အချို့စကားဝိုင်းများမှာ စကားစမြည်ပြောရန်ဖြစ်ပြီး အချို့မက်ဆေ့ချ်များမှာ အလုပ်ချိန်အတွက်သာ ရည်ရွယ်သည်၊ အချို့ပုဂ္ဂိုလ်များမှာ ဦးစားပေးခံရရန် ထိုက်တန်သည်။ ချက်(တ်)နှင့်ပတ်သက်ပြီး သင့်ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ဦးစားပေးမှုအတိုင်း ဖြစ်စေရန် အသိပေးချက် ရွေးချယ်စရာများကို မွမ်းမံပြင်ဆင်ရန် အောက်ပါအဆင့်များကို အသုံးပြုပါ။
သင်ဆိုလိုသည်မှာ ဖော်ပြပါတို့ကို ကြည့်ရန် ဟုတ်ပါသလား-
Android
သင်၏ OS အသိပေးချက် ရွေးချယ်စရာများနှင့် ခွင့်ပြုချက်များအပြင် Signal Android တွင် အက်ပ်အတွင်း အသိပေးချက်ဆက်တင်များနှင့် သီးခြား ချက်(တ်)ဆက်တင်များလည်း ရှိသည်။
- မက်ဆေ့ချ်နှင့် ခေါ်ဆိုမှု အသိပေးချက်များကို စီမံခြင်း
- အသိပေးချက်စာသားကို ပြောင်းခြင်း
- အသိပေးချက်များကို အသံပိတ် သို့မဟုတ် ဖျောက်ထားခြင်း
- စိတ်ကြိုက် အသိပေးချက် အသံများ
- အမြန်အကြောင်းပြန်မှုနှင့် လော့ခ်မျက်နှာပြင် အသိပေးချက်များ
မက်ဆေ့ချ်နှင့် ခေါ်ဆိုမှု အသိပေးချက်များကို စီမံရန်-
- Signal တွင် သင်၏ပရိုဖိုင်
> အသိပေးချက်ကို နှိပ်ပါ။
သင်၏ အသိပေးချက်တွင်ပါသော စာသားကို ပြောင်းရန်
- Signal တွင် သင်၏ပရိုဖိုင်
> အသိပေးချက် > ပြရန်ကို နှိပ်ပါ။
- ဖော်ပြပါတို့ထဲမှ တစ်ခုကို ရွေးပါ
- အမည်နှင့် စာ
-
အမည်တစ်ခုတည်းသာ
- ဤဆက်တင်ကို သုံးလျှင် သင့်အဆက်အသွယ်က မည်သည့်တုံ့ပြန်မှုကို ရွေးထားကြောင်း သင် မြင်ရမည်မဟုတ်ပါ။ တုံ့ပြန်မှုသည် ချက်(တ်)အတွင်း သင်၏မက်ဆေ့ချ်ပူဖောင်းထဲတွင် ပေါ်နေဆဲဖြစ်ပါမည်။
-
အမည် သို့မဟုတ် မက်ဆေ့ချ်မရှိ
- ဤဆက်တင်ကို သုံးလျှင် မက်ဆေ့ချ်အားလုံးကို မည်သူတို့တုံ့ပြန်ထားကြောင်း သို့မဟုတ် မည်သည့်တုံ့ပြန်ချက်ကို ၎င်းတို့သုံးကြောင်း အပ်ဒိတ်များအား သင် တွေ့မြင်ရမည်မဟုတ်ပါ။ တုံ့ပြန်မှုသည် ချက်(တ်)အတွင်း သင်၏မက်ဆေ့ချ်ပူဖောင်းထဲတွင် ပေါ်နေဆဲဖြစ်ပါမည်။
- Signal ကို လော့ခ်ချထားသောအခါ သင် လော့ခ်မဖွင့်မချင်း သင်၏ အထက်ပါရွေးချယ်မှုနေရာတွင် လော့ခ်ချထားသော မက်ဆေ့ချ် ကို တွေ့မြင်ရပါမည်။
အသိပေးချက်များနှင့် ဘဲ့ဂျ်များကို ဖျောက်ထားရန် ချက်(တ်)တစ်ခုကို အသံပိတ်ပါ-
- သင့်အဆက်အသွယ်နှင့် ချက်(တ်)တစ်ခုကို ဖွင့်ပါ။
- ချက်(တ်)ဆက်တင်ကို ကြည့်ရှုရန် အဖွဲ့အမည် သို့မဟုတ် ခေါင်းစီးကို နှိပ်ပါ။
- အသိပေးချက်ကို အသံပိတ်ထားမည်ကို နှိပ်ပါ။
- ဤချက်(တ်)အတွက် အသိပေးချက်များကို မည်မျှကြာအောင် အသံပိတ်ထားလိုကြောင်း ရွေးပါ
- ၁ နာရီ
- ၈ နာရီ
- ၁ ရက်
- ၇ ရက်
- အမြဲ
- အဆက်အသွယ်အမည် သို့မဟုတ် ခေါင်းစီးဘေးတွင် အသံပိတ်ရန် အိုင်ကွန်ကို
တွေ့မြင်ရပါမည်။
- ဤဆက်တင်ကို သုံးလျှင် မက်ဆေ့ချ်အားလုံးကို မည်သူတို့တုံ့ပြန်ထားကြောင်း သို့မဟုတ် မည်သည့်တုံ့ပြန်ချက်ကို ၎င်းတို့သုံးကြောင်း အပ်ဒိတ်များအား သင် တွေ့မြင်ရမည်မဟုတ်ပါ။ တုံ့ပြန်မှုသည် ချက်(တ်)အတွင်း သင်၏မက်ဆေ့ချ်ပူဖောင်းထဲတွင် ပေါ်နေဆဲဖြစ်ပါမည်။
အဆက်အသွယ်တစ်ခုချင်းစီအတွက် အသံတိတ်အသိပေးချက်များအပါအဝင် စိတ်ကြိုက် အသိပေးချက်အသံများ သတ်မှတ်ရန်-
- သင့်အဆက်အသွယ်နှင့် ချက်(တ်)တစ်ခုကို ဖွင့်ပါ။
- ရွေးချယ်စရာများကို ကြည့်ရှုရန် အဖွဲ့အမည် သို့မဟုတ် ခေါင်းစီးကို နှိပ်ပါ။
- အသံများနှင့် အသိပေးချက်များကို နှိပ်ပါ။
- စိတ်ကြိုက်အသိပေးချက်များကို နှိပ်ပါ။
- မက်ဆေ့ချ်နှင့် ခေါ်ဆိုမှု အသိပေးချက်များအတွက် ရွေးချယ်စရာများကို ရွေးပါ။
အမြန်အကြောင်းပြန်မှု ရွေးချယ်စရာများနှင့် လော့ခ်မျက်နှာပြင် အသိပေးချက်များကို စီမံရန်-
- သင်၏ OS အသိပေးချက် ရွေးချယ်စရာများကို မွမ်းမံရန် အဆင့်မျာအတိုင်း လုပ်ဆောင်ပါ။
Android အသိပေးချက်များနှင့်ပတ်သက်၍ ပြဿနာများ ရှိနေပါသလား။ ဤပြဿနာဖြေရှင်းနည်း အဆင့်များ အတိုင်း လုပ်ဆောင်ပါ။
iOS
သင်၏ OS အသိပေးချက် ရွေးချယ်စရာများနှင့် ခွင့်ပြုချက်များအပြင် Signal iOS တွင် အက်ပ်အတွင်း အသိပေးချက်ဆက်တင်များနှင့် သီးခြား ချက်(တ်)ဆက်တင်များလည်း ရှိသည်။
- အသိပေးချက်စာသားကို ပြောင်းခြင်း
- အသိပေးချက်များကို အသံပိတ် သို့မဟုတ် ဖျောက်ထားခြင်း
- မက်ဆေ့ချ်ပေးပို့သည့် အသံကို စီမံခြင်း
- စိတ်ကြိုက် အသိပေးချက် အသံများ
သင်၏ အသိပေးချက်တွင်ပါသော စာသားကို ပြောင်းရန်-
- Signal တွင် သင့်ပရိုဖိုင်
> ဆက်တင် > အသိပေးချက်များ > ပြပါကို နှိပ်ပါ။
- ဖော်ပြပါတို့ထဲမှ တစ်ခုကို ရွေးပါ
- အမည်၊ အရာများ၊ နှင့် လုပ်ဆောင်ချက်များ
-
အမည်တစ်ခုတည်းသာ
- ဤဆက်တင်ကို သုံးလျှင် သင့်အဆက်အသွယ်က မည်သည့်တုံ့ပြန်မှုကို ရွေးထားကြောင်း သင် မြင်ရမည်မဟုတ်ပါ။ တုံ့ပြန်မှုသည် ချက်(တ်)အတွင်း သင်၏မက်ဆေ့ချ်ပူဖောင်းထဲတွင် ပေါ်နေဆဲဖြစ်ပါမည်။
-
အမည် သို့မဟုတ် အကြောင်းအရာ မရှိပါ
- ဤဆက်တင်ကို သုံးလျှင် မက်ဆေ့ချ်အားလုံးကို မည်သူတို့တုံ့ပြန်ထားကြောင်း သို့မဟုတ် မည်သည့်တုံ့ပြန်ချက်ကို ၎င်းတို့သုံးကြောင်း အပ်ဒိတ်များအား သင် တွေ့မြင်ရမည်မဟုတ်ပါ။ တုံ့ပြန်မှုသည် ချက်(တ်)အတွင်း သင်၏မက်ဆေ့ချ်ပူဖောင်းထဲတွင် ပေါ်နေဆဲဖြစ်ပါမည်။
အသိပေးချက်များကို ဖျောက်ထားရန် ချက်(တ်)တစ်ခုကို အသံပိတ်ပါ-
- သင့်အဆက်အသွယ်နှင့် ချက်(တ်)တစ်ခုကို ဖွင့်ပါ။
- ချက်(တ်)ဆက်တင်ကို ကြည့်ရှုရန် အဖွဲ့အမည် သို့မဟုတ် ခေါင်းစီးကို နှိပ်ပါ။
- အသံများနှင့် အသိပေးချက်များကို နှိပ်ပါ
-
အသံပိတ်မည်ကို နှိပ်ပါ။
- ဤချက်(တ်)အတွက် အသိပေးချက်များကို မည်မျှကြာအောင် အသံပိတ်ထားလိုကြောင်း ရွေးပါ
- ၁ နာရီ
- ၈ နာရီ
- ၁ ရက်
- ၁ ပတ်
- အမြဲ
- အဆက်အသွယ်အမည် သို့မဟုတ် ခေါင်းစီးဘေးတွင် အသံပိတ်ရန် အိုင်ကွန်
ကို တွေ့မြင်ရပါမည်။
- ဤဆက်တင်ကို သုံးလျှင် မက်ဆေ့ချ်အားလုံးကို မည်သူတို့တုံ့ပြန်ထားကြောင်း သို့မဟုတ် မည်သည့်တုံ့ပြန်ချက်ကို ၎င်းတို့သုံးကြောင်း အပ်ဒိတ်များအား သင် တွေ့မြင်ရမည်မဟုတ်ပါ။ တုံ့ပြန်မှုသည် ချက်(တ်)အတွင်း သင်၏မက်ဆေ့ချ်ပူဖောင်းထဲတွင် ပေါ်နေဆဲဖြစ်ပါမည်။
- အသံပိတ်ထားသော ချက်(တ်)များအတွက် ဘဲ့ဂျ်အရေအတွက်ကို ပြသရန် ရွေးချယ်နိုင်သည်။
- သင်၏ပရိုဖိုင်
> ဆက်တင် > အသိပေးချက်များ > အသံပိတ်ထားသော စကားဝိုင်းများကို ရေတွက်ခြင်း
- သင်၏ပရိုဖိုင်
မက်ဆေ့ချ်ပေးပို့သည့်အသံကို စီမံရန်-
- Signal တွင် သင်၏ပရိုဖိုင်
> ဆက်တင် > အသိပေးချက်များကို နှိပ်ပါ။
- သင် မက်ဆေ့ချ်ပေးပို့လိုက်တိုင်း ကြားရသောအသံကို စီမံရန် အက်ပ်ကိုဖွင့်ထားစဉ် ဖွင့်ခြင်း ကို နှိပ်ပါ
-
ဖွင့်ရန်အတွက် ဆလိုက်ဒါကို အစိမ်းရောင်ဖြစ်သွားစေရန် နှိပ်လိုက်ပါ။
သင့်ဖုန်း၏ အသံတိတ်/တုန်ခါ ခလုတ်ကို ဖုန်းအသံမြည်သည့် စနစ်သို့ ချိန်ညှိရန် လိုအပ်နိုင်ပါသည်။ Apple ၏ ပံ့ပိုးမှုစာမျက်နှာကို ဖတ်ရှုပါ။ - ပိတ်ရန်အတွက် ဆလိုက်ဒါကို မီးခိုးရောင်ဖြစ်သွားစေရန် နှိပ်လိုက်ပါ။
-
ဖွင့်ရန်အတွက် ဆလိုက်ဒါကို အစိမ်းရောင်ဖြစ်သွားစေရန် နှိပ်လိုက်ပါ။
အဆက်အသွယ်တစ်ခုချင်းစီအတွက် အသံတိတ်အသိပေးချက်များအပါအဝင် စိတ်ကြိုက် အသိပေးချက်အသံများ သတ်မှတ်ရန်-
iOS သည် .aiff၊ .wav သို့မဟုတ် .caf. ဖိုင်အမျိုးအစား အသံများကိုသာ ပံ့ပိုးပေးသည်။
- သင့်အဆက်အသွယ်နှင့် ချက်(တ်)တစ်ခုကို ဖွင့်ပါ။
- ချက်(တ်)ဆက်တင်ကို ကြည့်ရှုရန် အဖွဲ့အမည် သို့မဟုတ် ခေါင်းစီးကို နှိပ်ပါ။
-
မက်ဆေ့ချ်အသံ
ကို နှိပ်ပါ။
- သင်၏ ရွေးချယ်မှုကို ရွေးပါ။
- သိမ်းမည် ကို နှိပ်ပါ။
iOS အသိပေးချက်များနှင့်ပတ်သက်၍ ပြဿနာများ ရှိနေပါသလား။ ဤပြဿနာဖြေရှင်းနည်း အဆင့်များ အတိုင်း လုပ်ဆောင်ပါ။
Desktop
- မက်ဆေ့ချ်နှင့် ခေါ်ဆိုမှု အသိပေးချက်များကို စီမံခြင်း
- OS အသိပေးချက်ကို စီမံခြင်း
- အသိပေးချက်စာသားကို ပြောင်းခြင်း
- အသိပေးချက်များကို အသံပိတ် သို့မဟုတ် ဖျောက်ထားခြင်း
- အသိပေးချက် အသံများကို ပြောင်းခြင်း
မက်ဆေ့ချ်နှင့် ခေါ်ဆိုမှု အသိပေးချက်များကို စီမံရန်-
- Signal တွင်
ဦးစားပေးများ > အသိပေးချက် သို့သွားပါ
နောက်ထပ် ခေါ်ဆိုမှုဆက်တင်များအတွက်-
Signal တွင် စိတ်ကြိုက်ဦးစားပေးများ > ခေါ်ဆိုမှုများ သို့သွားပြီး အောက်ပါတို့မှရွေးချယ်ပါ-
- အဝင်ကောလ်များကို ဖွင့်ရန်
- ဖုန်းခေါ်ဆိုသံကို ဖွင့်ရန်
- ဖုန်းခေါ်ဆိုမှုများကို လွှဲပြောင်းပါ
macOS တွင် လော့ခ်မျက်နှာပြင်နှင့် ဘဲ့ဂျ်အရေအတွက်အပါအဝင် အသိပေးချက်များကို စီမံရန်-
- Apple မီနူး > စနစ်ဦးစားပေးများကို ရွေးချယ်ပြီး အသိပေးချက်များကို နှိပ်ပါ။
- ဘယ်ဘက်ကော်လံရှိ Signal ကို ရွေးပြီး ရွေးချယ်စရာများထဲမှ ရွေးပါ။
သင်၏ အသိပေးချက်တွင်ပါသော စာသားကို ပြောင်းရန်
- Signal တွင် သင်၏ပရိုဖိုင်
>
စိတ်ကြိုက်ဦးစားပေးများကို နှိပ်ပါ။
- ဖော်ပြပါတို့ထဲမှ တစ်ခုကို ရွေးပါ
-
အမည်၊ အကြောင်းအရာနှင့် လုပ်ဆောင်မှုများ
- macOS သုံးစွဲသူများသည် ပျောက်သွားမည့် မက်ဆေ့ချ်များအားလုံးအတွက် "မက်ဆေ့ချ်အသစ်" ဆိုသည်ကို မြင်ရပါမည်။
-
အမည်တစ်ခုတည်းသာ
- ဤဆက်တင်ကို သုံးလျှင် သင့်အဆက်အသွယ်က မည်သည့်တုံ့ပြန်မှုကို ရွေးထားကြောင်း သင် မြင်ရမည်မဟုတ်ပါ။ တုံ့ပြန်မှုသည် ချက်(တ်)အတွင်း သင်၏မက်ဆေ့ချ်ပူဖောင်းထဲတွင် ပေါ်နေဆဲဖြစ်ပါမည်။
-
အမည် သို့မဟုတ် အကြောင်းအရာ မရှိပါ
- ဤဆက်တင်ကို သုံးလျှင် မက်ဆေ့ချ်အားလုံးကို မည်သူတို့တုံ့ပြန်ထားကြောင်း သို့မဟုတ် မည်သည့်တုံ့ပြန်ချက်ကို ၎င်းတို့သုံးကြောင်း အပ်ဒိတ်များအား သင် တွေ့မြင်ရမည်မဟုတ်ပါ။ တုံ့ပြန်မှုသည် ချက်(တ်)အတွင်း သင်၏မက်ဆေ့ချ်ပူဖောင်းထဲတွင် ပေါ်နေဆဲဖြစ်ပါမည်။
- Disable notifications
-
အမည်၊ အကြောင်းအရာနှင့် လုပ်ဆောင်မှုများ
အသိပေးချက်များကို ဖျောက်ထားရန် ချက်(တ်)တစ်ခုကို အသံပိတ်ပါ-
- သင့်အဆက်အသွယ်နှင့် ချက်(တ်)ကို ကြည့်ရှုပြီး စကားပြောဆိုမှုအသေးစိတ်ကို ကြည့်ရှုရန် စခရင်ထိပ်ရှိ ခေါင်းစဉ်ကို နှိပ်ပါ။
- အသံပိတ်ရန်ကို နှိပ်ပါ။
- ဤချက်(တ်)အတွက် အသိပေးချက်များကို မည်မျှကြာအောင် အသံပိတ်ထားလိုကြောင်း ရွေးပါ
- ၁ နာရီ
- ၈ နာရီ
- ၁ ရက်
- ၁ ပတ်
- အမြဲ
- ဘယ်ဘက်အကန့်ရှိ မက်ဆေ့ချ် ကြိုတင်ကြည့်ရှုမှုဘေးတွင် အသံပိတ်ရန် အိုင်ကွန်
ကို မြင်တွေ့ရပါမည်။
- ဤဆက်တင်ကို သုံးလျှင် မက်ဆေ့ချ်အားလုံးကို မည်သူတို့တုံ့ပြန်ထားကြောင်း သို့မဟုတ် မည်သည့်တုံ့ပြန်ချက်ကို ၎င်းတို့သုံးကြောင်း အပ်ဒိတ်များအား သင် တွေ့မြင်ရမည်မဟုတ်ပါ။ တုံ့ပြန်မှုသည် ချက်(တ်)အတွင်း သင်၏မက်ဆေ့ချ်ပူဖောင်းထဲတွင် ပေါ်နေဆဲဖြစ်ပါမည်။
အသံကို စီမံရန်-
- Signal တွင် သင်၏ပရိုဖိုင်
>
စိတ်ကြိုက်ဦးစားပေးများကို နှိပ်ပါ။
- အသံ အသိပေးချက်ကို ဖွင့်ခြင်း ကို ပိတ်ရန် သို့မဟုတ် ဖွင့်ရန်အတွက် အမှန်ခြစ်အကွက်ကို ရွေးပါ။
Desktop အသိပေးချက်များနှင့်ပတ်သက်၍ ပြဿနာများ ရှိနေပါသလား။ ဤပြဿနာဖြေရှင်းနည်း အဆင့်များ အတိုင်း လုပ်ဆောင်ပါ။