အဖွဲ့တစ်ခုကို စီမံရန် ဖော်ပြပါအဆင့်များအတိုင်း လုပ်ဆောင်ပါ-
- အဖွဲ့ဝင်များ သို့မဟုတ် ချက်(တ်)ဆက်တင်များကို ကြည့်ရှုခြင်း
- စီမံသူကို ကြည့်ရှုခြင်း
- အဖွဲ့အမည် သို့မဟုတ် ဓာတ်ပုံကို ပြောင်းလဲပြုပြင်ခြင်း
- အဖွဲ့ဝင်များ ထည့်ပါ။
- အဖွဲ့ဝင်များ ဖယ်ရှားခြင်း
- ဆိုင်းငံ့ထားသော အဖွဲ့ဝင်များကို ကြည့်ရှုခြင်း
- အဖွဲ့ဆိုင်ရာ ပြဿနာဖြေရှင်းခြင်း
ဖော်ပြပါတို့ကို ကြည့်မည်ဟု ဆိုလိုပါသလား-
အဖွဲ့ဝင်များ သို့မဟုတ် ချက်(တ်)ဆက်တင်များကို ကြည့်ရှုခြင်း
- အဖွဲ့ချက်(တ်)ကို ဖွင့်ပါ။
- အဖွဲ့ဆက်တင်ကို ကြည့်ရန် မိုဘိုင်းတွင် အဖွဲ့အမည်ကို နှိပ်ပါ သို့မဟုတ် desktop တွင် မီနူး
ကို နှိပ်ပါ။
အက်မင်ကို ကြည့်ရှုခြင်း
- အဖွဲ့ချက်(တ်)ကို ဖွင့်ပြီး အဖွဲ့ဆက်တင်ကို ကြည့်ရန် မိုဘိုင်းတွင် အဖွဲ့အမည်ကို နှိပ်ပါ သို့မဟုတ် desktop တွင် မီနူး
ကို နှိပ်ပါ။
- အဖွဲ့ဝင်စာရင်းကိုကြည့်ရန် ရွှေ့သွားပြီး အမည်ဘေးတွင် စီမံသူဟု ပြထားသော အဆက်အသွယ်များကို ရှာပါ။
အဖွဲ့အမည်၊ ဓာတ်ပုံ သို့မဟုတ် ရှင်းလင်းဖော်ပြချက်ကို တည်းဖြတ်ခြင်း
အချက်အလက်ကို မည်သူတို့တည်းဖြတ်နိုင်ကြောင်း စီမံသူများ ရွေးနိုင်သည်။
- အဖွဲ့ချက်(တ်)ကို ဖွင့်ပြီး အဖွဲ့ဆက်တင်ကို ကြည့်ရန် မိုဘိုင်းတွင် အဖွဲ့အမည်ကို နှိပ်ပါ သို့မဟုတ် desktop တွင် မီနူး
ကို နှိပ်ပါ။
- အပေါ်ထောင့်တွင် သို့မဟုတ် အဖွဲ့အမည်ဘေးတွင် ရှိသော
သို့မဟုတ် တည်းဖြတ်ရန်ကို နှိပ်ပါ။
- ရွေးချယ်စရာများ-
- အမည်သစ် ရွေးချယ်ခြင်း
- ရှင်းလင်းဖော်ပြချက်အသစ် ရွေးချယ်ခြင်း
- ဓာတ်ပုံအသစ်တစ်ပုံ ရွေးရန် ဓာတ်ပုံကို နှိပ်ခြင်း။
- သိမ်းမည် သို့မဟုတ် အပ်ဒိတ်လုပ်မည်ကို နှိပ်ပါ။
- အဖွဲ့ဝင်အားလုံး တွေ့မြင်နိုင်ရန် အပြောင်းအလဲအကြောင်း သတိပေးချက်ကို ချက်(တ်)ထဲတွင် တင်ထားပါမည်။
အဖွဲ့ဝင်များ ထည့်ခြင်း
အခြားသူများကို မည်သူတို့ထည့်သွင်းနိုင်ကြောင်း စီမံသူများ ရွေးနိုင်သည်။
- အဖွဲ့ချက်(တ်)ကို ဖွင့်ပြီး အဖွဲ့အမည်ကို နှိပ်ပါ။
အဖွဲ့ဝင်များ ထည့်ခြင်းကို ရွေးပါ။
- အဆက်အသွယ်များ ရွေးပါ သို့မဟုတ် ဖုန်းနံပါတ်များ ရိုက်ထည့်ပါ။
- သင်၏အဆက်အသွယ်ကို အဖွဲ့သို့ ဖိတ်ခေါ်၍မရပါက သတိပေးချက်တစ်ခုကို တွေ့မြင်ရပါမည်။
- ပြီးပြီ သို့မဟုတ် အပ်ဒိတ်လုပ်မည်ကို ရွေးပါ။
- အတည်ပြုရန် အိုကေ သို့မဟုတ် အဖွဲ့ဝင်ကိုထည့်သွင်းမည်ကို ရွေးပါ။
- သင့်အဆက်အသွယ်ကို အဖွဲ့ထဲသို့မထည့်မီ အဖွဲ့ဖိတ်ခေါ်ချက်ကို ၎င်းက လက်ခံရန် လိုအပ်နိုင်သည်။
အဖွဲ့ဝင်များ ဖယ်ရှားခြင်း
အခြားသူများကို မည်သူတို့ဖယ်ရှားနိုင်ကြောင်း စီမံသူများ ရွေးနိုင်သည်။
- အဖွဲ့ချက်(တ်)ကို ဖွင့်ပြီး အဖွဲ့အမည်ကို နှိပ်ပါ။
- အဖွဲ့ဝင်စာရင်းကို ကြည့်ရှုပြီး သင်၏ဘေးတွင် စီမံသူ ဟု ဖော်ပြထားကြောင်း အတည်ပြုပါ။ စီမံသူမဟုတ်သူများသည် အဖွဲ့ဝင်များကို မဖယ်ရှားနိုင်ပါ။
- သင်သည် စီမံသူတစ်ဦးဖြစ်ပါက အဖွဲ့ဝင်အမည်ကို နှိပ်ပါ။
- ရွှေ့သွားပြီး အဖွဲ့မှဖယ်ရှားခြင်း ကို ရွေးချယ်ကာ ဖယ်ရှားမည်ကို ရွေးချယ်ပါ။
ဆိုင်းငံ့ထားသော အဖွဲ့ဝင်ဖြစ်ခွင့်တောင်းဆိုချက်များ သို့မဟုတ် ဆိုင်းငံ့ထားသော ဖိတ်ခေါ်ချက်များကို ကြည့်ရှုခြင်း
ဖိတ်ခေါ်ချက်များကို မည်သူတို့စီမံနိုင်ကြောင်း စီမံသူများ ရွေးနိုင်သည်။
- အဖွဲ့ချက်(တ်)ကို ဖွင့်ပြီး အဖွဲ့ဆက်တင်ကို ကြည့်ရန် မိုဘိုင်းတွင် အဖွဲ့အမည်ကို နှိပ်ပါ သို့မဟုတ် desktop တွင် မီနူး
ကို နှိပ်ပါ။
- အဖွဲ့ဝင်ဖြစ်ခွင့်တောင်းဆိုချက်များနှင့် ဖိတ်ခေါ်ချက်များကို ရွေးရန် ရွှေ့သွားပါ။