မဖတ်ရသေးသော မက်ဆေ့ချ်များကို စစ်ထုတ်ခြင်းဖြင့် သင်၏ချက်(တ်)စာရင်းတွင် သင် မဖွင့်ဖတ်ရသေးသော သို့မဟုတ် မဖတ်ရသေးကြောင်း အမှတ်အသားပြုထားသော မက်ဆေ့ချ်များကိုပြရန် လျင်မြန်စွာ စစ်ထုတ်နိုင်ပါသည်။ သင်၏ အသိပေးချက်များကို အမြန်ရှင်းပြီး သင့်ကို စောင့်နေသည့် မိတ်ဆွေများထံ တုံ့ပြန်ရန်အတွက် အသုံးဝင်ပါသည်။
Android သို့မဟုတ် iOS တွင်
- စစ်ထုတ်မှုကိုဖွင့်ရန် ချက်(တ်)စာရင်းတွင် အောက်ထိဆွဲချပါ။ စစ်ထုတ်ရန်ကို ဖွင့်ထားသောအခါ "မဖတ်ရသေးသည်များကို စစ်ထုတ်ထားသည်" ကို မျက်နှာပြင်၏ထိပ်တွင် ပြလိမ့်မည်။
- စစ်ထုတ်မှုကို ဖယ်ရှားရန် ချက်(တ်)စာရင်းကို အောက်ထိထပ်မံဆွဲချပါ သို့မဟုတ် "စစ်ထုတ်မှုဖယ်ရှားရန်" ခလုတ်ကို နှိပ်ပါ။
Desktop ပေါ်တွင်-
- ရှာဖွေရေးဘားဘေးရှိ မဖတ်ရသေးသည်များကို စစ်ထုတ်ရန် ခလုတ်ကို နှိပ်ပါ။ စစ်ထုတ်ရန်ကို ဖွင့်ထားသောအခါ "မဖတ်ရသေးသည်များကို စစ်ထုတ်ထားသည်" ကို မျက်နှာပြင်၏ထိပ်တွင် ပြလိမ့်မည်။
- စစ်ထုတ်မှုကို ဖယ်ရှားရန်အတွက် ခလုတ်ကို ထပ်မံနှိပ်ပါ သို့မဟုတ် "စစ်ထုတ်မှု ဖယ်ရှားမည်" ခလုတ်ကို နှိပ်ပါ။