Signal ရှိ အခြားအရာအားလုံးကဲ့သို့ပင် စတစ်ကာများကိုလည်း ကုဒ်ပြောင်းဝှက်ထားပါသည်။ Signal တွင် သုံးစွဲသူအားလုံးအတွက် ရရှိနိုင်သော ပုံသေ စတစ်ကာအထုပ် စာရင်းတစ်ခု ရှိပါသည်၊ နောက်ထပ်စတစ်ကာများကိုလည်း ကျွန်ုပ်တို့ အချိန်နှင့်အမျှ ထည့်သွင်းသွားပါမည်။ သင့်အနေဖြင့် ကိုယ်ပိုင် စိတ်ကြိုက် စတစ်ကာအထုပ်များကို ဖန်တီးနိုင်သလို အခြားသူများထံမှ ရရှိသော စတစ်ကာအထုပ်များကိုလည်း ထည့်သွင်းနိုင်သည်။
- Blog ပို့စ်
- စတစ်ကာများဖြင့် မက်ဆေ့ချ်ပို့ခြင်း
- စတစ်ကာထုပ်များကို စီမံခြင်း
- စတစ်ကာဖန်တီးသူ လမ်းညွှန်ချက်များ
- နောက်ထပ်စတစ်ကာအထုပ်များ ရယူခြင်း
စတစ်ကာများဖြင့် မက်ဆေ့ချ်ပို့ခြင်း
စတစ်ကာများ လက်ခံခြင်း
စတစ်ကာများ လက်ခံရန် Signal နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ပါ။
စတစ်ကာများ ကြည့်ရှုခြင်း
ချက်(တ်)တစ်ခုတွင် တစ်ထုပ်တည်းရှိ အခြားစတစ်ကာများကို အထက်အောက်ရွှေ့ပြီး ကြည့်ရှုရန် စတစ်ကာတစ်ခုကို နှိပ်ပါ။
စတစ်ကာများ ပေးပို့ခြင်း
စတစ်ကာအထုပ်တစ်ထုပ်ကို သင် ထည့်သွင်းပြီးပါက ထိုအထုပ်မှ စတစ်ကာများကို ပေးပို့နိုင်သည်။
- စတစ်ကာ အိုင်ကွန်
သို့မဟုတ် အီမိုဂျီအိုင်ကွန်
ကို ရွေးချယ်ပြီးနောက် စတစ်ကာအိုင်ကွန်
ကို ရွေးချယ်ပါ။
- သင်ထည့်သွင်းထားသော စတစ်ကာအထုပ်များကို အထက်အောက်ရွှေ့ကြည့်ပါ။
- ဇူးမ်ချဲ့ရန် နှိပ်ပြီး ဖိထားပါ။
- ချက်ချင်းပေးပို့ရန် စတစ်ကာတစ်ခုကို နှိပ်ပါ။
သို့မဟုတ်
- အီမိုဂျီတစ်ခု ရိုက်ထည့်ပါ။ အီမိုဂျီတွင် သတ်မှတ်ထားသည့် စတစ်ကာတစ်ခု ရှိပါက သင်၏ကီးဘုတ်အထက်တွင် ပေါ်လာပါမည်။
- ချက်ချင်းပေးပို့ရန် စတစ်ကာ ရွေးပါ။
ကျွန်ုပ် Android သုံးနေပါသည်၊ အီမိုဂျီသို့ မည်သို့ပြန်ပြောင်းရမည်နည်း
စတစ်ကာအိုင်ကွန် ကို ရွေးပြီးနောက် အီမိုဂျီအိုင်ကွန်
ကို ရွေးပါ။
- စတစ်ကာအိုင်ကွန်
ကို ရွေးပါ။
- သင်ထည့်သွင်းထားသော စတစ်ကာအထုပ်များကို ဘေးတိုက်ရွှေ့ကြည့်ပါ။
- ဇူးမ်ချဲ့ရန် နှိပ်ပြီး ဖိထားပါ။
- ချက်ချင်းပေးပို့ရန် စတစ်ကာတစ်ခုကို နှိပ်ပါ။
သို့မဟုတ်
- အီမိုဂျီတစ်ခု ရိုက်ထည့်ပါ။ အီမိုဂျီတွင် သတ်မှတ်ထားသည့် စတစ်ကာတစ်ခု ရှိပါက သင်၏ကီးဘုတ်အထက်တွင် ပေါ်လာပါမည်။
- ချက်ချင်းပေးပို့ရန် စတစ်ကာ ရွေးပါ။
- စတစ်ကာအိုင်ကွန်
ကို ရွေးပါ။
- သင်ထည့်သွင်းထားသော စတစ်ကာအထုပ်များကို နှိပ်ကြည့်ပြီး အထုပ်ရွေးပါ။
- ချက်ချင်းပေးပို့ရန် စတစ်ကာတစ်ခုကို နှိပ်ပါ။
စတစ်ကာထုပ်များကို စီမံခြင်း
- လက်ခံရရှိထားသော စတစ်ကာတစ်ခုကို နှိပ်ပါ။
- စတစ်ကာအထုပ်ထဲရှိ စတစ်ကာများကို အထက်အောက်ရွှေ့ကြည့်ပြီး ကြည့်ရှုပါ။
- ထည့်သွင်းမည်ကို ရွေးပါ။
သို့မဟုတ်
- စတစ်ကာများကို ကြည့်ရှုရန် စတစ်ကာအိုင်ကွန်
ကို ရွေးပါ။
- + ကို ရွေးပါ။
- သင်လက်ခံရရှိခဲ့သော စတစ်ကာများဆီသို့ ရွှေ့ပြီးသွားပါ။
- ဒေါင်းလုဒ် အိုင်ကွန်ကို နှိပ်ပါ။
သို့မဟုတ်
- Signal စတစ်ကာထုပ် လင့်ခ်တစ်ခုကို ကြည့်ရှုပါ။
- အချက်ပြသည့်အခါ Signal ကို ဖွင့်ပါ။
စတစ်ကာစာရင်းမှ စတစ်ကာထုပ်များကို ဖျက်ခြင်း
ဖျက်လိုက်သော စတစ်ကာထုပ်နှင့်ပတ်သက်သော အီမိုဂျီအတွက် စတစ်ကာအကြံပြုချက်များကို သင် မြင်တွေ့ရမည်မဟုတ်ပါ။
- စတစ်ကာများကို ကြည့်ရှုရန် စတစ်ကာအိုင်ကွန်
ကို ရွေးပါ။
- + ကို ရွေးပါ။
- Desktop အတွက်သာ- ထည့်သွင်းထားသည်များကို ရွေးပါ။
- X၊ ဖြုတ်မည် သို့မဟုတ် ဖြုတ်ရန်အတွက် ရွေးချယ်စရာကို တွေ့ရရန် အထုပ်ကိုနှိပ်ပါ။
- သင်၏ချက်(တ်)မှ စတစ်ကာကို ဖျက်ပါ။
စတစ်ကာစာရင်းထဲရှိ နောက်ထပ်စတစ်ကာထုပ်များကို ရယူခြင်း
- Signal စတစ်ကာထုပ် ဖန်တီးသူဖြင့် သင့်ကိုယ်ပိုင် စတစ်ကာများကို ဖန်တီးပါ။
- ဤနေရာတွင် စတစ်ကာထုပ်အချို့ရှိသည်- တိရစ္ဆာန်များ၊ အီမိုဂျီ အိုင်ကွန်များ၊ အဝတ်အထည်များ၊ အစားအစာ သို့မဟုတ် မိုးလေဝသ။
- #makeprivacystick hashtag ကို အသုံးပြုလျက် Twitterကဲ့သို့သောနေရာများတွင် စတစ်ကာအထုပ်လင့်ခ်များ ရှာဖွေပါ။
- အခြားသူတစ်ဦးထံမှ စတစ်ကာတစ်ခု လက်ခံပါ။
စတစ်ကာဖန်တီးသူ လမ်းညွှန်ချက်များ
Signal တွင် စတစ်ကာများ ဖန်တီးခြင်း
သင့်ဝက်ဘ်ဘရောက်ဆာတွင် ဖွင့်၍ရသော Signal စတစ်ကာထုပ် ဖန်တီးသူကို သုံးပါ။
- Signal Desktop ကိုဖွင့်ပြီး ဖိုင် > စတစ်ကာအထုပ် ဖန်တီး/အပ်လုဒ်တင်မည် ကို ရွေးချယ်ပါ။
- စတစ်ကာအခု 200 အထိ ထည့်ပါ။
- အပေါ်အောက် အစီအစဉ်ပြောင်းရန် ဖိဆွဲပြီး ပြန်လွှတ်ပါ။
- အလင်းအမှောင် theme ဖြင့် နမူနာကြည့်ရှုရန် စတစ်ကာတစ်ခုပေါ်တွင် မောက်စ်တင်ကြည့်ပါ။
- နောက်သို့ကို ရွေးပါ။
- စတစ်ကာတစ်ခုလျှင် အီမိုဂျီတစ်ခုစီ ရွေးချယ်ပြီး ရှေ့သို့ကို ရွေးပါ။
- ခေါင်းစဉ်နှင့် ဖန်တီးသူအမည် ရိုက်ထည့်ပါ။
- (ရွေးချယ်နိုင်သည်) မျက်နှာဖုံးစတစ်ကာအသစ်တစ်ခု ရွေးပါ။
- အပြောင်းအလဲများကို ယခုလုပ်လိုက်ပါ။ စတစ်ကာများသည် Signal ဖန်တီးသူအကောင့်နှင့် ချိတ်မထားပါ။ အပ်လုဒ်တင်ပြီးနောက်တွင် စတစ်ကာအထုပ်ကို တည်းဖြတ်၍မရတော့ပါ။
- ရှေ့သို့ကို ရွေးပြီး အပ်လုဒ်ကို အတည်ပြုပါ။
- ထည့်သွင်းမှုကို ရွေးချယ်ပြီး Signal Desktop ကို ဖွင့်ပါ။
- Signal Desktop တွင် ထည့်သွင်းမှုကို ရွေးချယ်ပါ။
- သင်၏ချက်(တ်)ထဲတွင် စတစ်ကာ အိုင်ကွန်
ကို ရွေးပြီး အလိုအလျောက်ပေးပို့ရန် စတစ်ကာတစ်ခု ရွေးပါ။
- သင့်စတစ်ကာထုပ်ကို Signal ပြင်ပသို့ မျှဝေနိုင်စေရန် ဝက်ဘ်ဘရောက်ဆာတွင် လင့်ခ်ကို ကူးယူပါ။
- အများ ဝင်ရောက်သုံးစွဲစေလိုသော စိတ်ကြိုက်စတစ်ကာအထုပ်တိုင်းအတွက် URL များကို အခြားသူများ ရှာဖွေရာတွင် ကူညီပေးရန် Hashtag #makeprivacystick ကို သုံးပါ။
စတစ်ကာဆိုင်ရာ လိုအပ်ချက်များ
- သက်ဝင်လှုပ်ရှားအောင် လုပ်မထားသော စတစ်ကာများသည် သီးခြား PNG သို့မဟုတ် WebP ဖိုင် ဖြစ်ရပါမည်
- သက်ဝင်လှုပ်ရှားအောင် လုပ်ထားသော စတစ်ကာများသည် သီးခြား APNG ဖိုင် ဖြစ်ရပါမည်။ GIF များကို အပ်လုဒ်မတင်ပါနှင့်
- စတစ်ကာတစ်ခုချင်းစီသည် အရွယ်အစားကန့်သတ်ချက် 300kb ရှိသည်
- သက်ဝင်လှုပ်ရှားအောင် လုပ်ထားသော စတစ်ကာများတွင် သက်ဝင်လှုပ်ရှားမှုအတွက် အများဆုံးအချိန်မှာ 3 စက္ကန့်ဖြစ်သည်
- စတစ်ကာများကို 512 x 512 px အဖြစ် အရွယ်အစားပြန်ပြောင်းသည်
- စတစ်ကာတစ်ခုလျှင် အီမိုဂျီတစ်ခုစီ သတ်မှတ်ရပါမည်
- အထုပ်တစ်ခုလျှင် စတစ်ကာ အခု 200 အများဆုံးဖြစ်သည်
- မျက်နှာဖုံးစတစ်ကာသည် 512 x 512 px PNG သို့မဟုတ် WebP ဖိုင် ဖြစ်ရပါမည် (ပုံသေသတ်မှတ်ချက်မှာ စတစ်ကာအထုပ်၏ ပထမဆုံးပုံဖြစ်သည်)
- ခေါင်းစဉ်
- ရေးသားသူ
စတစ်ကာဆိုင်ရာ အကြံပြုချက်များ
- လိုအပ်ပါက စတစ်ကာများကို အလင်းနှင့် အမှောင် နောက်ခံပုံများပေါ်တွင် အဆင်ပြေစေရန် ကောက်ကြောင်းဆွဲပါ
- စတစ်ကာတစ်ခုချင်းစီ၏ ပတ်ပတ်လည်တွင် အနားသတ် 16 px ထားပါ
- အလင်းပေါက် နောက်ခံပုံ
- သက်ဝင်လှုပ်ရှားအောင်လုပ်ထားသော စတစ်ကာများမှာ 30 သို့မဟုတ် 60 FPS ရှိသင့်သည်
- သက်ဝင်လှုပ်ရှားအောင်လုပ်ထားသော စတစ်ကာများမှာ အထစ်အငေါ့မရှိ ထပ်ကျော့နေသင့်သည်
- သက်ဝင်လှုပ်ရှားအောင်လုပ်ထားသော စတစ်ကာများတွင် ပထမဆုံးဖရိန်က စတစ်ကာ၏ အဓိကခံစားချက် သို့မဟုတ် စိတ်ကူးစိတ်သန်းကို ပြသနိုင်စေရန် စီစဉ်ထားသင့်သည်
- APNG ပြန်ဖွင့်ခြင်းကို ပံ့ပိုးမပေးသော စက်အဟောင်းများတွင် စတစ်ကာရွေးချယ်မှု သို့မဟုတ် မန်နေဂျာ၌ သက်ဝင်လှုပ်ရှားအောင်လုပ်ထားသော စတစ်ကာများ၏ ပထမဆုံးဖရိန်ကို ရုပ်ငြိမ်ပုံအဖြစ် ပြသသည်
| ကောင်းပါသည် | |
| သိပ်မကောင်းပါ |
ကျွန်ုပ်၏ စတစ်ကာအထုပ်ကို ဘယ်သူမြင်နိုင်သနည်း။
ထိုအထုပ်မှ စတစ်ကာတစ်ခု လက်ခံရရှိသော သို့မဟုတ် သင် လင့်ခ်မျှဝေပေးလိုက်သော မည်သူမဆို ခေါင်းစဉ်နှင့် ဖန်တီးသူအပါအဝင် စတစ်ကာအထုပ်ကို ကြည့်ရှုနိုင်သည်။
ကျွန်ုပ်၏စတစ်ကာအထုပ်ကို မျှဝေလိုက်သောအခါ ကျွန်ုပ်၏ဖန်တီးသူအမည်ကို ပြသမှာလား။
ပြပါမည်။ သင့်လျော်သောအသိအမှတ်ပြုမှုကို ရရှိစေရန် သင်၏ ဖန်တီးသူအမည်ကို မှန်မှန်ကန်ကန်စာလုံးပေါင်းထားကြောင်း သေချာအောင်လုပ်ပါ။ အပ်လုဒ်တင်ပြီးနောက်တွင် စတစ်ကာအထုပ်ကို တည်းဖြတ်၍မရတော့ပါ။
စတစ်ကာတစ်ခုချင်းစီသည် သီးခြားဖိုင်တစ်ခု ဖြစ်ရန်လိုပါသလား သို့မဟုတ် ၎င်းတို့အားလုံးကို ဖိုင်တစ်ခုတည်းတွင် ထည့်သွင်းနိုင်ပါသလား။
စတစ်ကာတစ်ခုချင်းစီကို သီးခြားစီထည့်သွင်းရမည်ဖြစ်ပြီး 512 x 512 px အလင်းပေါက်နောက်ခံပုံပေါ်တွင် ဖြစ်သင့်သလို 16 px အနားသတ် ပါပါက ပိုကောင်းပါသည်။
စတစ်ကာအားလုံးကို တစ်ပြိုင်နက်တည်း ထည့်သွင်း၍ရပါသလား။
ရပါသည်။ သင် ရွေးချယ်လိုသော ဖိုင်တစ်ခုချင်းစီကို မောက်စ်ဖြင့်နှိပ်ပြီး ဖိဆွဲလိုက်ပါ။
ကျွန်ုပ်၏မျက်နှာဖုံးဓာတ်ပုံကို စတစ်ကာများထဲမှတစ်ခု မဟုတ်သော အခြားပုံတစ်ပုံ ထား၍ရပါသလား။
ရပါသည်၊ သင်၏စတစ်ကာအထုပ်ကို ကိုယ်စားပြုသော အိုင်ကွန်အဖြစ် မတူညီသောပုံတစ်ပုံကို ရွေးချယ်နိုင်ပါသည်။
စတစ်ကာများကို မည်သည့်ဖိုင်အမျိုးအစားဖြင့် တင်ပို့သင့်ပါသနည်း။
သက်ဝင်လှုပ်ရှားအောင် လုပ်မထားသော စတစ်ကာများသည် သီးခြား PNG သို့မဟုတ် WebP ဖိုင် ဖြစ်ရပါမည်။ သက်ဝင်လှုပ်ရှားအောင် လုပ်ထားသော စတစ်ကာများသည် သီးခြား APNG ဖိုင် ဖြစ်ရပါမည်။ GIF များကို အပ်လုဒ်မတင်ပါနှင့်။
ကျွန်ုပ်၏စတစ်ကာသည် 512 x 512 px ထက် ပိုကြီးနေပါက မည်သို့ဖြစ်မည်နည်း။
သင်၏ပုံတစ်ပုံလုံး ဝင်ဆံ့စေရန် စတစ်ကာကို အရွယ်ပြန်ပြောင်းလိုက်ပါမည်။
ကျွန်ုပ်၏စတစ်ကာများကို မူကြမ်းအဖြစ် သိမ်းဆည်းပါသလား။
မသိမ်းပါ။ စတစ်ကာအထုပ် ဖန်တီးသူကို ပိတ်လိုက်လျှင် သင့်စတစ်ကာများကို မူကြမ်းအဖြစ် သိမ်းပေးမည်မဟုတ်ပါ။
စတစ်ကာအထုပ်ကို ဖျက်၍ရပါသလား။
စတစ်ကာများမှာ ဖန်တီးသူအကောင့်နှင့် ချိတ်မထားသောကြောင့် စတစ်ကာထုပ်များကို အပ်လုဒ်တင်ပြီးသောအခါ တည်းဖြတ်၍ သို့မဟုတ် ဖျက်၍ မရပါ။ သို့သော် စတစ်ကာအထုပ်ကို ဖန်တီးပြီးနောက်တွင် ၎င်းကိုဖြုတ်ပြီး အထုပ်အသစ်တစ်ခု လုပ်နိုင်ပါသည်။
Signal တွင် စာရင်းမသွင်းဘဲ စတစ်ကာများ ဖန်တီး၍ရပါသလား။
စတစ်ကာအထုပ်များမှာ သင်၏ Signal အကောင့်နှင့် မဆက်စပ်သော်လည်း စတစ်ကာအထုပ်ကို မဖန်တီးမီ Signal Desktop ကို သင့်ဖုန်းရှိ Signal နှင့် ချိတ်ဆက်ထားရပါမည်။
- Signal ကို သင်၏ Android ဖုန်း သို့မဟုတ် iPhone တွင် ထည့်သွင်းထားကြောင်းနှင့် အလုပ်လုပ်နေကြောင်း အတည်ပြုပါ။
- သင်၏ ပံ့ပိုးထားသော လက်ပ်တော့ပ် သို့မဟုတ် desktop ကွန်ပျူတာအတွက် နောက်ဆုံးထွက် Signal Desktop ကို ထည့်သွင်းပြီး ချိတ်ဆက်ပါ။
နောက်ထပ်စတစ်ကာများကို မည်သည့်နေရာတွင် ရယူနိုင်သနည်း။
- Signal Desktop တွင်စတစ်ကာဖန်တီးသူဖြင့် ကိုယ်ပိုင်စတစ်ကာများ ဖန်တီးပါ။
- ဤနေရာတွင် စတစ်ကာထုပ်အချို့ရှိသည်- တိရစ္ဆာန်များ၊ အီမိုဂျီ အိုင်ကွန်များ၊ အဝတ်အထည်များ၊ အစားအစာ သို့မဟုတ် မိုးလေဝသ။
- #makeprivacystick hashtag ကို အသုံးပြုလျက် Twitterကဲ့သို့သောနေရာများတွင် စတစ်ကာအထုပ်လင့်ခ်များ ရှာဖွေပါ။
- အခြားသူတစ်ဦးထံမှ စတစ်ကာတစ်ခု လက်ခံပါ။