မိမိမှတ်စု ဆိုသည်မှာ အဘယ်နည်း။
- ဤအဆက်အသွယ် ရေးသွင်းချက်သည် သင့်ကိုယ်သင် မက်ဆေ့ချ်များပေးပို့ရန် ချက်(တ်)တစ်ခု ဖြစ်သည်။
- မိမိဘာသာ နောက်ပိုင်းတွင် ပြန်လည်ဖတ်ရှုသုံးသပ်ရန်အတွက် မှတ်စုတစ်ခုခု ချရေးရန် သို့မဟုတ် သင်၏ ချိတ်ထားသည့် စက်များသို့ မက်ဆေ့ချ်များနှင့် ဖိုင်များ မျှဝေပေးရန် ဤအင်္ဂါရပ်ကို အသုံးပြုပါ။
- မိမိမှတ်စုထဲရှိ မက်ဆေ့ချ်အားလုံးမှာ ဟိုဘက်သည်ဘက် ကုဒ်ပြောင်းဝှက်ပြီးသော Signal မက်ဆေ့ချ်များ ဖြစ်သည်။
- ဟုတ်ပါသည်၊ ပျောက်သွားမည့် မက်ဆေ့ချ်များကို သင့်ကိုယ်သင် ပြန်ပို့နိုင်ပါသည်။ အချိန်မှတ်နာရီသည် ချက်ချင်းစမှတ်ပါသည်။
ဤသည်မှာ အောက်ပါပလက်ဖောင်းများတွင် မိမိမှတ်စုတစ်ခု စတင်ရေးမှတ်ရန် နည်းလမ်းများ ဖြစ်သည်-
Android
- Signal တွင် သင့် Signal အဆက်အသွယ်စာရင်းကို ကြည့်ရှုရန် ရေးသားမည် ကို နှိပ်ပါ။
- မိမိမှတ်စု ဟူသော အဆက်အသွယ်ရေးသွင်းချက်ကို ရှာဖွေပြီး ရွေးချယ်ပါ။
- မက်ဆေ့ချ်တစ်စောင် ရေးသားရန် Signal မက်ဆေ့ချ် ကို နှိပ်ပါ သို့မဟုတ် ဖိုင်တစ်ဖိုင် ရွေးချယ်ရန် ကို နှိပ်ပါ။
- ပေးပို့ရန်အတွက် ပိတ်ထားသော သော့ပုံ ပါဝင်သည့် အပြာရောင် ပေးပို့မှု အိုင်ကွန်ကို နှိပ်ပါ။
iOS
- Signal တွင် သင့် Signal အဆက်အသွယ်စာရင်းကို ကြည့်ရှုရန် ရေးသားမည် ကို နှိပ်ပါ။
- မိမိမှတ်စု ဟူသော အဆက်အသွယ်ရေးသွင်းချက်ကို ရှာဖွေပြီး ရွေးချယ်ပါ။
- မက်ဆေ့ချ်တစ်စောင် ရေးသားရန် မက်ဆေ့ချ်အသစ် ကို နှိပ်ပါ သို့မဟုတ် ဖိုင်တစ်ဖိုင် ရွေးချယ်ရန် ကို နှိပ်ပါ။
- ပေးပို့ရန်အတွက် ကို နှိပ်ပါ။
Desktop
- Signal တွင် ရှာဖွေမှု
ကို ရွေးချယ်ပါ - မိမိမှတ်စု ဟူသော အဆက်အသွယ် ရေးသွင်းချက်ကို ရိုက်ထည့်ပါ။
- ချက်(တ်)ကို ရွေးချယ်ပါ။ ၎င်းသည် ညာဘက်အကွက်တွင် ပေါ်လာပါမည်။
- မက်ဆေ့ချ်တစ်စောင် ရေးသားရန်အတွက် မက်ဆေ့ချ်တစ်စောင် ပေးပို့ရန် ကို နှိပ်ပါ သို့မဟုတ် ဖိုင်တစ်ဖိုင် ရွေးချယ်ရန် ကို နှိပ်ပါ။
- ပေးပို့ရန်အတွက် Enter နှိပ်ပါ။