Signal မက်ဆေ့ချ်အားလုံးကဲ့သို့ပင် အဖွဲ့လိုက် အသံ သို့မဟုတ် အဖွဲ့လိုက် ဗီဒီယို ခေါ်ဆိုမှုများသည်လည်း သီးသန့်ဖြစ်ပါသည်။ Signal ခေါ်ဆိုမှုကို ပထမဆုံးအကြိမ် ပြုလုပ်သည့်အခါ သို့မဟုတ် လက်ခံသည့်အခါ ကင်မရာနှင့် မိုက်ခရိုဖုန်း ခွင့်ပြုချက်များကို ခွင့်ပြုရန် သင့်အား ညွှန်ကြားပါမည်။
Signal ဖြင့်ဖုန်းခေါ်ဆိုရန်လင့် အင်္ဂါရပ်များ
- အခြားသူများ ပါဝင်နိုင်ရန် Signal ဖြင့်ဖုန်းခေါ်ဆိုရန်လင့်တစ်ခုကို ဖန်တီးပါ။
- Signal ဖြင့်ဖုန်းခေါ်ဆိုရန်လင့် ဖန်တီးသူသည် ခေါ်ဆိုမှုတွင်ပါဝင်နိုင်သူအတွက် အတည်ပြုချက်ဆက်တင်များကို ရွေးချယ်နိုင်သည်။
- လင့်ခ်တစ်ခုတည်းကို အသုံးပြု၍ ခေါ်ဆိုမှုများစွာ ပြုလုပ်နိုင်သည်။
- လင့်ခ်တစ်ခုကို ဖန်တီးသူသည် ၎င်းကို အချိန်မရွေး ဖျက်နိုင်သည်။
- ရက် 90 ကြာ အသုံးမပြုပါက လင့်ခ်များ သက်တမ်းကုန်ပါသည်။
- အက်ဒ်မင် / ခေါ်ဆိုမှုပြုလုပ်သူသည် အတည်ပြုချက်ဆက်တင်ကို ရွေးချယ်နိုင်သည်
ကောလ်လင့်ခ်တစ်ခု ဖန်တီးရန်
- မျက်နှာပြင် အောက်ခြေရှိ ကောလ်တက်ဘ်သို့ သွားပါ။
-
Signal ဖြင့်ဖုန်းခေါ်ဆိုရန်လင့် ဖန်တီးရန်ကို ရွေးချယ်ပါ။
- ဆန္ဒရှိပါက- Signal ဖြင့်ဖုန်းခေါ်ဆိုရန်လင့်ကို အမည်ပေးပါ။
- ဆန္ဒရှိပါက- အက်ဒ်မင် ခွင့်ပြုချက်လိုအပ်ရန် ကိုရွေးချယ်ပါ။
- Signal ဖြင့်ဖုန်းခေါ်ဆိုရန်လင့်ကို မျှဝေပါ။
- လင့်ခ် ကူးရန်။
- လက်ရှိချက်(တ်)သို့ Signal မှတစ်ဆင့် လင့်ခ်ဝေမျှရန်
- ပြီးပြီကို ရွေးပါ။
Signal ဖြင့်ဖုန်းခေါ်ဆိုရန်လင့် ဖန်တီးသူ ခွင့်ပြုချက်များ
- "အက်ဒ်မင်၏ ခွင့်ပြုချက်လိုအပ်သည်" ကိုရွေးချယ်ပါက
- ပထမဆုံးကောလ်တွင် ပါဝင်သူတိုင်းသည် "ခွင့်ပြုချက်" ရယူရမည်။ စောင့်ဆိုင်းနေစဉ်တွင် ၎င်းတို့သည် အခြားသူ၏အသံ သို့မဟုတ် ဗီဒီယိုကို လက်ခံရရှိမည်မဟုတ်သကဲ့သို့ ၎င်းတို့၏ အသံနှင့် ဗီဒီယိုကိုလည်း အခြားသူများ မြင်တွေ့နိုင်မည်မဟုတ်ပေ။
- ဖုန်းခေါ်သူသည် ခေါ်ဆိုမှုတွင်ပါဝင်ရန် တစ်စုံတစ်ဦး၏ တောင်းဆိုမှုကို နှစ်ကြိမ်တိုင်တိုင် “ငြင်းဆို” ပါက၊ ၎င်းတို့ကို ကျန်ရှိသောခေါ်ဆိုမှုတွင် “ဘလော့ခ်ထားပြီး” ဖြစ်သည်။
- ကောလ်တွင်ပါဝင်ရန် ယခင်က အတည်ဖြစ်ဖူးသူ သို့မဟုတ် တူညီသော Signal ဖြင့်ဖုန်းခေါ်ဆိုရန်လင့်ရှိ ယခင်ကောလ်တွင် ပါဝင်ရန် တောင်းဆိုထားသူသည် နောက်တစ်ကြိမ်တွင် ၎င်းတို့ကို ခေါ်ဆိုမှုမှ "ဖယ်ရှားခြင်း" မခံရပါက အလိုအလျောက် အတည်ပြုပေးမည်ဖြစ်ပါသည်။
- "အက်ဒ်မင်၏ ခွင့်ပြုချက်လိုအပ်သည်" ကိုမရွေးချယ်ပါက
- မည်သူမဆိုကောလ်တွင် ပါဝင်နိုင်ပါသည်။ ကောလ်အတွင်း ဖယ်ရှားခြင်း သို့မဟုတ် ဘလော့ခ်ခြင်း ခံထားရသူ မည်သူမဆို ထိုကောလ်သို့ ပြန်လည်ပါဝင်နိုင်မည်မဟုတ်ပေ။
Signal ဖြင့်ဖုန်းခေါ်ဆိုရန်လင့်ကို တည်းဖြတ်ရန်
- လင့်ခ်ကို ဖန်တီးသူသာလျှင် ၎င်းကို တည်းဖြတ်နိုင်သည်။
- မျက်နှာပြင် အောက်ခြေရှိ ကောလ်တက်ဘ်သို့ သွားပါ။
- "Signal ကောလ်" သို့မဟုတ် ရှိပြီးသားကောလ်အမည်ကို နှိပ်ပါ သို့မဟုတ် ရွေးပါ။
- ကောလ်အမည်ကို ပြောင်းရန်
- ကောလ်အမည် ပေါင်းထည့်ရန် သို့မဟုတ် တည်းဖြတ်ရန် ကို နှိပ်ပါ သို့မဟုတ် ရွေးပါ။
- စာသားကို တည်းဖြတ်ပါ။
- သိမ်းမည် ကို ရွေးပါ။
- အတည်ပြုချက်ကို ပြောင်းရန်
- မန်ဘာအားလုံးကို အတည်ပြုရန် ကို နှိပ်ပါ သို့မဟုတ် ရွေးပါ။
- ဆက်တင်ကို ဖွင့်/ပိတ် သို့ပြောင်းပါ။ ၎င်းသည် အလိုအလျောက် အကျုံးဝင်သည်။
Signal ဖြင့်ဖုန်းခေါ်ဆိုရန်လင့်တွင် ပါဝင်ရန်
-
Signal ၏ နောက်ဆုံးဗားရှင်းသို့ အပ်ဒိတ်လုပ်ပြီး မက်ဆေ့ချ်များ ပို့နိုင်၊ လက်ခံနိုင်ကြောင်း သေချာစေပါ (မိမိမှတ်စုတွင်)။
- Android 7.21.5 နှင့် အထက်
- iOS 7.34.0 နှင့် အထက်
- Desktop 7.30.0 နှင့် အထက်
- Signal ဖြင့်ဖုန်းခေါ်ဆိုရန်လင့်ကို နှိပ်ပါ။
- ဘရောက်ဇာတစ်ခုတွင် Signal ဖြင့်ဖုန်းခေါ်ဆိုရန်လင့်ကို ဖွင့်ခြင်းသည် သင်မည်သည့်ကောလ်တွင် ပါဝင်ရန် ကြိုးစားနေသည်ကို Signal အဖွဲ့အစည်းအား မပြောပြပါ။
- ကောလ်ဖန်တီးသူက အက်ဒ်မင်၏ခွင့်ပြုချက်လိုအပ်ရန် ဟု ဆက်တင်တွင်ထားရှိပါက သင်ပါဝင်ရန် အတည်ပြုပြီးသည်အထိ စောင့်ရပါမည်။
- စောင့်ဆိုင်းနေစဉ်တွင် သင်သည် အခြားသူ၏အသံ သို့မဟုတ် ဗီဒီယိုကို လက်ခံရရှိမည်မဟုတ်သကဲ့သို့ ၎င်းတို့သည်လည်း သင်၏ အသံနှင့် ဗီဒီယိုကို မြင်တွေ့နိုင်မည်မဟုတ်ပေ။
Signal ဖြင့်ဖုန်းခေါ်ဆိုရန်လင့်တစ်ခုတွင် ပါဝင်သည့်အခါ မျှဝေသည့်အရာများ
- သင်၏ပရိုဖိုင်အမည်နှင့် ပရိုဖိုင်ဓာတ်ပုံကို သင့်နောက်မှ ပါဝင်လာသူများအပါအဝင် ကောလ်အတွင်းရှိလူတိုင်းနှင့် မျှဝေပါမည်။
- သင့်တွင် "ကျွန်ုပ်၏ဖုန်းနံပါတ်ကို မြင်နိုင်သူ" ကို "လူတိုင်း" ဟု သတ်မှတ်ထားပါက ၎င်းတို့သည် သင့်ဖုန်းနံပါတ်ကို သိမြင်နိုင်မည်ဖြစ်သည်။
ကောလ်တွင် ပါဝင်သူအား ဖယ်ရှားရန် သို့မဟုတ် ဘလော့ခ်ရန်
- လင့်ခ်ကိုဖန်တီးသူသာလျှင် ပါဝင်သူများကို ဖယ်ရှားနိုင် သို့မဟုတ် ဘလော့ခ်နိုင်သည်
- လင့်ဖန်တီးသူသည် ခေါ်ဆိုမှုတွင် ရှိရပါမည်။
- Signal ဖြင့်ဖုန်းခေါ်ဆိုရန်လင့်ကို ဖန်တီးသူသည် တစ်ဦးတစ်ယောက်ကို ဖယ်ရှားနိုင်ပြီး ထိုသူသည်ကောလ်သို့ပြန်လည်ဝင်ရောက်ခွင့်ရှိသည်။
- ကောလ်ထိန်းချုပ်မှုများကို ဖော်ပြရန် မျက်နှာပြင်ကို နှိပ်ပါ။
- ကောလ်ထိန်းချုပ်မှုများပေါ်တွင် အပေါ်သို့ ပွတ်ဆွဲပါ
- ကောလ်မှ ဖယ်ရှားလိုသော သူ၏ ဘေးရှိခလုတ်ကို - နှိပ်ပါ
- ဖယ်ရှားရန် ကို နှိပ်ပါ
- Signal ဖြင့်ဖုန်းခေါ်ဆိုရန်လင့်ကို ပြုလုပ်သူသည် တစ်ဦးတစ်ယောက်ကို ဖယ်ရှားနိုင်ပြီးခေါ်ဆိုမှုအတွင်း ထိုသူသည်ကောလ်သို့ပြန်လည် ဝင်ရောက်နိုင်မည်မဟုတ်ပါ။
- ကောလ်ထိန်းချုပ်မှုများကို ဖော်ပြရန် မျက်နှာပြင်ကို နှိပ်ပါ။
- ကောလ်ထိန်းချုပ်မှုများပေါ်တွင် အပေါ်သို့ ပွတ်ဆွဲပါ
- ကောလ်မှ ဘလော့ခ်လိုသောပုဂ္ဂိုလ်၏ ဘေးရှိ - ခလုတ်ကို နှိပ်ပါ
- ကောလ်မှ ဘလော့ခ်မည်ကို နှိပ်ပါ။
Signal ဖြင့်ဖုန်းခေါ်ဆိုရန်လင့်ကို ဖျက်ပါ။
- ကောလ် တက်ဘ် ကိုသွားပါ။
- Signal ကောလ်ကို ရွေးပါ။
- Signal ဖြင့်ဖုန်းခေါ်ဆိုရန်လင့်ကို ဖျက်မည်ကို ရွေးပါ။
- ဖျက်ရန် အတည်ပြုပါ။
- ဖျက်လိုက်သည်နှင့် ကောလ်တွင် မည်သူမျှပါဝင်နိုင်တော့မည် မဟုတ်ပါ။
- မှတ်ချက်- လက်ရှိခေါ်ဆိုမှုများ ဆက်လက်လုပ်ဆောင်နေမည်ဖြစ်သော်လည်း အခြားမည်သူမျှ မပါဝင်နိုင်ပါ။