စုစည်းသိမ်းဆည်းခြင်းသည် သင်၏မက်ဆေ့ချ်များကို မဖျက်ဘဲ ချက်(တ်)စာရင်းကို ရှင်း၍ရစေသည်။
ချက်(တ်)တစ်ခုကို စုစည်းသိမ်းဆည်းရန် ဤအဆင့်များအတိုင်း လုပ်ဆောင်ပါ-
Android
စုစည်းသိမ်းဆည်းရန်
- သင်၏ချက်(တ်)စာရင်းကို ကြည့်ရှုရန် Signal ကို ဖွင့်ပါ။
- ချက်(တ်)ကို နှိပ်ပြီးနောက် ညာဘက်သို့ပွတ်ဆွဲပါ သို့မဟုတ် နှိပ်ပြီးနောက် ဖိထားပြီး ထိပ်ဆုံးရှိရွေးချယ်စရာများထဲမှ
စုစည်းမှုကို ရွေးပါ။
- မျက်နှာပြင်အောက်ခြေရှိ သတိပေးချက်မှတစ်ဆင့် ပြန်ဖျက်ရန် ကိုအမြန်ရွေးချယ်နိုင်သည်။
စုစည်းသိမ်းဆည်းထားသော ချက်(တ်)များကို ကြည့်ရှုရန်
- ချက်(တ်)စာရင်းအောက်ခြေသို့ ရွှေ့သွားပါ။
- စုစည်းသိမ်းဆည်းထားသော စကားဝိုင်းများ ကို နှိပ်ပါ။
စုစည်းသိမ်းဆည်းမှုမှ ဖယ်ရှားရန်

စုစည်းမှုမှ ဖယ်ရှားမည်ကို ရွေးပါ။
- မျက်နှာပြင်အောက်ခြေရှိ သတိပေးချက်မှတစ်ဆင့် ပြန်ဖျက်ရန် ကိုအမြန်ရွေးချယ်နိုင်သည်။
iOS
စုစည်းသိမ်းဆည်းရန်
- သင်၏ချက်(တ်)စာရင်းကို ကြည့်ရှုရန် Signal ကို ဖွင့်ပါ။
- ချက်(တ်)ကို နှိပ်ပြီး ဘယ်ဘက်သို့ ဖြည်းဖြည်းချင်းပွတ်ဆွဲပါ။
-
စုစည်းမှုကို ရွေးပါ။
စုစည်းသိမ်းဆည်းထားသော ချက်(တ်)များကို ကြည့်ရှုရန်
- ချက်(တ်)စာရင်းအောက်ခြေသို့ ရွှေ့သွားပါ။
- စုစည်းသိမ်းဆည်းထားသော ချက်(တ်)များကို နှိပ်ပါ။
စုစည်းသိမ်းဆည်းမှုမှ ဖယ်ရှားရန်
- ချက်(တ်)စာရင်းအောက်ခြေသို့ ရွှေ့သွားပါ။
- စုစည်းသိမ်းဆည်းထားသော ချက်(တ်)များကို နှိပ်ပါ။
- ချက်(တ်)ကို နှိပ်ပြီး ဘယ်ဘက်သို့ ဖြည်းဖြည်းချင်းပွတ်ဆွဲပါ။
-
စုစည်းမှုမှ ဖယ်ရှားမည် ကို ရွေးပါ။
Desktop
စုစည်းသိမ်းဆည်းရန်
- "ချက်(တ်)" စာရင်း စခရင်မှ ချက်(တ်)ကို ညာဘက်ကလစ်နှိပ်ပါ သို့မဟုတ် ချက်(တ်)ကို ဖွင့်ပြီး ညာဘက်အပေါ်ထောင့်ရှိ အစက်သုံးစက်ခလုတ်ကို နှိပ်ပါ။
- စုစည်းမှု ကို နှိပ်ပါ
သို့မဟုတ်
ချက်(တ်)ကို ရွေးချယ်ပါ > ကီးဘုတ်ရှော့တ်ကတ် ⌘ Shift A / Ctrl Shift A ကို အသုံးပြုပါ
စုစည်းသိမ်းဆည်းထားသော ချက်(တ်)များကို ကြည့်ရှုရန်
- မက်ဆေ့ချ်ရေးရန် ခလုတ်ဘေးရှိ အစက်သုံးစက်ခလုတ်ကို နှိပ်ပါ သို့မဟုတ် ဘယ်ဘက်ကော်လံရှိ ချက်(တ်)စာရင်း၏ အောက်ဆုံးအထိ ဆွဲချပါ။
-
စုစည်းမှုကိုကြည့်ရန်/ချက်(တ်) စုစည်းမှု ကို နှိပ်ပါ
စုစည်းသိမ်းဆည်းမှုမှ ဖယ်ရှားရန်
- မက်ဆေ့ချ်ရေးရန် ခလုတ်ဘေးရှိ အစက်သုံးစက်ခလုတ်ကို နှိပ်ပါ သို့မဟုတ် ဘယ်ဘက်ကော်လံရှိ ချက်(တ်)စာရင်း၏ အောက်ဆုံးအထိ ဆွဲချပါ။
- စုစည်းမှုကိုကြည့်ရန်/ချက်(တ်) စုစည်းမှု ကို နှိပ်ပါ။
- စုစည်းမှုမှ ပြန်ထုတ်လိုသော ချက်(တ်)ကို ရွေးချယ်ပါ။
- အစက်သုံးစက်ပါသော ခလုတ်ကို နှိပ်ပြီးစုစည်းမှုမှ ပြန်ထုတ်ရန် ကို နှိပ်ပါ။
သို့မဟုတ်
- ချက်(တ်)ကို ရွေးချယ်ပါ > ကီးဘုတ်ရှော့တ်ကတ် ⌘ Shift U / Ctrl Shift U ကို အသုံးပြုပါ