- သတ်မှတ်ချက်များ
- ကျွန်ုပ်၏ Signal PIN ကို ဘာကြောင့် ပြောင်းလဲရန်လိုသနည်း။
- ပံ့ပိုးပေးထားသော Cryptocurrency များ
- ငွေပေးချေမှုများ ဖွင့်မယ်
- ငွေပေးချေမှု အသေးစိတ်အချက်များ
- ငွေပေးချေမှု ပေးပို့ခြင်း
- ငွေပေးချေမှု တောင်းဆိုခြင်း
- ငွေပေးချေမှု ပယ်ဖျက်ခြင်း သို့မဟုတ် မလုပ်တော့ခြင်း
- ငွေပေးချေမှုများ ပိတ်မယ်
- စကားဝှက်ဖြင့် Wallet ကို ပြန်လည်ရယူခြင်း
- Wallet စကားဝှက်ကို ကြည့်ရှုခြင်း
- အိတ်ချိန်းတစ်ခုမှ ငွေလွှဲယူခြင်း
- အိတ်ချိန်းတစ်ခုသို့ ငွေလွှဲပို့ခြင်း
- Signal ကို ဖြုတ်လိုက်ခြင်း
သတ်မှတ်ချက်များ
- ဖုန်းအတွက်ရရှိနိုင်သော Signal နောက်ဆုံးထွက်ဗားရှင်းကို သင် အသုံးပြုနေခြင်းဖြစ်ရပါမည်။
- Signal ဆက်တင်
> အကောင့်ထဲတွင် ဖွင့်ထားသော Signal PIN။
- ငွေပေးချေမှုပြုလုပ်နိုင်ရန် ဖွင့်ထားခြင်း။
- အချို့ဒေသများနှင့် နိုင်ငံများတွင် မရရှိနိုင်ပါ။
ကျွန်ုပ်၏ Signal PIN ကို ဘာကြောင့်ပြောင်းလဲရန်လိုသနည်း။
သင် ပြန်လည်ထည့်သွင်းလိုက်ပါက Signal အကောင့်နှင့် ချိတ်ဆက်ထားသော Wallet ကို ပြန်ရယူရန် Signal PIN ကို အသုံးပြုရသည်။ ဖော်ပြပါတို့ ဖြစ်နေလျှင် PIN ပြောင်းရန် သင့်ကို တောင်းဆိုပါမည်
- သင်၏ Signal အကောင့်နှင့် ချိတ်ဆက်ထားသော Wallet ထဲတွင် အနည်းဆုံး လက်ကျန်ငွေ 500 MOB ရှိနေခြင်းနှင့်
- PIN သည် အက္ခရာနှင့် ဂဏန်း နှစ်မျိုးစလုံးဖြင့် ဖွဲ့စည်းမထားခြင်း။
PIN ကို Signal က သိရှိမထားရာ ၎င်းကို သင်မေ့သွားပါက ပြန်လည်သတ်မှတ်၍မရနိုင်ပါ။
ပံ့ပိုးပေးထားသော Cryptocurrency များ
MobileCoin
MobileCoin သည် သင့်ဖုန်းတွင် ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် အသုံးပြုရန် စီမံဖန်တီးထားသော Cryptocurrency တစ်ခု ဖြစ်ပါသည်။ ငွေလွှဲပြောင်းမှုနှင့်ပတ်သက်သော အချက်အလက်များကို လျှို့ဝှက်ထားသည်- ပေးပို့သူ၊ လက်ခံသူ၊ လွှဲပြောင်းလိုက်သောပမာဏနှင့် မက်ဆေ့ချ်အားလုံးကို Signal က မသိရှိပါ။
ငွေပေးချေမှုများပြုလုပ်နိုင်ရန် ဖွင့်ခြင်း
ငွေပေးချေမှုများပြုလုပ်ရန် ဖွင့်ခြင်းသည် ပံ့ပိုးပေးထားသော cryptocurrency များအား ပေးပို့ရန်နှင့် လက်ခံရန် သင့်ကို ခွင့်ပြုပါမည်။
- အထက်တွင် စာရင်းပြုစုထားသည့် သတ်မှတ်ချက်များကို ဖြည့်ဆည်းပါ။
- သင့်ဖုန်းတွင် Signal ဆက်တင်
သို့သွားပြီး > ငွေပေးချေမှုများ > ငွေပေးချေမှုပြုလုပ်ရန် ဖွင့်ခြင်း > စည်းကမ်းချက်များကို လက်ခံပြီး သဘောတူပါ။
ငွေပေးချေမှု အသေးစိတ်အချက်များ
ငွေလွှဲပြောင်းမှုများကို ကြည့်ရှုခြင်း
ငွေပေးချေမှုပမာဏနှင့် လုပ်ဆောင်သည့်အချိန် အပါအဝင် ငွေလွှဲပြောင်းမှုဆိုင်ရာ အသေးစိတ်အချက်အလက်များသည် MobileCoin စာရင်းစာအုပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၎င်းတို့ကို Signal က မသိရှိပါ။
- သင့်ဖုန်းပေါ်တွင် Signal ဆက်တင်
> ငွေပေးချေမှုများထဲ၌ ငွေလွှဲပြောင်းမှုမှတ်တမ်းနှင့် အသေးစိတ်အချက်များကို ကြည့်ရှုပါ။
- ငွေလွှဲပြောင်းမှုတစ်ခုကို နှိပ်ပြီး ၎င်း၏အခြေအနေနှင့် မက်ဆေ့ချ်ကို ကြည့်ရှုပါ။
- ငွေလွှဲပြောင်းမှုအနည်းငယ် ပြုလုပ်ပြီးနောက်တွင် ပေးပို့မှုလုပ်ဆောင်ချက်နှင့် လက်ခံရရှိမှုလုပ်ဆောင်ချက်များကို သီးခြားစီကြည့်ရှုရန် အားလုံးကိုကြည့်မည်ကို နှိပ်ပါ။
ကွန်ရက်အဖိုးအခနှင့် အကြွေစေ့ရှင်းရေးအခကြေး
အဖိုးအခအားလုံးကို MobileCoin မှ ဆုံးဖြတ်သတ်မှတ်ပြီး ကောက်ယူခြင်းဖြစ်ကာ Signal မှမဟုတ်ပါ။
ငွေလွှဲပြောင်းမှု လုပ်ဆောင်ရန် သင့်လက်ထဲတွင်ရှိသော အကြွေစေ့များကို ပေါင်းစပ်သော်လည်း မလုံလောက်ခဲ့လျှင် အကြွေစေ့ရှင်းရေးအခကြေးကို ကောက်ယူပါမည်။ ၎င်းကို Defrag လုပ်ခဟုလည်း ခေါ်သည်။
- သင်၏ ငွေစုစုပေါင်း သို့မဟုတ် အကြွေစေ့စုစုပေါင်းကို သင်ပြုလုပ်သော ငွေလွှဲပြောင်းမှု မှတ်တမ်းတစ်ရပ်အဖြစ် ရှုမြင်ပါသည်။
- အသွင်း သို့မဟုတ် အထုတ် 16 ခုထက် ပိုမိုပါဝင်သော ငွေပေးချေမှုတစ်ခုကို သင် ပေးပို့ရန် သို့မဟုတ် လက်ခံရန် လိုအပ်ပါက အကြွေစေ့ရှင်းရေးအခကြေး ရှိပါသည်။
ငွေကြေးလဲလှယ်မှုကို ပြောင်းလဲခြင်း
- ငွေကြေးအမျိုးအစားသည် သင့် Signal နံပါတ်၏ နိုင်ငံကုဒ်အပေါ် အခြေခံသည်။
- မတူညီသော ငွေကြေးအမျိုးအစားတစ်ခုသို့ ကူးပြောင်းရန် Signal ဆက်တင်
> ငွေပေးချေမှုများ > မီနူး > ငွေကြေးအမျိုးအစားသတ်မှတ်ခြင်း > ငွေကြေးအမျိုးအစားကို ရွေးချယ်ပါ။
- ငွေကြေးလဲလှယ်မှုသည် လက်ရှိ ငွေလက်ကျန်အပေါ် သက်ရောက်ပါမည်။ ယခင်ငွေလွှဲပြောင်းမှုများနှင့် မသက်ဆိုင်ပါ။
ငွေကြေးလဲလှယ်မှုဆိုင်ရာ လတ်ဆတ်မှု
- ငွေကြေးလဲလှယ်မှုများသည် ငွေလွှဲသည့်အချိန်တွင် လမ်းညွှန်ချက်အဖြစ် အသုံးပြုသင့်သော ခန့်မှန်းဈေးနှုန်းများ ဖြစ်သည်။
- ငွေလဲနှုန်းများမှာ ပြောင်းလဲနေသောကြောင့် ငွေကြေးလဲလှယ်မှုများမှာလည်း အတက်အကျရှိနေမည်ဖြစ်သည်။
ငွေပေးချေမှု ပေးပို့ခြင်း
ဤလုပ်ဆောင်ချက်ကို ပြန်ပြင်၍မရပါ။ မည်သည့်နေရာသို့ သင် ပေးပို့နေခြင်းဖြစ်ကြောင်း သေချာသိအောင်လုပ်ပါ။
- သင့်ဖုန်းတွင် Signal ဆက်တင်
> ငွေပေးချေမှုများ > ငွေပေးချေမှုပေးပို့ခြင်းသို့ သွားပါ။
- ငွေပေးချေမှုများကို လက်ခံသည့် အဆက်အသွယ်တစ်ခုကို ရွေးပါ။
- သင် ပေးပို့လိုသော ပမာဏကို ရိုက်ထည့်ပါ။
- မှတ်ချက်တစ်ခု ထည့်သွင်းပြီး အမှန်ခြစ်အမှတ်အသားကို ရွေးပါ။
- ပေးချေမည်ကို နှိပ်ပါ။
- ငွေပေးချေမှု အတည်ပြုမည်ကို နှိပ်ပါ။
မှတ်သားရန်- ဤလုပ်ဆောင်ချက်ကို ပြန်ပြင်၍မရပါ။ သင် အတည်ပြုလိုက်သောအခါ ငွေများကို စီမံဆောင်ရွက်လိုက်ပါမည်။
သို့မဟုတ်
- သင့်အဆက်အသွယ်နှင့် ချက်(တ်)တစ်ခုသို့ သွားပါ။
- ပူးတွဲဖိုင် အိုင်ကွန်ကို ရွေးပြီး ငွေပေးချေခြင်းကို ရွေးပါ။
- သင် ပေးပို့လိုသော ပမာဏကို ရိုက်ထည့်ပါ။
- မှတ်ချက်တစ်ခု ထည့်သွင်းပြီး အမှန်ခြစ်အမှတ်အသားကို ရွေးပါ။
- ပေးချေမည်ကို နှိပ်ပါ။
- ငွေပေးချေမှု အတည်ပြုမည်ကို နှိပ်ပါ။
မှတ်သားရန်- ဤလုပ်ဆောင်ချက်ကို ပြန်ပြင်၍မရပါ။ သင် အတည်ပြုလိုက်သောအခါ ငွေများကို စီမံဆောင်ရွက်လိုက်ပါမည်။
ငွေပေးချေမှု တောင်းဆိုခြင်း
လက်ရှိအချိန်တွင် ၎င်းကို မပံ့ပိုးပေးပါ။
ငွေပေးချေမှု ပယ်ဖျက်ခြင်း သို့မဟုတ် မလုပ်တော့ခြင်း
ပေးပို့မည်ကို သင် နှိပ်ပြီးသောအခါ ငွေပေးချေမှုကို ပယ်ဖျက်၍မရတော့ပါ။ သင့်အဆက်အသွယ်ထံသို့ မက်ဆေ့ချ်ပို့ပြီး သင့်ထံသို့ ငွေပေးချေမှုတစ်ခု ပေးပို့ရန် တောင်းဆိုနိုင်သည်။
ပေးပို့မည်ကို နှိပ်လိုက်ပါက ငွေပေးချေမှုကို ဆောင်ရွက်လိုက်ပါမည်။ ပေးပို့မည်ကို သင် နှိပ်လိုက်ပါက ဖုန်းပိတ်ခြင်း သို့မဟုတ် ချိတ်ဆက်မှုပိတ်ထားခြင်းသည် ငွေပေးချေမှုကို ဟန့်တားမည်မဟုတ်ပါ။
ငွေပေးချေမှုများကို ပိတ်ခြင်း
သင် ပိတ်လိုက်ပြီးနောက် Signal တွင် ငွေပေးချေမှုများကို ပေးပို့ သို့မဟုတ် လက်ခံနိုင်တော့မည်မဟုတ်ပါ။
- အကြံပြုထားသည်- ဆက်မလုပ်မီ Wallet စကားဝှက်ကို ကြည့်ရှုပြီး ကူးထားပါ။
- သင့်ဖုန်းတွင် Signal ဆက်တင်
> ငွေပေးချေမှုများ > > မီနူး > ငွေပေးချေမှုပိတ်ခြင်းသို့ သွားပါ။
- အကြံပြုထားသည်- ငွေလက်ကျန်ကို ထပ်မံအသုံးပြုရန် လွှဲပြောင်းပါ။
မှတ်သားရန်- လွှဲပြောင်းခြင်းမပြုရန် သင် ရွေးချယ်လိုက်ပါက ၎င်းသည် သင် ပြန်မဖွင့်မချင်း Signal အကောင့်ထဲတွင် ကျန်ရှိနေပါမည်။ - ပိတ်မည်ကို နှိပ်ပါ။
စကားဝှက်ဖြင့် Wallet ကို ပြန်လည်ရယူခြင်း
သင် ယခင်က မှတ်သားထားခဲ့သည့် ပြန်လည်ရယူမှုစကားဝှက်ကို အသုံးပြုခြင်းဖြင့် သင့် Signal အကောင့်နှင့် ချိတ်ထားသော Wallet ကို ပြန်လည်ရယူပါ။ သင်၏ပြန်လည်ရယူမှု စကားဝှက်သည် စုစုပေါင်း စာလုံး 24 လုံးဖြစ်သည်။
- စာလုံး 24 လုံးကို အသင့်ပြင်ထားပါ။
- သင့်ဖုန်းတွင် Signal ဆက်တင်
> ငွေပေးချေမှုများ > ငွေပေးချေမှုအကောင့်ကို ပြန်လည်ရယူခြင်းသို့ သွားပါ။
- စတင်မည်ကို နှိပ်ပါ။
- စာလုံးတစ်လုံး ရိုက်ထည့်ပါ။
- နောက်သို့ကို ရွေးပါ။
- စာလုံး 24 လုံးစလုံး အစီအစဉ်တကျ ရိုက်ထည့်ပြီးသည်အထိ ထပ်လုပ်ပါ။
- ပြန်လည်ရယူရေး စကားစုစာရင်းကို ပြန်၍ကြည့်ရှုပါ။
- စကားဝှက်ကို တင်ပြရန် နောက်သို့ကို နှိပ်ပါ။
- စကားဝှက် မမှန်ပါက အစမှပြန်လည်စတင်ရပါမည်။
Wallet စကားဝှက်ကို ကြည့်ရှုခြင်း
Signal ကို သင် ပြန်လည်ထည့်သွင်းသောအခါ Signal PIN ကို အတည်ပြုနိုင်ပါက သင်၏ငွေလက်ကျန်ကို အလိုအလျောက်ပြန်လည်ရရှိပါမည်။ သင်နှင့်သာ သီးသန့်သက်ဆိုင်သော 24 လုံးပါ စကားစုဖြစ်သည့် ပြန်လည်ရယူရေး စကားစုကို အသုံးပြု၍လည်း သင်၏ငွေလက်ကျန်ကို ပြန်လည်ရရှိနိုင်သည်။ ၎င်းကို ရေးမှတ်ထားပြီး လုံခြုံသောနေရာတစ်ခုတွင် သိမ်းဆည်းထားပါ။ ထိုစာရင်းကို ဖန်တီးပြုလုပ်ပြီးနောက်တွင် ထပ်မံကြည့်ရှုနိုင်သည်။
- သင့်ဖုန်းတွင် Signal ဆက်တင်
> ငွေပေးချေမှုများ > မီနူး > ပြန်လည်ရယူရေး စကားစုကို ကြည့်မည်သို့ သွားပါ။
- စတင်မည်ကို နှိပ်ပါ။
- စာလုံး 24 လုံးကို အစီအစဉ်အတိုင်း မှတ်သားပါ။
- နောက်သို့ကို နှိပ်ပါ။
- တောင်းဆိုထားသော စာလုံးနှစ်လုံးကို ရိုက်ထည့်ပါ။
- ပြီးပြီကို နှိပ်ပါ။
- ဤသည်ကို သင် ပထမဆုံးအကြိမ် ပြီးစီးအောင်လုပ်သောအခါ ပြန်လည်ရယူမှု စကားဝှက်ကို သိမ်းဆည်းသည်။
မှတ်သားရန်- ကြိုးစားမှုအကြိမ်ရေ ကန့်သတ်ထားသည်။
အိတ်ချိန်းတစ်ခုမှ ငွေလွှဲယူခြင်း
သင်၏ Signal အကောင့်နှင့် ချိတ်ထားသော Wallet သို့ ထည့်သွင်းနိုင်ခြင်း မရှိမီ အိတ်ချိန်းတစ်ခုတွင် ပံ့ပိုးပေးထားသော cryptocurrency တစ်ခုကို သင် အသုံးပြုနိုင်ရပါမည်။
- သင့်ဖုန်းတွင် Signal ဆက်တင်
> ငွေပေးချေမှုများ > ငွေထည့်ခြင်းသို့ သွားပါ။
- သင်၏ Signal အကောင့်နှင့် ချိတ်ထားသော Wallet လိပ်စာကို ကူးရန် ကူးယူမည်ကို နှိပ်ပါ။
- ပံ့ပိုးပေးထားသော အိတ်ချိန်းတစ်ခုသို့ သွားပါ။
- သင်၏အိတ်ချိန်းတွင် ပေးပို့ရန် အဆင့်များအတိုင်း လုပ်ဆောင်ပါ၊ သင်၏ Signal အကောင့်နှင့်ချိတ်ဆက်ထားသော Wallet လိပ်စာကို ကူးထည့်ပြီး ပေးပို့ပါ။
- Signal ဆက်တင်
> ငွေပေးချေမှုများသို့ ပြန်သွားပါ။
အိတ်ချိန်းတစ်ခုသို့ ငွေလွှဲပို့ခြင်း
ဤလုပ်ဆောင်ချက်ကို ပြန်ပြင်၍မရပါ။ မည်သည့်နေရာသို့ သင် လွှဲနေခြင်းဖြစ်ကြောင်း သေချာသိအောင်လုပ်ပါ။
- သင့်ဖုန်းတွင် Signal ဆက်တင်
> ငွေပေးချေမှုများ > မီနူး > အိတ်ချိန်းသို့လွှဲမည်သို့ သွားပါ။
- သင်၏အိတ်ချိန်းသို့သွားပြီး ပိုက်ဆံအိတ်လိပ်စာကို ကြည့်ပါ။
- အိတ်ချိန်းမှ Wallet လိပ်စာကို Signal တွင် စကန်ဖတ်ပါ သို့မဟုတ် ရိုက်ထည့်ပါ။ လိပ်စာအတွက် QR ကုဒ်အောက်တွင် အများဆုံးရှိတတ်သော ကိန်းဂဏန်းနှင့် အက္ခရာ 26-35 လုံးပါ အတွဲကို ရှာကြည့်ပါ။
- နောက်သို့ကို နှိပ်ပါ။
- ပေးချေမည်ကို နှိပ်ပါ။
- အတည်ပြုမည်ကို နှိပ်ပါ။
မှတ်သားရန်- ဤလုပ်ဆောင်ချက်ကို ပြန်ပြင်၍မရပါ။
Signal ကို ဖြုတ်လိုက်ခြင်း
- သင်၏ Signal PIN ကို သင် မှတ်မိပါက ဆက်တင်များနှင့် သင့် Signal အကောင့်နှင့်ချိတ်ထားသော ပိုက်ဆံအိတ်ကို ပြန်လည်ရယူနိုင်သည်။
- သင်၏ Signal PIN ကို သင် မသိပါက သင့် Signal အကောင့်နှင့် ချိတ်ထားသော wallet ကို စာရင်းသွင်းပြီး စာလုံး 24 လုံးပါ စကားဝှက်ဖြင့် ပြန်လည်ရယူနိုင်သည်။ အထက်ဖော်ပြပါ အဆင့်များအတိုင်း လုပ်ဆောင်ပါ။