်)တစ်ခုခုအတွက် ဤအပြောင်းအလဲကို သင့်ဖုန်းတွင်သာ ချက်ချင်းပြသည်
Theme ကို ပြောင်းလဲရန်-
- Signal တွင် သင်၏ပရိုဖိုင် > ပုံပန်းသွင်ပြင် > Theme ကို နှိပ်ပါ
- စနစ်၊ အလင်း သို့မဟုတ် အမှောင်ကို ရွေးပါ။
iOS

- Signal တွင် သင်၏ပရိုဖိုင် > ဆက်တင် > ပုံပန်းသွင်ပြင် > Theme ကို နှိပ်ပါ
- စနစ်၊ အလင်း သို့မဟုတ် အမှောင်ကို ရွေးပါ
Desktop
ပေးပို့ပြီးသောမက်ဆေ့ချ် ပူဖောင်းအရောင်များကို ပြောင်းရန်-
- ချက်(တ်)အားလုံးအတွက် ပုံသေသတ်မှတ်ချက်ကို ပြောင်းမလား ချက်(တ်)တစ်ခုခုအတွက် ပြင်ဆင်မလား ဆုံးဖြတ်ပါ
- ပုံသေသတ်မှတ်ရန် Signal ဆက်တင် > ဦးစားပေးများ > ပုံပန်းသွင်ပြင်သို့ သွားပါ
- ချက်(တ်)တစ်ခုခုအတွက် ပြောင်းရန် ချက်(တ်)ဆက်တင်သို့ သွားပါ
- ချက်(တ်)အရောင်ကို ရွေးချယ်ပါ
- အရောင်တစ်ရောင်ရွေးပါ သို့မဟုတ် ကိုယ်ပိုင်အရောင်ဖန်တီးပါ
- စိတ်ကြိုက်အရောင်တစ်ခု ဖန်တီးရန် ကို ရွေးပါ
- Solid သို့မဟုတ် Gradient ကို နှိပ်ပါ
- Gradient အတွက် ဦးတည်ချက်ကိုပြောင်းရန် အမှတ်တစ်မှတ်ကိုရွေးပြီး ဖိဆွဲပါ
- ထိုအရောင်ကိုသာ ပြင်ဆင်ရန် အမှတ်တစ်မှတ်ကို ရွေးပါ
- အရောင် slider များတစ်လျှောက် ဖိဆွဲပါ
- Solid သို့မဟုတ် Gradient ကို နှိပ်ပါ
- စိတ်ကြိုက်အရောင်တစ်ခုကို ပြင်ဆင်ရန်၊ ပွားယူရန် သို့မဟုတ် ဖျက်ရန် နှစ်ချက်နှိပ်ပါ
- စိတ်ကြိုက်အရောင်တစ်ခု ဖန်တီးရန် ကို ရွေးပါ
- သိမ်းမည်ကို ရွေးချယ်ပါ
- ပုံသေသတ်မှတ်ချက်အားဖြင့် အရောင်တစ်ခုခု မရှိသေးသည့် ချက်(တ်)များအားလုံးတွင် ထိုအပြောင်းအလဲကို သင့် desktop အတွက်သာ ပြသပါမည်
- သီးခြားချက်(တ်)တစ်ခုခုအတွက် ဤအပြောင်းအလဲမှာ သင့် desktop တွင်သာ ဖြစ်ပေါ်သည်
နောက်ခံပုံ-
-
- ချက်(တ်)နောက်ခံအရောင်များကို မရရှိသေးပါ။
Theme ကို ပြောင်းလဲရန်-
- Signal တွင် သင်၏ပရိုဖိုင် > ဦးစားပေးမှုများ > ပုံပန်းသွင်ပြင်ကို နှိပ်ပါ
- Theme အောက်တွင် စနစ်၊ အလင်း၊ သို့မဟုတ် အမှောင်ကို ရွေးပါ