မက်ဆေ့ချ်ကို ပေးပို့ သို့မဟုတ် ရောက်ရှိခဲ့သည့် အချိန်တံဆိပ်ကဲ့သို့သော ၎င်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်များကို ကြည့်ရှုပါ။
Android သို့မဟုတ် iOS တွင်
- သင့်အဆက်အသွယ်နှင့် ချက်(တ်)တစ်ခုကို ဖွင့်ပါ။
- အလိုရှိသော မက်ဆေ့ချ်သို့ သွားပါ။
- မက်ဆေ့ချ်အကွက်ပေါ်တွင် သို့မဟုတ် အကွက်၏အတွင်းပိုင်း အဖြူရောင်နေရာကို နှိပ်ပြီး ဖိထားပါ။
- သင့်မက်ဆေ့ချ်အသေးစိတ်အချက်အလက်များကို ကြည့်ရန်
အချက်အလက်ကို ရွေးချယ်ပါ။
မှတ်ချက်- မက်ဆေ့ချ် ID ကို ကူးယူရန် လက်ခံရရှိသော အချိန်တံဆိပ်ပေါ်တွင် ကြာကြာနှိပ်ပါ။ ဤလုပ်ဆောင်ချက်ကို လုပ်ဆောင်သည့်အခါ သင့်စက်ပေါ် မူတည်၍ အက်ပ်တွင် တုံ့ပြန်ချက်မရှိနိုင်သော်လည်း ၎င်းကို ကူးယူမည်ဖြစ်သည်။
Desktop တွင်
- မက်ဆေ့ချ်အကွက်အတွင်းဘက်ကို မောက်စ်တင်ပြီး နှိပ်ပါ
။
- သင့်မက်ဆေ့ချ်အသေးစိတ်အချက်အလက်များကို ကြည့်ရန်
အချက်အလက်ကို ရွေးချယ်ပါ။
မှတ်ချက်- မက်ဆေ့ချ် ID ကို ကူးယူရန်အတွက် ပေးပို့သည့်အချိန်ပေါ်တွင်နှိပ်၍ အချိန်တံဆိပ်ကို ကူးယူပါ။