မက်ဆေ့ချ်များကို အီမိုဂျီ တုံ့ပြန်မှုများဖြင့် အမြန်အကြောင်းပြန်ရန်။
သင်ဆိုလိုသည်မှာ ဖော်ပြပါတို့ကို ကြည့်ရန် ဟုတ်ပါသလား-
တုံ့ပြန်မှုများကို ပေးပို့ခြင်းနှင့် ကြည့်ရှုခြင်း
တုံ့ပြန်မှုများမှာ မည်သည့်နေရာတွင်ရှိသနည်း။
- ချက်(တ်)အတွင်းရှိ လူတိုင်းသည် မက်ဆေ့ချ်ပူဖောင်းအောက်တွင် တုံ့ပြန်မှုများကို မြင်တွေ့ရသည်။
- နဖူးစည်း အသိပေးချက်များသည် မက်ဆေ့ချ်ကို ရေးသားခဲ့သူထံသို့သာ သွားပါသည်။
- ပျောက်ကွယ်သွားသော သို့မဟုတ် ဖျက်လိုက်သော မက်ဆေ့ချ်ပူဖောင်းများတွင် တုံ့ပြန်မှုများ မပေါ်ပါ။
တုံ့ပြန်မှုတစ်ခုကို မည်သို့ပေးပို့ရမည်နည်း။
မိုဘိုင်းစက်များ သို့မဟုတ် iPad-
- Signal ၏ နောက်ဆုံးထွက် ဗားရှင်းအထိ အပ်ဒိတ်လုပ်ပါ။
- မက်ဆေ့ချ်ပူဖောင်း သို့မဟုတ် ၎င်းအနီးရှိ နေရာလွတ်ကို နှိပ်ပြီး ဖိထားပါ။
- သင် ပေးလိုသော တုံ့ပြန်မှုသို့ ရွှေ့သွားပါ သို့မဟုတ် အီမိုဂျီတစ်ခုခုကို ရွေးချယ်ရန် နောက်ထပ်
ကို ရွေးပါ။
- ရွေးချယ်နိုင်သည်- နောက်ထပ်
ကို ရွေးပြီးသောအခါ မတူညီသောအရောင်တစ်ရောင်ကို ရွေးချယ်ရန် အီမိုဂျီတစ်ခုကို နှိပ်ပြီး ဖိထားပါ။
- သင်၏တုံ့ပြန်မှုမှာ သင့်အဆက်အသွယ်များနှင့် မတူညီသော နောက်ခံအရောင် ရှိနေပါမည်။
-
မက်ဆေ့ချ် ရွေးချယ်စရာများကို ဖော်ပြရန် မက်ဆေ့ချ်ပူဖောင်းတစ်ခု၏ အလယ်ရှိ နေရာလွတ်ပေါ်သို့ မောက်စ်တင်ကြည့်ပါ။
-
တုံ့ပြန်မှု ရွေးချယ်ပါ။
- တုံ့ပြန်မှုတစ်ခု ရွေးချယ်ပါ သို့မဟုတ် အီမိုဂျီတစ်ခုခုကို ရွေးချယ်ရန် နောက်ထပ်
ကို ရွေးပါ။
- ရွေးချယ်နိုင်သည်- အီမိုဂျီ၏ အသားအရောင်ကို ပြောင်းရန် အောက်ခြေရှိ အီမိုဂျီအရောင်ခြယ်ခြင်းကို ရွေးပါ။
- သင့်အီမိုဂျီကို ရွေးချယ်ပါ။
- သင်၏တုံ့ပြန်မှုမှာ သင့်အဆက်အသွယ်များနှင့် မတူညီသော နောက်ခံအရောင် ရှိနေပါမည်။
တုံ့ပြန်မှုအားလုံးကို မည်သို့ကြည့်ရှုရမည်နည်း။
သက်ဆိုင်ရာမက်ဆေ့ချ်အတွက် တုံ့ပြန်မှုအားလုံးကို အကျဉ်းချုပ်ကြည့်ရှုရန် တုံ့ပြန်မှုကို နှိပ်ပါ။
ကျွန်ုပ်၏တုံ့ပြန်မှုကို မည်သို့ပြောင်းရမည်နည်း။
- သင်၏မက်ဆေ့ချ်ပူဖောင်းရှိ နေရာလွတ်ကို နှိပ်ပြီး ဖိထားပါ။
- ဖယ်ရှားရန်အတွက် မူလရှိနေသော တုံ့ပြန်မှုကို ရွေးထားရာမှ ဖြုတ်ပါ။
- သင် ပေးလိုသော တုံ့ပြန်မှုသို့ ရွှေ့သွားပါ သို့မဟုတ် အခြားအီမိုဂျီတစ်ခုကို ရွေးချယ်ရန် နောက်ထပ်
ကို ရွေးပါ။
ပုံသေ တုံ့ပြန်မှုများကို မည်သို့ စိတ်ကြိုက်ပြင်ဆင် သို့မဟုတ် ပြန်လည်သတ်မှတ်ရမည်နည်း။
- မက်ဆေ့ချ်ပူဖောင်း သို့မဟုတ် ၎င်းအနီးရှိ နေရာလွတ်ကို နှိပ်ပြီး ဖိထားပါ။
- အီမိုဂျီအားလုံးကို ကြည့်ရှုရန် နောက်ထပ်
ကို ရွေးချယ်ပါ။
- စိတ်ကြိုက်ပြင်ဆင်ရန် အီမိုဂျီအမျိုးအစားများထဲရှိ ဆက်တင်
ကို နှိပ်ပါ။
- အစားထိုးရန် အီမိုဂျီတစ်ခုကို နှိပ်ပါ။
- ပြောင်းလဲရန် အီမိုဂျီအားလုံးထဲမှ ရွေးချယ်ပါ။
- ရွေးချယ်နိုင်သည်- ပုံသေအီမိုဂျီများကို ပြန်လည်ရယူရန် ပြန်သတ်မှတ်မည်ကို နှိပ်ပါ။
- အီမိုဂျီများကို အပ်ဒိတ်လုပ်ရန် သိမ်းမည်ကို နှိပ်ပါ။