အက်ပ်ပြောင်းကိရိယာတွင် Signal အစမ်းကြည့်ရှုမှုများ မပေါ်စေရန်အတွက် တားဆီးရန် သင့်ဖုန်းတွင်သာမျက်နှာပြင်လုံခြုံရေးကို အသုံးပြုပါ။
သင်ဆိုလိုသည်မှာ ဖော်ပြပါတို့ကို ကြည့်ရန် ဟုတ်ပါသလား-
မျက်နှာပြင်လုံခြုံရေးကို မည်သို့ ဖွင့်ပိတ်လုပ်ရမည်နည်း။
Signal တွင် သင့်ပရိုဖိုင် > ဆက်တင် (iOS) > ကိုယ်ပိုင်အချက်အလက်
> မျက်နှာပြင်လုံခြုံရေး (Android) သို့မဟုတ် အက်ပ်ပြောင်း အင်္ဂါရပ်တွင် မျက်နှာပြင်ကို ဖျောက်ထားမည် (iOS) ကိုနှိပ်ပါ
- ဖွင့်ရန်အတွက် ဆလိုက်ဒါကို အပြာရောင်ဖြစ်သွားစေရန် နှိပ်လိုက်ပါ။
- ပိတ်ရန်အတွက် ဆလိုက်ဒါကို မီးခိုးရောင်ဖြစ်သွားစေရန် နှိပ်လိုက်ပါ။
ဖွင့်ထားသောအခါ
- သင်၏ Signal စာသားကို ဖုံးထားရန် Signal လိုဂိုပါရှိသော အပြာရောင် ကိုယ်ပိုင်အချက်အလက် မျက်နှာပြင်တစ်ခု ပေါ်လာပါမည်။
- ၎င်းသည် Signal ၏ စခရင်ရှော့(တ်)များကို သင့်စက်တွင်သာ တားဆီးပေးပါလိမ့်မည်။ ၎င်းက တခြားသူတစ်ယောက်မှ သူတို့၏ စက်တွင်စခရင်ရှော့(တ်)ရိုက်ယူခြင်းကို မတားဆီးနိုင်ပါ။
Microsoft Windows တွင် စခရင်ရှော့(တ်) ဘာကြောင့်ရိုက်၍မရသနည်း။
Signal Desktop သည် ပုံမှန်အားဖြင့် Windows 11 တွင် စခရင်ရှော့(တ်)များကို တားဆီးပေးသောကြောင့် သင်၏ Signal မက်ဆေ့ချ်များကို Microsoft Recall မှ အလိုအလျောက် ဖမ်းယူ၍ သိမ်းဆည်းခြင်း မပြုစေရန် အပိုအကာအကွယ် အလွှာတစ်ခု ထပ်လောင်းပေးသည်။ ကျွန်ုပ်တို့၏ဘလော့ဂ်တွင် Windows အတွက် Signal ၏ မျက်နှာပြင်လုံခြုံရေးအင်္ဂါရပ်အကြောင်း ပိုမိုလေ့လာနိုင်ပါသည်။
ယင်းဆက်တင်ကို ဤနေရာတွင် အလွယ်တကူ ပြောင်းနိုင်သည်-
- Signal Desktop ဆက်တင်
> ကိုယ်ပိုင်အချက်အလက်
> မျက်နှာပြင်လုံခြုံရေး
မျက်နှာပြင်လုံခြုံရေးကို မပိတ်မီ Microsoft Recall ကို လုံးဝပိတ်ရန် သို့မဟုတ် Microsoft ၏ နောက်ဆုံးညွှန်ကြားချက်များကို လိုက်နာခြင်းဖြင့် Signal အပလီကေးရှင်းအတွက် စစ်ထုတ်မှုတစ်ခုကို ထည့်သွင်းရန် တိုက်တွန်းပါသည်။