1. Signal တွင် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပါ။ | 2. အဖွဲ့ဆက်တင်ကို နှိပ်ပြီး "အဖွဲ့လင့်ခ်" ကို နှိပ်ပါ။ | ||
3. အဖွဲ့လင့်ခ်ကို ဖွင့်ပြီးနောက် မျှဝေမည် ကို နှိပ်ပါ။ | 4. သင်နှစ်သက်ရာ ယခင် messenger တစ်ခုခုတွင် မျှဝေလိုက်ပါ။ |
Signal ၏ အဖွဲ့ပုံစံသစ်များ ဖြင့်ဆိုလျှင် လူအများကို လင့်ခ်တစ်ခု မျှဝေပေးလိုက်ရုံဖြင့် အဖွဲ့တွင် ဝင်ရောက်ရန် ဖိတ်ခေါ်နိုင်သည်။ တစ်စုံတစ်ဦးက သင်၏အဖွဲ့ကို လင့်ခ်တစ်ခုမှတစ်ဆင့် ဝင်ရောက်ရန် တောင်းဆိုလာပါက စီမံသူခွင့်ပြုချက်ရှိရန်လည်း သတ်မှတ်ထားနိုင်သည်။
အဖွဲ့လင့်ခ်တစ်ခုကို ကျွန်ုပ် မည်သို့ဖန်တီးရမည်နည်း။
ဤအင်္ဂါရပ်ကို (ဗားရှင်းအဟောင်းသုံးသူများအဖွဲ့ မဟုတ်သော) အဖွဲ့ပုံစံသစ်တွင်သာ ရရှိနိုင်သည်။
- သင်၏ အဖွဲ့ချက်(တ်)ကို ဖွင့်ပြီး ချက်(တ်)ဆက်တင်ကို ကြည့်ရှုရန် အဖွဲ့အမည်ကို နှိပ်ပါ။
- အဖွဲ့လင့်ခ်ကို ရွေးချယ်ပါ။
- အဖွဲ့လင့်ခ်ကို နှိပ်ပါ သို့မဟုတ် မီနူးထဲတွင် ဖွင့်မည်ကို ရွေးချယ်ပါ။
- ရွေးချယ်နိုင်သည်- တစ်စုံတစ်ဦးက အဖွဲ့ကို လင့်ခ်တစ်ခုမှတစ်ဆင့် ဝင်ရောက်ရန် တောင်းဆိုလာပါက စီမံသူခွင့်ပြုချက်ရှိရမည်ဟု သတ်မှတ်ထားရန် အဖွဲ့ဝင်သစ်များကို အတည်ပြုမည်ကို နှိပ်ပါ သို့မဟုတ် မီနူးထဲတွင် ဖွင့်မည်ကို ရွေးချယ်ပါ။
- လင့်ခ်ကို ကူးရန် သို့မဟုတ် မျှဝေရန် မျှဝေမည်ကို နှိပ်ပါ။
တစ်စုံတစ်ဦးအနေဖြင့် အဖွဲ့ကို အခြားမည်သည့်နည်းများဖြင့် ဝင်ရောက်နိုင်သနည်း။
အဆက်အသွယ်တစ်ဦးအတွက် မည်သည့်အက်ပ်ဖြင့်မဆို စကန်ဖတ်ရန် QR ကုဒ်တစ်ခု ပြသထားပါ။
- မိုဘိုင်းတွင် သင်၏ အဖွဲ့ချက်(တ်)ကို ဖွင့်ပြီး ချက်(တ်)ဆက်တင်ကို ကြည့်ရှုရန် အဖွဲ့အမည်ကို နှိပ်ပါ။
- အဖွဲ့လင့်ခ်ကို ရွေးချယ်ပါ။
- မျှဝေမည်ကို ရွေးချယ်ပါ။
- QR ကုဒ်ကို ရွေးချယ်ပါ။
- သင့်ဖုန်းရှိ QR ကုဒ်ကို စကန်ဖတ်ရန် မည်သည့်အက်ပ်ကိုမဆို သင့်အဆက်အသွယ်ကို အသုံးပြုခိုင်းပါ။
ရှိပြီးသား အဖွဲ့လင့်ခ်ကို ဖျက်ပြီး ထိုအဖွဲ့အတွက် လင့်ခ်အသစ်တစ်ခု ဖန်တီးရန် မည်သို့လုပ်ရမည်နည်း။
အဖွဲ့ချက်(တ်)ဆက်တင် > အဖွဲ့လင့်ခ် > လင့်ခ်ကို ပြန်သတ်မှတ်ခြင်းသို့သွားလျက် လင့်ခ်ကို ပြန်သတ်မှတ်ပါ။
အဖွဲ့လင့်ခ်တစ်ခုကို ကျွန်ုပ် မည်သို့ဖျက်ရမည်နည်း။
အဖွဲ့ချက်(တ်)ဆက်တင် > အဖွဲ့လင့်ခ် > အဖွဲ့လင့်ခ်ကို နှိပ်လျက် လင့်ခ်ကိုဖျက်ပါ သို့မဟုတ် ပိတ်ရန်အတွက် မီနူးတွင် ပိတ်မည်ကို ရွေးပါ။
အဖွဲ့လင့်ခ် အင်္ဂါရပ်ကို ကျွန်ုပ် မတွေ့ပါ။ ဘာလုပ်ရမည်နည်း။
ဤအင်္ဂါရပ်ကို ဗားရှင်းအဟောင်းသုံးသူများ၏ အဖွဲ့များတွင် မရရှိနိုင်ပါ။
- သင်၏ဖုန်း နှင့် ချိတ်ထားသည့် စက်များအားလုံးတွင် နောက်ဆုံးထွက် ဘီတာဗားရှင်း သို့ အပ်ဒိတ်လုပ်ပါ။
- ပုံစံသစ်အဖွဲ့တစ်ခုကို ဖွဲ့စည်းပါ။