လင့်ခ်ကြိုတင်ကြည့်ရှုမှုများကို ပိတ်၍ရပါသလား
ရပါသည်။ လင့်ခ်ကြိုတင်ကြည့်ရှုမှုများကို ပေးပို့ခြင်းမှာ ဆန္ဒအလျောက် အပြည့်အဝရွေးချယ်နိုင်သောအရာ ဖြစ်သည်။ သင်၏မိုဘိုင်းစက်ပေါ်တွင် ထိုအင်္ဂါရပ်ကို အချိန်မရွေး ပိတ်နိုင်၊ ဖွင့်နိုင်ပြီး ထိုအပြောင်းအလဲကို သင်၏ ချိတ်ထားသည့် စက်များတွင် တူအောင်ညှိလိုက်ပါမည်-
Signal ဆက်တင် > ချက်(တ်)> လင့်ခ်ကြိုတင်ကြည့်ရှုမှုများကို ဖန်တီးခြင်း
မက်ဆေ့ချ်မပို့မီ ကြိုတင်ကြည့်ရှုမှု၏ ထောင့်တွင်ရှိသော X အိုင်ကွန်ကို နှိပ်ခြင်းအားဖြင့်လည်း လင့်ခ်ကြိုတင်ကြည့်ရှုမှု တစ်ခုချင်းစီကို ဖယ်ရှားနိုင်သည်။
မည်သည့်ဝက်ဘ်ဆိုက်များကို လက်ရှိတွင် ပံ့ပိုးပေးထားသနည်း။
httpsဖြင့် တိတိကျကျ အစပြုသော ဝက်ဘ်ဆိုက်များအားလုံးအတွက် လင့်ခ်ကြိုတင်ကြည့်ရှုမှုများကို ရရှိနိုင်သည်။