စတိုရီများသည် သင်၏ အဆက်အသွယ်များနှင့် အဖွဲ့များနှင့်အတူ ဝေမျှနိုင်သော ဓာတ်ပုံ၊ ဗီဒီယို သို့မဟုတ် စာသားဆိုင်ရာ ယာယီပို့စ်များ ဖြစ်ပါသည်။ ၎င်းတို့သည် 24 နာရီပြီးနောက် အော်တို သက်တမ်းကုန်ပါသည်။
- Signal ရှိ စတိုရီများသည် မည်သို့ ကွဲပြားကြပါသနည်း။
- စတိုရီကို မည်သူတို့နှင့် ဝေမျှနိုင်ပါသနည်း။
- ကျွန်ုပ်၏ Signal အဆက်အသွယ်မှာ မည်သူနည်း။
- လူတစ်ချို့အား ကျွန်ုပ်၏ စတိုရီကို မြင်ရခြင်းမှ မည်သို့ကာကွယ်နိုင်ပါသနည်း။
- စတိုရီကို မည်သို့ဖန်တီးရသနည်း သို့မဟုတ် စတိုရီတွင် မည်သို့ပေါင်းထည့်ရသနည်း။
- စတိုရီကို မည်သို့ဖျက်ရသနည်း။
- စတိုရီများကို မည်သို့ ကြည့်ရှုရသနည်း။
- ကျွန်ုပ်၏ စတိုရီအား မြင်ပြီးသူများကို မည်သို့သိရှိနိုင်သနည်း။
- လူများက ၎င်းတို့၏ စတိုရီကို ကျွန်ုပ် ကြည့်ရှုခဲ့ကြောင်း သိရှိပါမည်လား။
- ကျွန်ုပ်၏ စတိုရီအား တစ်စုံတစ်ယောက်က အကြောင်းပြန်နိုင်ခြင်းရှိ၊ မရှိကို မည်သို့စီမံရပါသနည်း။
- စတိုရီများအတွက် ပြန်စာများကို မည်သို့ကြည့်ရှုရပါသနည်း။
- တစ်စုံတစ်ယောက်၏ စတိုရီကို မတွေ့ချင်ပါက မည်သို့ဝှက်ရပါသနည်း။
- တစ်စုံတစ်ယောက်၏ စတိုရီကို ပြန်တွေ့ချင်ပါက ဝှက်ထားသည်မှ မည်သို့ပြန်ဖျက်ရပါသနည်း။
- စတိုရီများကို မည်သို့ပိတ်ရပါသနည်း။
- စတိုရီများကို မည်သို့ပြန်ဖွင့်ရပါသနည်း။
- အကူအညီလိုအပ်ပါက မည်သို့လုပ်ရပါမည်နည်း။
Signal ရှိ စတိုရီများသည် မည်သို့ ကွဲပြားကြပါသနည်း။
Signal ရှိ အခြားအရာများကဲ့သို့ပင် စတိုရီများကို End-to-end ကုဒ်ပြောင်းဝှက်မှု လုပ်ထားပြီး သင်နှင့် သင်ဝေမျှရန် ရွေးထားသူများသာ မြင်နိုင်အောင် ပြုလုပ်ထားခြင်းဖြင့် သီးသန့်ဆန်ပါသည်။ ခြေရာခံခြင်း မရှိ၊ စောင့်ကြပ်ခြင်း မရှိ – အရေးကြီးသည်မှာ – စိတ်အနှောင့်အယှက်ဖြစ်စေသော ကြော်ငြာများ မဆုံးနိုင်အောင် ထုတ်လွှင့်မှု မရှိ။
စတိုရီကို မည်သူတို့နှင့် ဝေမျှနိုင်ပါသနည်း။
သင့်စတိုရီများအား ဝေမျှမည့်သူများကို သင်စိတ်ကြိုက်ပြင်ဆင်နိုင်ပါသည်။ သင်ဝေမျှနိုင်သည့် စတိုရီ အမျိုးအစား သုံးမျိုးရှိပါသည်။
စတိုရီ အမျိုးအစား |
ဖော်ပြပါနှင့် ဝေမျှမည် … |
ကျွန်ုပ်၏ စတိုရီ |
|
စိတ်ကြိုက်စတိုရီ |
|
အဖွဲ့ စတိုရီ |
|
ကျွန်ုပ်၏ Signal အဆက်အသွယ်မှာ မည်သူနည်း။
- Signal သုံးသော သင့်ဖုန်း၏ အဆက်အသွယ် စာရင်းရှိ လူတိုင်း။
- သင်က အဆက်အသွယ်အဖြစ် မထည့်ထားသည့်တိုင်အောင် Signal အတွင်း 1:1 စကားပြောဆိုမှု ရှိထားသူတိုင်း။
- Signal တွင် မက်ဆေ့ချ် တောင်းဆိုမှု သင်လက်ခံထားသူတိုင်း။
- သင့်ဖုန်းတွင် Signal ဆက်တင်
> စတိုရီ > ကျွန်ုပ်၏ စတိုရီ > ကြည့်ရှုရန်ကို ရွေးရန်သို့ သွားပါ။
လူတစ်ချို့အား ကျွန်ုပ်၏ စတိုရီကို မြင်ရခြင်းမှ မည်သို့ကာကွယ်နိုင်ပါသနည်း။
အချို့အဆက်အသွယ်များမှ စတိုရီများကို ဝှက်နိုင်ပါသည်။
- သင့်ဖုန်းတွင် Signal ဆက်တင် (ပရိုဖိုင်) > စတိုရီ > ကျွန်ုပ်၏ စတိုရီ > ခြွင်းချက်အားလုံးကို ရွေးရန်… သို့မဟုတ် ဖော်ပြပါတို့နှင့်သာ ဝေမျှရန်... သို့ သွားပါ။
စတိုရီကို မည်သို့ဖန်တီးရသနည်း သို့မဟုတ် စတိုရီတွင် မည်သို့ပေါင်းထည့်ရသနည်း။
- စတိုရီ တက်ဘ်
ကို ရွေးပါ။
- + အိုင်ကွန်ဖြင့် သင့်ရုပ်ပုံကို နှိပ်ပါ။
- ဓာတ်ပုံ သို့မဟုတ် စာသားဖြင့် စတိုရီကို ဖန်တီးပါ။
- နောက်သို့ကို နှိပ်ပါ။
- ကျွန်ုပ်၏ စတိုရီကို ရွေးပါ၊ + အသစ် သို့မဟုတ် လက်ရှိအဖွဲ့ကို ရွေးပါ။
- သီးသန့်လူများပါသည့် စိတ်ကြိုက်စာရင်းသို့ သို့မဟုတ် လက်ရှိ အဖွဲ့ ချက်(တ်)သို့ ပေးပို့ရန် + အသစ်ကို ရွေးပါ။
- စတိုရီ တက်ဘ်
ကို ရွေးပါ။
- ကျွန်ုပ်၏ စတိုရီကို ရွေးပါ။
- နောက်ထပ် ရွေးစရာများအတွက် အစက်သုံးစက် မီနျူးကို နှိပ်ပါ
။
- ဖျက်ရန်ကို ရွေးပါ။
စတိုရီများကို မည်သို့ ကြည့်ရှုရသနည်း။
- သင်သည် Signal ၏ နောက်ဆုံးထွက် ဗားရှင်းကို သုံးနေကြောင်း အတည်ပြုပါ။
- အက်ပ်ကို ပွတ်ဆွဲပြီး ပိတ်ရန် လိုအပ်နိုင်ပြီး ဤလုပ်ဆောင်ချက်ကို ပြသရန် 2 နာရီ စောင့်ဆိုင်းရနိုင်ပါသည်။
- စတိုရီ တက်ဘ်
ကို ရွေးပါ။
- အဆက်အသွယ်တစ်ခု သို့မဟုတ် အဖွဲ့တစ်ခုအတွက် စတိုရီများကို စတင်ကြည့်ရှုရန် ထိုအဆက်အသွယ် သို့မဟုတ် အဖွဲ့ကို နှိပ်ပါ။
- မဖြစ်မနေ မဟုတ်ပါ- အီမိုဂျိ သို့မဟုတ် ပြန်စာ ပေးပို့ပါ။
- အဆက်အသွယ်သို့ ပို့ထားသော ပြန်စာများသည် ၎င်းတို့နှင့် သင်တိုက်ရိုက်ပြောနေသော ချက်(တ်)တွင် ပေါ်နေပါမည်။
- အဖွဲ့သို့ ပို့ထားသော ပြန်စာများသည် စတိုရီတွင်သာ ပေါ်နေပါမည်။
ကျွန်ုပ်၏ စတိုရီအား မြင်ပြီးသူများကို မည်သို့သိရှိနိုင်သနည်း။
- ကြည့်ရှုပြီးကြောင်းညွှန်ပြမှုများကို ဖွင့်ထားပါက စတိုရီကို ကြည့်ထားသည့်အခါ သင့်စတိုရီများအား မြင်တွေ့ခဲ့သူများကို သင်သာ တွေ့ရပါမည်။ သင့်ဖုန်းတွင် Signal ဆက်တင်
> စတိုရီ > ကြည့်ရှုပြီးကြောင်းညွှန်ပြမှုများကို ဖွင့်ထားကြောင်း အတည်ပြုရန်သို့ သွားပါ။
- စတိုရီ ကာလမကျော်မီ စတိုရီ တက်ဘ်
> ကျွန်ုပ်၏ စတိုရီ ကို ရွေးပါ > သင့်စတိုရီကို နှိပ်ပါ > အောက်ခြေရှိ ကြည့်ရှုမှုများကို ရွေးပါ။
- “ကျွန်ုပ်၏ စတိုရီ” သို့မဟုတ် စိတ်ကြိုက်စာရင်းသို့ ပို့သော စတိုရီများအတွက် သင့်အဆက်အသွယ်နှင့် တိုက်ရိုက်ပြောသည့် ချက်(တ်)တွင် ပြန်စာများကို ကြည့်ပါ။
- သင့်အဖွဲ့သို့ ပို့သော စတိုရီများအတွက် အဖွဲ့ စတိုရီကို ကြည့်ပြီး ပြန်စာများ သို့မဟုတ် ကြည့်ရှုမှုများကို ရွေးပါ။
လူများက ၎င်းတို့၏ စတိုရီကို ကျွန်ုပ် ကြည့်ရှုခဲ့ကြောင်း သိရှိပါမည်လား။
- ကြည့်ရှုပြီးကြောင်းညွှန်ပြမှုများကို သင် ဖွင့်ထားပါက သိရှိပါမည်။
- သင့်ဖုန်းတွင် Signal ဆက်တင်
> စတိုရီသို့ သွားပါ > ကြည့်ရှုပြီးကြောင်းညွှန်ပြမှုများကို ဖွင့်ရန် သို့မဟုတ် ပိတ်ရန် ၎င်းကို နှိပ်ပါ။
- အခြားသူများက သင့်စတိုရီများအား ကြည့်ရှုထားသည်ကို ကြည့်ရန် ကြည့်ရှုပြီးကြောင်းညွှန်ပြမှုများကို ဖွင့်ထားရပါမည်။
ကျွန်ုပ်၏ စတိုရီအား တစ်စုံတစ်ယောက်က အကြောင်းပြန်နိုင်ခြင်းရှိ၊ မရှိကို မည်သို့စီမံရပါသနည်း။
- သင့်ဖုန်းတွင် Signal ဆက်တင်
> စတိုရီ > ကျွန်ုပ်၏ စတိုရီသို့ သွားပါ > ပြန်စာများနှင့် တုံ့ပြန်မှုများကို ဖွင့်ရန် သို့မဟုတ် ပိတ်ရန် ၎င်းတို့ကို နှိပ်ပါ။
စတိုရီများအတွက် ပြန်စာများကို မည်သို့ကြည့်ရှုရပါသနည်း။
ကျွန်ုပ်၏ စတိုရီ သို့မဟုတ် စိတ်ကြိုက် စတိုရီ |
|
အဖွဲ့ စတိုရီ |
|
တစ်စုံတစ်ယောက်၏ စတိုရီကို မတွေ့ချင်ပါက မည်သို့ဝှက်ရပါသနည်း။
- သင့် Signal အဆက်အသွယ်ထဲရှိ လူများထံမှ စတိုရီများကိုသာ သင်လက်ခံရရှိပါမည်။
- စတိုရီ တက်ဘ်
ကို ရွေးပါ > အဆက်အသွယ် သို့မဟုတ် အဖွဲ့ အမည်ကို ဖိ၍ နှိပ်ထားပါ > စတိုရီ ဝှက်ရန်ကို ရွေးပါ။
တစ်စုံတစ်ယောက်၏ စတိုရီကို ပြန်တွေ့ချင်ပါက ဝှက်ထားသည်မှ မည်သို့ပြန်ဖျက်ရပါသနည်း။
- စတိုရီ တက်ဘ်
ကို ရွေးပါ > စတိုရီ၏ အောက်ခြေသို့ ဆွဲပါ > အဆက်အသွယ် သို့မဟုတ် အဖွဲ့ အမည်ကို ဖိ၍ နှိပ်ထားပါ > စတိုရီ ဝှက်ရန်ကို ရွေးပါ။
စတိုရီများကို မည်သို့ပိတ်ရပါသနည်း။
လူတိုင်းသည် Signal တွင် စတိုရီများကို တွေ့ချင်မည် သို့မဟုတ် ဝေမျှချင်မည် မဟုတ်သည်ကို ကျွန်ုပ်တို့ သိရှိပါသည်။ အဆင်ပြေပါသည်။ ၎င်းတို့ကို အလုံးစုံ ဖယ်ထုတ်ရန် လွယ်ကူပါသည်။
- သင်သည် စတိုရီများကို လုံးဝ မကြည့်လိုပါက Signal ဆက်တင်
> (မိုဘိုင်းတွင်) စတိုရီ သို့မဟုတ် (Desktop တွင်) ကိုယ်ပိုင်အချက်အလက်သို့ သွားပါ > စတိုရီကို ပိတ်ပါ။
- သင် ပိတ်လိုက်သည်ကို မည်သူမျှ သိမည် မဟုတ်ပါ။
- သင်ရှိနေသော အဖွဲ့များအတွက် အဖွဲ့ စတိုရီများကို တွေ့ရမည် မဟုတ်ပါ။
စတိုရီများကို မည်သို့ပြန်ဖွင့်ရပါသနည်း။
- Signal ဆက်တင်
> (မိုဘိုင်းတွင်) စတိုရီ သို့မဟုတ် (Desktop တွင်) ကိုယ်ပိုင်အချက်အလက်သို့ သွားပါ > စတိုရီကို ဖွင့်ပါ။
- စတိုရီကို ဖွင့်လိုက်ပြီးနောက် ပို့ထားသော စတိုရီများကိုသာ သင်တွေ့ရပါမည်။
အကူအညီလိုအပ်ပါက မည်သို့လုပ်ရပါမည်နည်း။
သင့်ဖုန်းရှိ Signal တွင် သင့်ပရိုဖိုင် > အကူအညီ > ကျွန်ုပ်တို့ထံ ဆက်သွယ်ရန်ကို နှိပ်ပါ > ကျွန်ုပ်တို့အား အသေးစိတ် ပြောပြပါ၊ ပြီးနောက် အီးမေးလ်တစ်စောင် ပေးပို့ပါ။