မက်ဆေ့ချ် အစီအစဉ်ဖြင့် မက်ဆေ့ချ်တစ်စောင် ကြိုတင်ရေးသားပြီး ပေးပို့မည့်အချိန်ကို ရွေးချယ်နိုင်ပါသည်။စီစဉ်ထားသော မက်ဆေ့ချ်များသည် သင့်ကိုယ်ပိုင်စက်တွင် တန်းစီနေပါမည်၊ မပို့ရသေးမီကာလတွင် ပယ်ဖျက်နိုင်ပါသည် သို့မဟုတ် ပြန်စီစဉ်နိုင်ပါသည်။
မက်ဆေ့ချ်တစ်စောင် စီစဉ်ရန်-
- မက်ဆေ့ချ် ရိုက်ပါ။
- ပေးပို့ရန် အိုင်ကွန်ကို ကြာကြာနှိပ်ထားပါ (နှိပ်၍ ဖိထားပါ)၊ ထို့နောက် ပို့မည့်အချိန်ကို ရွေးပါ။
- အချိန်ရွေးပြီး ပေးပို့မှုကို စီစဉ်ရန်အား နှိပ်ပါ။
ပုံ သို့မဟုတ် ဗီဒီယိုအား စီစဉ်ရန်-
- + အိုင်ကွန်ကို နှိပ်ပြီး ပြခန်းကို ရွေးပါ။
- ပုံ သို့မဟုတ် ဗီဒီယို တစ်ဖိုင်ကို ရွေးပါ။
- ပေးပို့ရန် အိုင်ကွန်ကို ကြာကြာနှိပ်ထားပါ (နှိပ်၍ ဖိထားပါ)၊ ထို့နောက် ပို့မည့်အချိန်ကို ရွေးပါ။
- အချိန်ရွေးပြီး ပေးပို့မှုကို စီစဉ်ရန်အား နှိပ်ပါ။
မက်ဆေ့ချ် ပြန်လည်စီစဉ်ရန်-
- စီစဉ်ထားသည့် မက်ဆေ့ချ် အရေအတွက်ကို ပြသပေးသည့် စာသားနေရာအထက်ရှိ Popup တွင် အားလုံးကြည့်ရန်ကို နှိပ်ပါ။
- ပြန်လည်စီစဉ်လိုသည့် မက်ဆေ့ချ်ကို ရှာပြီး ပြက္ခဒိန်အိုင်ကွန်ကို နှိပ်ပါ။
- ပြန်လည်စီစဉ်ရန်ကို နှိပ်ပြီး စီစဉ်ထားသော မက်ဆေ့ချ်အတွက် အချိန်သစ်ကို ရွေးပေးပါ။
- အိုကေကို ရွေးပါ။
ပြဿနာဖြေရှင်းခြင်း အဆင့်များ-
မက်ဆေ့ချ် စီစဉ်ထားပါက သင့်စက်ကို ဖွင့်ထားပြီး စီစဉ်ထားသည့်အချိန်တွင် ကွန်ရက်ချိတ်ဆက်မှု ရှိအောင် သေချာလုပ်ဆောင်ပါ။ မဟုတ်ပါက မက်ဆေ့ချ်သည် သင့်စက် ပြန်ချိတ်ဆက်သည့်အခါမှသာ ပို့ပါလိမ့်မည်။ ပြီးခဲ့ပြီးသော အချိန်ကာလကို ရွေး၍ မရနိုင်ကြောင်း သတိပြုပါ။
စီစဉ်ထားသော မက်ဆေ့ချ်ကို မပေးပို့ပါက သို့မဟုတ် ဤအင်္ဂါရပ်ကို သင့်အတွက် မရနိုင်ပါက-
- Android ဆက်တင် > Signal တွင် "Allow settings alarms and reminders" ကို ဖွင့်ထားကြောင်း သေချာပါစေ။
- သင့်စက်သည် မှန်ကန်သည့် အချိန်ဇုန် အပါအဝင် စနစ်၏ "Automatic Date and Time" ကို သုံးနေကြောင်း အတည်ပြုပါ။
- သင်သည် အက်ပ်၏ နောက်ဆုံးဗားရှင်းကို သုံးထားကြောင်း သေချာအောင် စစ်ဆေးပါ။ signal.org/download သို့ သွား၍ အမြဲ အပ်ဒိတ်လုပ်နိုင်ပါသည်။