အချို့သောချက်(တ်)များသည် ဦးစားပေးသတ်မှတ်ခံရရန်၊ တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်တွေ့ရရန် ထိုက်တန်ပါသည်။ သင်၏ ပင်တွဲထားသော ချက်(တ်)များ သို့မဟုတ် စိတ်ကြိုက်ချက်(တ်)များကို မွမ်းမံပြင်ဆင်ရန် အောက်ပါအဆင့်များကို အသုံးပြုပါ။
Android
ပင်တွဲရန်
- ချက်(တ်)စာရင်းသို့ သွားပါ။
- ချက်(တ်)တစ်ခုကို နှိပ်ပြီး ဖိထားပါ။
- မီနူးထဲတွင် ပေါ်နေသည့်
ပင်တွဲမည်ကို နှိပ်ပါ။
ပင်ဖြုတ်ရန်
- ချက်(တ်)စာရင်းသို့ သွားပါ။
- ပင်တွဲထားသော ချက်(တ်)တစ်ခုကို နှိပ်ပြီး ဖိထားပါ။
- မီနူးထဲတွင် ပေါ်နေသည့်
ပင်ဖြုတ်မည်ကို နှိပ်ပါ။
iOS
ပင်တွဲရန်
- သင်၏ချက်(တ်)စာရင်းကို ကြည့်ရှုရန် Signal ကို ဖွင့်ပါ။
- ချက်(တ်)ကို နှိပ်ပြီးနောက် ဖိထားပြီး ညာဘက်သို့ ဖြည်းညင်းစွာပွတ်ဆွဲပါ။
-
ပင်တွဲမည်ကို နှိပ်ပါ။
ပင်ဖြုတ်ရန်
- သင်၏ချက်(တ်)စာရင်းကို ကြည့်ရှုရန် Signal ကို ဖွင့်ပါ။
- ချက်(တ်)ကို နှိပ်ပြီးနောက် ဖိထားပြီး ညာဘက်သို့ ဖြည်းညင်းစွာပွတ်ဆွဲပါ။
-
ပင်ဖြုတ်မည်ကို နှိပ်ပါ။
Desktop
ပင်တွဲရန်
ချက်(တ်) > ချက်(တ်)ဆက်တင် > ချက်(တ်)ကို ပင်တွဲမည်
ကို ရွေးချယ်ပါ
ပင်ဖြုတ်ရန်
ချက်(တ်) > ချက်(တ်)ဆက်တင် ချက်(တ်)ကို ပင်ဖြုတ်မည်
ကို ရွေးချယ်ပါ