Signal ကို သင့်နိုင်ငံတွင် ပိတ်ပင်ထားပါက Signal ကို စတင်အသုံးပြုရန်နှင့် ဆက်သုံးရန် Proxy တစ်ခုကို အသုံးပြုပါ။ အပြန်အလှန်ဆက်သွယ်ပေးပို့မှုအားလုံးကို proxy အော်ပရေတာက ရှင်းလင်းစွာမြင်တွေ့ရမည်မဟုတ်ပါ။
- Proxy လိပ်စာတစ်ခုကို မည်သို့ရှာဖွေနိုင်သနည်း။
- ကျွန်ုပ်၏ proxy ပိတ်ပင်ခံထားရပါက မည်သို့ဖြစ်မည်နည်း။
- ပလက်ဖောင်းပေါ်တွင်ကြားခံ တစ်ခုကို ချိတ်ဆက်ရန် အဆင့်များအတိုင်း လုပ်ဆောင်ပါ-
Proxy လိပ်စာတစ်ခုကို မည်သို့ရှာဖွေနိုင်သနည်း။
မှတ်ချက်- ထိုလိပ်စာများကို ဖြစ်နိုင်လျှင် မိမိတို့ချင်းသီးသန့် မျှဝေရန် အားလုံးကို ကျွန်ုပ်တို့အကြံပြုပါသည်။
- Twiter ကဲ့သို့သော နေရာများတွင် #SignalProxy Hashtag ကို အသုံးပြုလျက် proxy လင့်ခ်များကိုရှာဖွေပါ။
- သင့်မိတ်ဆွေများနှင့် မိသားစုဝင်များထံမှ လင့်ခ်တစ်ခု ရယူပါ သို့မဟုတ် QR ကုဒ်ကို စကန်ဖတ်ပါ။
- Port 80 နှင့် 443 ကို ရရှိနိုင်သော ဆာဗာတစ်ခုနှင့် ထိုဆာဗာ၏ IP လိပ်စာကို ညွှန်ပြသော ဒိုမိန်းအမည် (သို့မဟုတ် ဒိုမိန်းအခွဲ) တို့ကို အသုံးပြု၍ သင်ကိုယ်တိုင် ဖန်တီးသတ်မှတ်ပါ။ ဤနေရာရှိ GitHub မှ အဆင့်များအတိုင်း လုပ်ဆောင်ပါ။
ကျွန်ုပ်၏ proxy ပိတ်ပင်ခံထားရပါက မည်သို့ဖြစ်မည်နည်း။
Proxy နှင့် ချိတ်ဆက်မှုပြတ်တောက်သွားကြောင်း ညွှန်ပြချက်များ ရှိနေမည်ဖြစ်ပြီး signal ဆက်သွယ်မှုများကို သင် ပေးပို့ သို့မဟုတ် လက်ခံနိုင်တော့မည် မဟုတ်ပါ။ ပိတ်ပင်မခံထားရသော proxy လိပ်စာတစ်ခုသို့ ပြောင်းလဲရန် အထက်ပါ အဆင့်များအတိုင်း လုပ်ဆောင်ပါ။ ကမ္ဘာပေါ်တွင် ဆာဗာများရှိနေသရွေ့ လူအများသုံးနိုင်သော Signal TLS Proxy အရေအတွက်မှာ အကန့်အသတ် မရှိပါ။
Android
- အလိုအလျောက်ချိတ်ဆက်ပါ
- ကိုယ်တိုင်ချိတ်ဆက်ပါ
- ကျွန်ုပ် proxy တစ်ခုနှင့် ချိတ်ဆက်ထားခြင်းရှိမရှိ မည်သို့သိနိုင်သနည်း။
အလိုအလျောက်ချိတ်ဆက်ပါ
- Signal ၏ နောက်ဆုံးထွက် ဗားရှင်းအထိ အပ်ဒိတ်လုပ်ပါ။
- အခြားအက်ပ်တစ်ခုခုမှ လင့်ခ်တစ်ခုကို နှိပ်လိုက်သောအခါ သို့မဟုတ် QR ကုဒ်ကို စကန်ဖတ်လိုက်သောအခါ အက်ပ်သည် proxy ပံ့ပိုးမှုကို အလိုအလျောက်သတ်မှတ်ပေးနိုင်သည်။
ကိုယ်တိုင်ချိတ်ဆက်ပါ
- Signal ၏ နောက်ဆုံးထွက် ဗားရှင်းအထိ အပ်ဒိတ်လုပ်ပါ။
- Signal ကို သင် ယခုလေးတင် ထည့်သွင်းလိုက်ခြင်းဖြစ်ပါက မီနူး > ကြားခံအသုံးပြုမည်ကို နှိပ်ပါ၊ ကြားခံလိပ်စာ ရိုက်ထည့်ပါ
- Signal တွင် သင် စာရင်းသွင်းထားပြီးဖြစ်ပါက Signal ဆက်တင်
> ဒေတာနှင့် သိုလှောင်မှု > proxy အသုံးပြုမည်ကို နှိပ်ပါ
ကျွန်ုပ် proxy တစ်ခုနှင့် ချိတ်ဆက်ထားခြင်းရှိမရှိ မည်သို့သိနိုင်သနည်း။
ချိတ်ဆက်ပြီး
|
|
ချိတ်ဆက်နေသည်
|
|
ချိတ်ဆက်ပြတ်သည်
|
iOS
- အလိုအလျောက်ချိတ်ဆက်ပါ
- ကိုယ်တိုင်ချိတ်ဆက်ပါ
- ကျွန်ုပ် proxy တစ်ခုနှင့် ချိတ်ဆက်ထားခြင်းရှိမရှိ မည်သို့သိနိုင်သနည်း။
အလိုအလျောက်ချိတ်ဆက်ပါ
- Signal ၏ နောက်ဆုံးထွက် ဗားရှင်းအထိ အပ်ဒိတ်လုပ်ပါ။
- လင့်ခ်တစ်ခုကို သင်နှိပ်လိုက်သောအခါ အက်ပ်သည် proxy ပံ့ပိုးမှုကို အလိုအလျောက်သတ်မှတ်ပေးနိုင်သည်။
ကိုယ်တိုင်ချိတ်ဆက်ပါ
- Signal ၏ နောက်ဆုံးထွက် ဗားရှင်းအထိ အပ်ဒိတ်လုပ်ပါ။
- Signal တွင် သင် စာရင်းသွင်းထားပြီးဖြစ်ပါကSignal ဆက်တင်
> ကိုယ်ပိုင်အချက်အလက် > အဆင့်မြင့် > Proxy သို့ သွားပါ
ကျွန်ုပ် proxy တစ်ခုနှင့် ချိတ်ဆက်ထားခြင်းရှိမရှိ မည်သို့သိနိုင်သနည်း။
ချိတ်ဆက်ပြီး
|
|
ချိတ်ဆက်နေသည်
|
|
ချိတ်ဆက်ပြတ်သည်
|
Desktop
ဆင်ဆာဖြတ်တောက်မှုကို ကျော်လွှားနိုင်စေမည့် ရွေးချယ်စရာအချို့ကို ကျွန်ုပ်တို့ ရှာဖွေဖော်ထုတ်နေပါသည်။ သင့်ဖုန်းအတွက်သုံးခဲ့သည့် နည်းပညာကို လက်ရှိတွင် အသုံးပြုရန်မဖြစ်နိုင်ပါ၊ သို့သော် ပြောင်းလဲလာလိမ့်မည်ဟု မျှော်လင့်ပါသည်။