မည်သည့်မက်ဆေ့ချ်များကို ကျွန်ုပ် တည်းဖြတ်နိုင်သနည်း။
- သင် မူလက ပေးပို့ခဲ့သည့် မက်ဆေ့ချ်မှန်သမျှကို ပေးပို့ပြီး 24 နာရီအတွင်း 10 ကြိမ်အထိ တည်းဖြတ်နိုင်ပါသည်။
- ဤစည်းမျဉ်းတွင် ခြွင်းချက်တစ်ခု ရှိပါသည်- မိမိမှတ်စု မက်ဆေ့ချ်များကို သင် အချိန်မရွေး တည်းဖြတ်နိုင်ပြီး အကြိမ်ရေမှာမူ 10 ကြိမ် ကန့်သတ်ထားပါသည်။
မက်ဆေ့ချ်တစ်စောင်ကို တည်းဖြတ်ရန်-
- အမြန်လုပ်ဆောင်မှုများကို အသုံးပြုပါ။
- မိုဘိုင်းတွင် မက်ဆေ့ချ်ပူဖောင်းကို နှစ်ချက်နှိပ်ပါ။
- သင့် Desktop တွင် အပေါ်မြား ↑ ကိုနှိပ်ကာ ကီးဘုတ်ရှော့တ်ကတ်များသုံးပြီး ယခင်မက်ဆေ့ချ်ကို တည်းဖြတ်ပါ။
- နောက်တစ်နည်းအနေဖြင့် မက်ဆေ့ချ်နှင့် ပတ်သက်သော ရွေးချယ်စရာများကို ကြည့်ရှုပြီး တည်းဖြတ်ရန် ကိုရွေးပါ။
- မိုဘိုင်းတွင် မက်ဆေ့ချ်ပူဖောင်းကို ဖိထားပါ။
- Desktop ပေါ်တွင် မက်ဆေ့ချ်တစ်စောင်ပေါ်၌ ညွှန်မြားတင်လိုက်သောအခါ ထိုမက်ဆေ့ချ်ဘေးတွင် ပေါ်လာသည့် အစက်သုံးစက်ကို နှိပ်ပါ။
- မက်ဆေ့ချ်ကို တည်းဖြတ်ပြီး ပေးပို့ပါ။
- မက်ဆေ့ချ်ကို တည်းဖြတ်ပြီးဟု မှတ်သားလိုက်ပါမည်။ မက်ဆေ့ချ်တစ်စောင်ကို သင် တည်းဖြတ်ပြီးသောအခါ တည်းဖြတ်မှုကို ပေးပို့ပြီး၊ ဖတ်ရှုပြီးခြင်း ရှိ၊ မရှိ မြင်တွေ့နိုင်ပါသည်။
တည်းဖြတ်မှု မှတ်တမ်းကို မည်သို့ကြည့်ရှုရမည်နည်း။
မက်ဆေ့ချ်ပူဖောင်းထဲမှ အချိန်တံဆိပ်ဘေးတွင်ရှိသော "တည်းဖြတ်ပြီး" ကို နှိပ်ပါ။ နောက်ထပ်တစ်နည်းအားဖြင့် မက်ဆေ့ချ်အသေးစိတ်သို့ သွားပါ။