Signal သည် သင့်စက်တွင် မူလရှိသော ကီးဘုတ် သို့မဟုတ် အသွင်းစနစ် အယ်ဒီတာ (IME) ကို အသုံးပြုသည်။ Android စက်အချို့တွင် Android လည်ပတ်မှုစနစ်က ပံ့ပိုးပေးထားသည့် ရွေးချယ်နိုင်သော ကီးဘုတ် ကိုယ်ပိုင်အချက်အလက်အလံကို ဖွင့်ရန်အတွက် နောက်ယောင်ခံမှုမရှိသည့် ကီးဘုတ်ကို ဖွင့်နိုင်သည်။
သင့်ဆက်တင်ကို ပြောင်းရန် အဆင့်များ-
သင်၏မိုဘိုင်းစက်တွင် Signal ဆက်တင် > ကိုယ်ပိုင်အချက်အလက် > နောက်ယောင်ခံမှုမရှိသည့်ကီးဘုတ်သို့ သွားပါ
နောက်ယောင်ခံမှုမရှိသည့် ကီးဘုတ်ကို သင် ဖွင့်လိုက်သောအခါ မည်သည်တို့ဖြစ်လာနိုင်သနည်း-
- သင်၏ကီးဘုတ်သည် သင် ရိုက်ထည့်လိုက်သော အသွင်းစာသားမှ လေ့လာသင်ယူမှုကို ရပ်တန့်လိုက်နိုင်သည်။
- ရေးသွင်းချက်များကို အလိုအလျောက်ဖြည့်သွင်းမှုအတွက် သို့မဟုတ် အကြံပြုချက်အဖြစ် နောက်ပိုင်းတွင် အသုံးပြုရန် သင့်ကီးဘုတ်၏ အဘိဓာန်က မှတ်မိမည်မဟုတ်ပါ။
- အလိုအလျောက်ပြင်ဆင်ခြင်းသည် အလုပ်မလုပ်နိုင်ပါ။ စာလုံးပေါင်းအမှားအယွင်းများကို သင် ပိုမိုသတိပြုမိနိုင်သည်။
အရေးကြီးသည်- ကီးဘုတ်များနှင့် IME များသည် Android ၏ နောက်ယောင်ခံမှုမရှိသည့်ကီးဘုတ် အလံကို လျစ်လျူရှုနိုင်သည်။ အဆိုပါ Android စနစ် အလံသည် အကောင်းဆုံးအားထုတ်မှုတစ်ခုသာဖြစ်ပြီး အာမခံချက်တစ်ရပ်မဟုတ်ပါ။ သင် ယုံကြည်သော ကီးဘုတ် သို့မဟုတ် IME ကို အသုံးပြုရန် အရေးကြီးသည်။ Signal သည် သင့်စက်ပေါ်ရှိ malware ကို သိရှိခြင်း သို့မဟုတ် တားဆီးခြင်း မပြုနိုင်ပါ။