Signal ၏ ပုံစံသစ်အဖွဲ့များတွင် အခြားအဖွဲ့ဝင်တစ်ဦးကို မန်းရှင်း သို့မဟုတ် တက်ဂ်လုပ်နိုင်ပါသည်။
အဖွဲ့ချက်(တ်)တွင် အခြားပါဝင်သူတစ်ဦးကို မည်သို့မန်းရှင်းရမည်နည်း။
- အဖွဲ့ချက်(တ်)ကို ဖွင့်ပါ။
- မက်ဆေ့ချ်တစ်စောင် ရေးသားနေစဉ် "@" သင်္ကေတကို ရိုက်ပြီး အဖွဲ့ဝင်တစ်ဦး၏အမည်ကို ရွေးပါ။
- မက်ဆေ့ချ်ပို့ပါ။
- မန်းရှင်းခံရသော အဖွဲ့ဝင်သည် မက်ဆေ့ချ်အတွက် အသိပေးချက်တစ်ခုကို လက်ခံရရှိပါမည်။
- အဖွဲ့ချက်(တ်)တွင် ပါဝင်သူတိုင်းသည် အဖွဲ့ဝင်၏ အဆက်အသွယ်အမည်ကို သူတို့၏ဖုန်းများထဲတွင် သိမ်းထားသည့်အတိုင်း တွေ့မြင်ရပါမည်။ အဖွဲ့ဝင်ကို အဆက်အသွယ်အဖြစ် သိမ်းမထားပါက ၎င်းတို့သည် ထိုအဖွဲ့ဝင်၏ ပရိုဖိုင်အမည်ကို တွေ့မြင်ရပါမည်။
အသံပိတ်ထားသော ချက်(တ်)များတွင် ကျွန်ုပ် မန်းရှင်းခံရသောအခါ အသိပေးချက်များကို မည်သို့စီမံရမည်နည်း။
- သင်၏ အဖွဲ့ချက်(တ်)ကို ဖွင့်ပြီး ချက်(တ်)ဆက်တင်ကို ကြည့်ရှုရန် အဖွဲ့အမည်ကို နှိပ်ပါ။
- အသံများနှင့် အသိပေးချက်များကို နှိပ်ပြီးနောက်
မန်းရှင်းလုပ်ထားမှုများကို နှိပ်ပါ။
- ဖော်ပြပါတို့ထဲမှ တစ်ခုကို ရွေးပါ
- ကျွန်ုပ်ကို အမြဲအသိပေးပါ သို့မဟုတ် အမြဲအသိပေးပါ
- ကျွန်ုပ်ကို အသိမပေးပါနှင့် သို့မဟုတ် အသံပိတ်ထားပါက အသိမပေးပါနှင့်
ဤအဖွဲ့အတွင် မန်းရှင်းလုပ်ရန် အင်္ဂါရပ်ကို မတွေ့ပါ။ ဘာလုပ်ရမည်နည်း။
ဤအင်္ဂါရပ်ကို ဗားရှင်းအဟောင်းသုံးသူများ၏ အဖွဲ့များတွင် မရရှိနိုင်ပါ။
- သင်၏ဖုန်း နှင့် ချိတ်ထားသည့် စက်များအားလုံးတွင် နောက်ဆုံးထွက် ဗားရှင်းသို့ အပ်ဒိတ်လုပ်ပါ။
- ပုံစံသစ်အဖွဲ့တစ်ခုကို ဖွဲ့စည်းပါ။
- သင့်ဖုန်းတွင် မက်ဆေ့ချ်တစ်စောင်ရေးသားရန်အတွက် ချက်(တ်)ကို နှိပ်ပြီး "@" သင်္ကေတကို ရိုက်ထည့်ပါ။
ဖော်ပြတို့ကိုလည်း ကြည့်နိုင်သည်-