ချက်(တ်)ဖိုင်တွဲနှင့်ဆိုလျှင် ချက်(တ်)စာရင်းရှိ ခလုတ်များကိုပြောင်းခြင်းဖြင့် ချက်(တ်)စာတွဲများကို ဖိုင်တွဲများအဖြစ် ခွဲခြားနိုင်သည်။ ဥပမာအားဖြင့် အလုပ်ဖိုင်တွဲ၊ သူငယ်ချင်းဖိုင်တွဲ သို့မဟုတ် မဖတ်ရသေးသောဖိုင်တွဲအဖြစ် ချက်(တ်)များကို အုပ်စုဖွဲ့ရာတွင် အသုံးဝင်နိုင်သည်။
ပုံသေ ဖိုင်တွဲ
ချက်(တ်)အားလုံးသည် အမြဲတမ်းတည်ရှိနေမည့် ပုံသေဖိုင်တွဲဖြစ်ပြီး ဖျက်ခြင်း သို့မဟုတ် အမည်ပြောင်းခြင်း မပြုလုပ်နိုင်ပါ။ ဤဖိုင်တွဲအတွင်းရှိ ချက်(တ်)များကို ပြောင်းလဲ၍မရပါ။
စိတ်ကြိုက်ဖိုင်တွဲများ
1:1 ချက်(တ်)များ သို့မဟုတ် အုပ်စုများ ပေါင်းစပ်ထားသော သင့်ကိုယ်ပိုင်ဖိုင်တွဲများကို ဖန်တီးနိုင်သည်။ စိတ်ကြိုက်ဖိုင်တွဲများကို တည်းဖြတ်ခြင်း၊ အသံပိတ်ခြင်း ဖတ်ပြီးကြောင်းမှတ်ခြင်း၊ ဖျက်ခြင်း၊ ပြန်စီခြင်းများ ပြုလုပ်နိုင်သည်။
- ချက်(တ်)စာရင်းသို့ သွားပါ။
- ချက်(တ်)တစ်ခုကို နှိပ်ပြီး ဖိထားပါ။
- ဖိုင်တွဲထဲထည့်သွင်းရန်ကို နှိပ်ပါ
- ဖိုင်တွဲအသစ်တစ်ခုဖန်တီးပြီး ၎င်းကို နာမည်ပေးပါ သို့မဟုတ် ရှိပြီးသားဖိုင်တွဲတစ်ခုကို ရွေးချယ်ပါ။
ဖိုင်တွဲတစ်ခုသို့ ချက်(တ်)ကို ထည့်သွင်းခြင်း သို့မဟုတ် ဖယ်ထုတ်ခြင်း
ဖိုင်တွဲတစ်ခုတွင် အမြဲရှိနေစေမည့် ချက်(တ်)များကို ထည့်သွင်းခြင်း သို့မဟုတ် ဖယ်ထုတ်ခြင်းပြုလုပ်နိုင်သည်။ ချက်(တ်)အမျိုးအစားတစ်ခုခုနှင့် ကိုက်ညီစေကာမူ ဖယ်ထုတ်ထားသော ချက်(တ်)များကို ဖိုင်တွဲတွင် ထည့်သွင်းမည်မဟုတ်ပါ။
- ချက်(တ်)စာရင်းသို့ သွားပါ။
- ဖိုင်တွဲတစ်ခုကို နှိပ်ပြီး ဖိထားပါ။
- ဖိုင်တွဲတည်းဖြတ်ရန်ကို နှိပ်ပါ
- ဖိုင်တွဲတစ်ခုတွင် ချက်(တ်)များကို ထည့်သွင်းခြင်း သို့မဟုတ် ဖယ်ထုတ်ခြင်းပြုလုပ်နိုင်သည်။
- ၎င်းတို့ကိုပါဝင်စေရန် ချက်(တ်)များထည့်သွင်းရန်ကို နှိပ်ပါ
- ၎င်းတို့ကို ဖယ်ထုတ်ရန် ချက်(တ်)များဖယ်ထုတ်ရန်ကို နှိပ်ပါ
ဖိုင်တွဲများကို ပြန်စီရန်
ပုံသေနှင့် သုံးစွဲသူဖန်တီးထားသော ဖိုင်တွဲများကို ပြန်လည်စီစဉ်နိုင်ပါသည်။
- ချက်(တ်)စာရင်းသို့ သွားပါ။
- ချက်(တ်)အားလုံးဖိုင်တွဲကို ဖိထားပါ။
- ဖိုင်တွဲဆက်တင်ကို နှိပ်ပါ
- ဖိုင်တွဲများကို ပြန်စီရန် ဖိဆွဲသည့်ခလုတ်ကို အသုံးပြုပါ။
အကြံပြုထားသောဖိုင်တွဲများ
သတ်မှတ်ချက်များနှင့်ကိုက်ညီသော ချက်(တ်)များသည် အကြံပြုထားသောဖိုင်တွဲများအဖြစ် ပြောင်းလဲသွားပါမည်။ ဤဖိုင်တွဲများသည် 'အကြံပြုထားသော ဖိုင်တွဲများ' အောက်တွင် ဦးစွာရှိနေပါမည်။ အကြံပြုထားသောဖိုင်တွဲကို ထည့်ပြီးနောက် ၎င်းကို ပုံမှန်ဖိုင်တွဲအဖြစ် သတ်မှတ်ပါမည်။ ဖျက်လိုက်လျှင် အကြံပြုထားသောဖိုင်တွဲသည် အကြံပြုချက်အဖြစ် ပြန်ပေါ်လာပါမည်။ အလားတူပင် ယင်းဖိုင်တွဲသည်သိသိသာသာ ပြောင်းလဲသွားပါက အကြံပြုချက် ပြန်ပေါ်လာပါမည်။